သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်တောင်ပိုင်း အစ္စရေးလေကြောင်းတိုက်ခိုက်


လက်ဘနွန်မြို့ရွာတွေအပေါ် အစ္စရေးလေကြောင်းတိုက်ခိုက်နေ (နိုဝင်ဘာ ၆၊ ၂၀၂၄)
လက်ဘနွန်မြို့ရွာတွေအပေါ် အစ္စရေးလေကြောင်းတိုက်ခိုက်နေ (နိုဝင်ဘာ ၆၊ ၂၀၂၄)

လက်ဘနွန်တောင်ပိုင်း မြို့ရွာတွေနဲ့ ဘက်ကာ တောင်ကြားကို ဗုဒ္ဓဟူးနေ့မှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်တဲ့ အတွက် ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

ငြိမ်းချမ်းရေးအတွက် အစ္စရေးဘက်က တောင်းပန်လာတဲ့ အချိန်အထိ တိုက်ခိုက်မှာ ဖြစ်ကြောင်း ဟက်ဇ်ဘိုလာ ခေါင်းဆောင်သစ် Naim Kassem ပြောနေချိန်မှာပဲ အခုလို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။ လျှို့ဝှက် နေရာကနေ ကြိုတင်အသံသွင်းထားတဲ့ Kaseem ရဲ့ မိန့်ခွန်းထဲမှာ ရန်သူအစ္စရေးဘက်က သူတို့ရဲ့ ရန်လိုမှုတွေ ရပ်မယ်လို့ ဆုံးဖြတ်ချိန်မှာ ညှိနှိုင်းရေး လမ်းကြောင်းကို သွားမှာ ဖြစ်ပြီး လက်ဘနွန်အစိုးရနဲ့ လက်ဘနွန် လွှတ်တော် ဥက္ကဋ္ဌတို့ကနေ တဆင့် ညှိနှိုင်းမှုတွေ လုပ်မှာ ဖြစ်ကြောင်း ပြောထားတာပါ။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၈ ယောက် သေဆုံးရပြီး ၅၄ ယောက် ဒဏ်ရာရခဲ့ကြောင်း ဘက်ကာ ဒေသ အုပ်ချုပ်ရေးမှုးက လူမှုမီဒီယာ X မှာ ရေးပါတယ်။ ဒါ့အပြင် နေရာအတော်များများမှာ အပျက်အစီးပုံတွေ ဖယ်ရှားရေးကိုလည်း လုပ်ဆောင်နေရကြောင်း ပြောပါတယ်။ ဟက်ဇ်ဘိုလာတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ ဘေရွတ်တောင်ပိုင်းက ဆင်ခြေဖုံးအရပ်တွေမှာလည်း အစ္စရေးက ဒေသခံတွေ ဘေးလွတ်ရာ ရှောင်ဖို့ စစ်မိန့်ထုတ်ပြန်ခဲ့တဲ့ နောက် ဗုဒ္ဓဟူးနေ့က ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအရပ်မှာတော့ ထိခိုက် သေဆုံးသူ ရှိမရှိ မသိရသေးပါဘူး။ အစ္စရေးနဲ့ ဟက်ဇ်ဘိုလာတို့ကြား တိုက်ပွဲတွေ ဖြစ်ပွါးတာ ၁၃ လကြာလာချိန်အတွင်း တနင်္လာနေ့ အထိဆို လက်ဘနွန်မှာ သေဆုံးရသူ ၃၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG