သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသခံတွေ ဘေးလွတ်ရာ ထွက်ခွင့်မရအောင် တားဆီးခံနေရကြောင်း အစ္စရေးလ်စွပ်စွဲ


ဂါဇာဒေသဖက်က ဗုံးဒဏ်သင့်အဆောက်အအုံများ၊ အောက်တိုဘာ ၁၅၊ ၂၀၂၃
ဂါဇာဒေသဖက်က ဗုံးဒဏ်သင့်အဆောက်အအုံများ၊ အောက်တိုဘာ ၁၅၊ ၂၀၂၃

ဂါဇာဒေသကို အစ္စရေးလ် တပ်ဖွဲ့တွေက မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဘေးလွတ်ရာ တိမ်းရှောင်မယ့် ဒေသခံအရပ်သားတွေကို ဟာမတ်စ် အဖွဲ့က တားဆီးနေတယ်လို့ အစ္စရေးလ်ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရက ပြောလိုက်ပါတယ်။ ဂါဇာမြောက်ပိုင်းက ဒေသခံတွေ တောင်ဖက်ကို တိမ်းရှောင်စေချင်ပေမဲ့ ဟာမတ်စ် အဖွဲ့က လမ်းတွေပေါ်မှာ အတားအဆီးတွေနဲ့ ပိတ်ဆို့ထားကြောင်း ဗွီဒီယိုမှတ်တမ်းတခုကို နမူနာပြသပြီး ဒုဗိုလ်မှူးကြီး Jonathan Conricus က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ ဂါဇာဒေသက သတင်းတွေကို သတိထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ပေါက်ကွဲမှုတခုကြောင့် တောင်ပိုင်းဒေသကို ဦးတည်သွားနေတဲ့ ကားတွေ ထိမှန်ခဲ့တယ်ဆိုတဲ့ ဗွီဒီယိုမှတ်တမ်းတခုကို ပြသခဲ့ပြီး ဒီဒေသမှာအစ္စရေးလ်က စစ်ဆင်နေတာ မရှိကြောင်းလည်း ပြောခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အထောက်အထားအဖြစ်တင်ပြတဲ့ ဗွီဒီယိုမှတ်တမ်းတွေကိုတော့ ဗွီအိုအေကသီးခြားအတည်ပြုလို့ မရပါဘူး။

ဂါဇာမြောက်ပိုင်းက ဟာမတ်စ် တွေအပေါ် စစ်ဆင်ရေးနောက်ထပ် တဆင့်တက်ဖို့ ရှိနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်ဖို့ သတိပေးထားပေမဲ့ အိမ်တွေမှာပဲ ဆက်နေကြဖို့ ဟာမတ်စ် တွေက တိုက်တွန်းထားတယ်လို့လည်း အစ္စရေးလ်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG