သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအလယ်ပိုင်းဒေသကို ဟူသီသူပုန်ရဲ့ဒုံးကျည်ထိမှန်


ယီမန်နိုင်ငံကဟူသီသူပုန်တွေရဲ့ အစ္စရေးကို ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာအတွက် လက်တုံ့ပြန်မယ်လို့ ကြုံးဝါးတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
ယီမန်နိုင်ငံကဟူသီသူပုန်တွေရဲ့ အစ္စရေးကို ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာအတွက် လက်တုံ့ပြန်မယ်လို့ ကြုံးဝါးတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ယီမန်နိုင်ငံကဟူသီသူပုန်တွေဟာ တနင်္ဂနွေနေ့က အစ္စရေးကို ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာ အရှေ့အလယ်ပိုင်းဒေသတင်းမာမှု ထပ်ဖြစ်လာပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ ချက်ခြင်းပဲပြောဆိုကြုံးဝါးပါတယ်။

ဟူတီသူပုန်တွေပစ်လိုက်တဲ့ဒုံးကျည်ဟာ အစ္စရေးအလယ်ပိုင်းကကွင်းပြင်တခုကိုထိမှန်ပြီး ဒီပစ်ခတ်မှုကြောင့် Tel Aviv မြို့အနီးက Ben Gurion နိုင်ငံတကာလေဆိပ်မှာ အရေးပေါ်လေကြောင်းအချက်ပေးသံတွေ ဆူညံသွားပါတယ်။

လူတချို့ ဘေးကင်းရာကို ပြေးလွှားနေကြတဲ့ ဗွီဒီယိုမှတ်တမ်းတွေကို အစ္စရေးရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသပါတယ်။ ဒါပေမယ့် ကြီးကြီးမားမားပျက်စီးတာမျိုး၊ ထိခိုက်ဒဏ်ရာရတာမျိုး မကြားရသေးပါဘူး။ အဲဒီနောက်မကြာခင်မှာပဲ လေဆိပ်လုပ်ငန်း ပုံမှန်ပြန်စခဲ့တယ်လို့ လေဆိပ်အာဏာပိုင်ကတော့ ကြေညာပါတယ်။ ဟူသီတွေဟာ ယီမန်ကနေအစ္စရေးပိုင်နက်ထဲကို မြေပြင်ကနေမြေပြင်ပစ် ဒုံးကျည်တစင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီအတွက် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ်က ဝန်ကြီးအဖွဲ့အစည်းအဝေးအစမှာပဲ ပြောခဲ့ပါတယ်။

ယီမန်ကဟူသီသူပုန်တွေဟာ အစ္စရေး-ဟာမတ်စစ်ပွဲစကတည်းက အစ္စရေးဘက်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ မကြာမကြာ ပစ်ခတ်တိုက်ခိုက် လေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီတိုက်ခိုက်မှုအားလုံးကို အစ္စရေးဘက်က ပင်လယ်နီထဲမှာပဲ ဖျက်ချနိုင်ခဲ့ပါတယ်။

အစ္စရေးအလယ်ပိုင်းဒေသကို ဟူသီသူပုန်ရဲ့ဒုံးကျည်ထိမှန်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG