သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်မှာ ISIS ထောက်ခံသူက လူ ၆ ယောက်ကို ဓားနဲ့တိုက်ခိုက်


ဓါးဖြင့်တိုက်ခံခဲ့ရသည့် နရောတွင် တွေ့ရသည့် ရဲတဦး (ဓာတ်ပုံ - AP)
ဓါးဖြင့်တိုက်ခံခဲ့ရသည့် နရောတွင် တွေ့ရသည့် ရဲတဦး (ဓာတ်ပုံ - AP)

(Zawgyi/Unicode)

နယူးဇီလန်နိုင်ငံမှာ ISIS စစ်သွေးကြွတွေကို အားကျ ထောက်ခံသူတယောက်က Supermarket ကုန်တိုက်ကြီးထဲမှာ ဈေးဝယ်နေတဲ့ လူ ၆ ယောက်ကို ဒီနေ့ ဓားနဲ့ထိုး တိုက်ခိုက်ခဲ့ပါတယ်။

ဓားကိုင်တိုက်ခိုက်သူကို ရဲက ချက်ချင်းပဲ ပစ်သတ်ခဲ့တဲ့အကြောင်း နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က ပြောပါတယ်။
ဓားနဲ့ တိုက်ခိုက်သူဟာ ၂၀၁၁ ခုနှစ်က သီရိလကာၤနိုင်ငံကနေ နယူးဇီလန်ကို ရောက်လာသူဖြစ်ပြီး အကြမ်းဖက်သမားဖြစ်နိုင်ခြေ သံသယနဲ့ စောင့်ကြည့်ခံနေရသူ ဖြစ်ပါတယ်။

Auckland မြို့ပြင် ကုန်တိုက်ကြီးတခုထဲက အရောင်းဆိုင်မှာ ပြထားတဲ့ဓားကိုယူပြီး ဈေးဝယ်တွေကို တိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရတဲ့သူ ၆ ယောက်ထဲက ၃ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားပြီး စက္ကန့် ၆၀ အတွင်းမှာပဲ ရဲက သူ့ကို ပစ်လိုက်တာပါ။

ဒီနေ့ ဖြစ်ရပ်ဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့၊ မုန်းဖို့ ကောင်းတဲ့၊ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် Ardern က ပြောပါတယ်။ ဒီ လုပ်ရပ်ဟာ ဘယ် ဘာသာရေးအဖွဲ့အစည်း၊ ဘယ်လူ့အသိုက်အဝန်းကိုမှ ကိုယ်စားပြုတဲ့ လုပ်ရပ်မဟုတ်ပါဘူးလို့လည်း ပြောဆိုသွားပါတယ်။

..........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG