သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတပ်တွေ Hezbollah ကို မြေပြင်ထိုးစစ် စတင်


လက်ဘနွန်နဲ့ အစ္စရေးနယ်စပ်နားက ရိုက်ကူးထားတဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့်မီးလောင်ရာကထွက်ပေါ်လာတဲ့ Khiam ဒေသက မီးခိုးများ။ (စက်တင်ဘာ ၃၀၊ ၂၀၂၄/ရိုက်တာ)
လက်ဘနွန်နဲ့ အစ္စရေးနယ်စပ်နားက ရိုက်ကူးထားတဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့်မီးလောင်ရာကထွက်ပေါ်လာတဲ့ Khiam ဒေသက မီးခိုးများ။ (စက်တင်ဘာ ၃၀၊ ၂၀၂၄/ရိုက်တာ)

အစ္စရေးဟာ ဟက်ဇ်ဘိုလာတို့ကို မြေပြင်ထိုးစစ်အငယ်စားတွေနဲ့ စတင်တိုက်ခိုက်ပြီး တိုက်ပွဲနဲ့နီးစပ်တဲ့ မြောက်ပိုင်းနယ်‌မြေ ၃ ခုဆီ တပ်ဖွဲ့တွေ ပိုစေလွှတ်နိုင်ခြေရှိတယ်လို့ အစ္စရေးအရာရှိတွေက ပြောပါတယ်။ ဒီ ဝင်ရောက်စီးနင်းမှုနဲ့ပတ်သက်ပြီး အစ္စရေးဘက်က သူတို့ကို အကြောင်း ကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးပြောခွင့်ရ Matthew Miller က ဆိုပါတယ်။

နယ်စပ်အနီး ဟက်ဇ်ဘိုလာ အဆောက်အအုံတွေကို အဓိကထားတဲ့ ကန့်သတ်စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။ အစ္စရေးတပ်တွေနဲ့ ဟက်ဇ်ဘိုလာ စစ်သွေးကြွတို့ကြား လက်ဘနွန်မြေပေါ်မှာ ထိပ်တိုက်တိုးတဲ့တိုက်ပွဲသတင်းတွေတော့ မကြားရသေးပါဘူး။ သူတို့နှစ်ဖွဲ့ ရင်ဆိုင် တိုက်ခိုက်ခဲ့ကြတာဟာ ၂၀၁၆ ခုနှစ်မှာ တလကြာတိုက်ပွဲတုန်းက နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။

ကိုင်ရိုအခြေစိုက် အမည်မဖော်လိုသူ သံတမန်တဦးကတော့ အစ္စရေးတို့ရဲ့ မြေပြင်ထိုးစစ်တရပ်ဟာ လက်ဘနွန်မှာ ဖြစ်လာတော့မယ်လို့ အေပီသတင်းဌာနကို ပြောခဲ့ပါတယ်။ အစ္စရေးက ဒီအစီအစဥ်ကို အမေရိကန်အပါအဝင် အနောက်မဟာမိတ်တို့နဲ့ အတူလုပ်ဆောင်တာဖြစ်ပြီး အကန့်အသတ်တော့ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ အစ္စရေးက ဒီလို လက်ဘနွန်အပေါ် မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အပစ်အခတ် ရပ်စဲကြဖို့ ဆော်ဩထားပါတယ်။

အစ္စရေးတပ်တွေ Hezbollah ကို မြေပြင်ထိုးစစ် စတင်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG