သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် တာဝန်အနားမယူခင် ဂါဇာစစ်ရပ်စဲရေးဖြစ်လာနိုင်ခြေရှိ


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဇန် ၁၀၊ ၂၀၂၅ ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဇန် ၁၀၊ ၂၀၂၅ ။

ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓါးစားခံတွေလွတ်မြောက်ရေးအပါအဝင် အစ္စရေးနဲ့ ဂါဇာအကြား အပစ်ရပ်သဘောတူညီချက်တရပ် ရက်ပိုင်းအတွင်း ထွက်လာနိုင်ခြေရှိတဲ့ လက္ခဏာတွေ မြင်နေရပါတယ်။

အစ္စရေး ထိပ်တန်းအဆင့် လုံခြုံရေးကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ကာတာ၊အီဂျစ်၊ အမေရိကန် တာဝန်ရှိသူတွေနဲ့ စကားပြောဖို့ ကာတာနိုင်ငံကို ရောက်ရှိနေပြီလို့ အစ္စရေးဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူက ပြောပါတယ်။ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့ အမေရိကန်သမ္မတ Joe Biden တာဝန်က အနားယူပြီး၊ ရွေးကောက်ခံသမ္မတ Donald Trump သမ္မတ ကျမ်းသစ္စာဆို တာဝန်ယူမယ့်ရက်မတိုင်ခင်မှာပဲ၊ သဘောတူညီချက်တရပ်ရလာဖို့ ကြိုးစားနေကြတာပါ။

၁၅လကျော်ကြာ စစ်ပွဲကို ရပ်ပြီး ကျန်နေတဲ့ ဓါးစာခံ ၉၈ ဦး လွတ်မြောက်လာရေးအတွက် သဘောတူညီချက်တရပ်ရဖို့ အလွန့် အလွန်ကို နီးစပ်လာပြီလို့ သမ္မတဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က CNN ရုပ်သံကို ပြောပါတယ်။ အစိုးရတာဝန်ယူနေတုန်းမှာ ဒီသဘောတူညီချက်မဖြစ်ဖြစ်အောင်ရရေး မနားမနေဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားတယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးညှိုနှိုင်းမှုတွေနဲ့ပတ်သက်လို့ အစ္စရေးဝန်ကြီးချုပ်‌နေတန်ညာဝူးနဲ့ သမ္မတ ဘိုင်ဒန်တို့ ဖုန်းနဲ့စကားပြောခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ အသေးစိတ်ကိုတော့ မပြောပါဘူး။ ဒိုဟာဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ သမ္မတကို နေ့စဉ်မပြတ် အစီရင်ခံနေတယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး Sullivan က ပြောပါတယ်။

အစ္စရေး နဲ့ ဟာမတ်တို့အကြား သွယ်ဝိုက်ညှိုနှိုင်းမှုတွေမှာ တိုးတက်မှုတချို့ရတယ်လို့လည်း ပြောပါတယ်။ သမ္မတ ဘိုင်ဒန် တာဝန်ကအနားမယူခင်မှာ သဘောတူညီချက်ရဖို့ အလားအလာတော့ရှိတယ်၊ အသေအချာတပ်အပ်တော့ မပြောနိုင်ဘူးလို့ Sullivan က ပြောပါတယ်။

သမ္မတဘိုင်ဒန် တာဝန်အနားမယူခင် ဂါဇာစစ်ရပ်စဲရေးဖြစ်လာနိုင်ခြေရှိ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG