သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yemen လေဆိပ် အစ္စရေးတိုက်ချိန် ကုလအကြီးအကဲရှိနေ


WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus

အစ္စရေးနိုင်ငံမှာ စီးပွားရေးအချက်အခြာကျတဲ့ Tel Aviv မြို့က လေယဉ်ကွင်းကို မစ်ဇိုင်းဒုံးနဲ့ ဒီနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yemen နိုင်ငံက ဟူသီသူပုန်တွေကပြောပါတယ်။ ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ Yemen နိုင်ငံက Sannaa နိုင်ငံတကာလေဆိပ်ကို အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်ခဲ့ပြီးနောက်မှာ လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က Sannaa လေဆိပ်ကနေ ကုလသမဂ္ဂလေယာဉ်နဲ့ ပြန်လည်ထွက်ခွာဖို့ပြင်နေချိန် ကြာသပတေးနေ့က Sannaa လေဆိပ်တိုက်ခိုက် ခံရတာလို့ Yemen လေကြောင်းပျံသန်းရေးတာဝန်ရှိသူတွေက ပြောပါတယ်။ Dr. Tedros ဦးဆောင်တဲ့ ကုလကိုယ်စားလှယ်အဖွဲ့ လေဆိပ်ရောက်နေချိန် လေဆိပ် တိုက်ခိုက်ခံရတယ်ဆိုတာကို ကုလသမဂ္ဂ ကလည်း အတည်ပြုပါတယ်။ အစ္စရေးဘက်က သိ မသိဆိုတော့ မရှင်းသေးပါဘူး။ အစ္စရေးနဲ့ Yemen က ဟူသီသူပုန်တွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ တိုးလာတဲ့အပေါ် ကုလသမဂ္ဂက အပြစ်တင်ခဲ့ပါတယ်။

ဒီနေ့ သောကြာနေ့မှာတော့ ဟူသီသူပုန်တွေက Ben Gurion လေဆိပ်အပါအဝင် အစ္စရေးရဲ့ Tel Avis မြို့ကို ပစ်ခတ်ခဲ့တဲ့အပြင် အာရေဗျပင်လယ်ထဲကသင်္ဘောတစင်းကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဟူသီသူပုန်တွေက ပြောပါတယ်။

Yemen လေဆိပ် အစ္စရေးတိုက်ချိန် ကုလအကြီးအကဲရှိနေ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG