သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲမယ့်အကြောင်း ဟတ်ဇ်ဘူလာအဖွဲ့ကြေညာ


ဟက်ဇ်ဘူလာ စစ်သွေးကြွအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် Naim Qassem
ဟက်ဇ်ဘူလာ စစ်သွေးကြွအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် Naim Qassem

လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘူလာ စစ်သွေးကြွအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်က အစ္စရေးကို ဆက်လက် တိုက်ခိုက်သွားဖို့ အသင့်ရှိနေပြီး၊ ရေရှည်စစ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်ထားကြောင်း ပြောလိုက်ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘူလာအဖွဲ့ကို အချိန်အတော်ကြာ ဦးဆောင်ခဲ့တဲ့ Hassan Nasrallah သေဆုံးခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် Naim Qassem က ရုပ်မြင်သံကြားမှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ ဟက်ဇ်ဘူလာအဖွဲ့ခေါင်းဆောင်ကို အမြန်ဆုံး ရွေးချယ်မယ်လို့လည်း ပြောပါတယ်။

ဟာမတ်ဇ်နဲ့ အစ္စရေးကြား ၁ နှစ်နီးပါးကြာ နယ်စပ်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေရာက ပထမဆုံးအကြိမ်အဖြစ် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်က တိုက်ခန်းတွဲတခုကို အစ္စရေးက ဒီနေ့အစောပိုင်းမှာပဲ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦး PFLP စစ်သွေးကြွအဖွဲ့တဖွဲ့ကတော့ တိုက်ခိုက်မှုကြောင့် အဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တစုံတရာ မပြောပေမဲ့ ဟစ်ဇ်ဘိုလာတွေကို ပစ်မှတ်ထားပြီး လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့ကို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
သောကြာနေ့က ဘေရွတ်မြို့စွန်ကို ထိမှတ်ခဲ့တဲ့ တိုက်ခိုက်မှုမှာတော့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ဖြစ်တဲ့ Hassan Nasrallah (ဟက်ဆန် နာစရယ်လာ) သေဆုံးခဲ့ပါတယ်။

ဒါဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေးကြွတွေနဲ့ အစ္စအရေးတို့ကြား တိုက်ခိုက်မှုနဲ့ ဒေသတွင်း ပဋိက္ခတွေ ပိုမိုပျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေလည်း ကြီးထွားလာနေတာပါ။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က တနင်္ဂနွေနေ့နှောင်းပိုင်းမှာ လက်ဘနွန်ကို ရောက်နေပြီး၊ လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati (နာဂျစ် မီကာတီ) ကတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

အစ္စရေးနဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲမယ့်အကြောင်း ဟတ်ဇ်ဘူလာအဖွဲ့ကြေညာ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG