သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ ရာဖာမြို့တွင်း တိုက်ပွဲပြင်းထန်

Rafah မြို့က မီးခိုးလုံးတွေကိုလှမ်းတွေ့ရစဉ် (မေ ၂၈၊ ၂၀၂၄)
Rafah မြို့က မီးခိုးလုံးတွေကိုလှမ်းတွေ့ရစဉ် (မေ ၂၈၊ ၂၀၂၄)

ဂါဇာကမ်းမြောင် တောင်ဘက်အစွန်ပိုင်းမှာရှိတဲ့ Rafah မြို့ လမ်းမတွေပေါ်မှာ အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ‌ပါလက်စတိုင်းဒေသခံတွေနဲ့ အရာရှိတွေက ပြောပါတယ်။ Rafah မြို့လယ်ကိုဖြတ်ပြီး အီဂျစ်နယ်စပ်အထိ အစ္စရေး တင့်ကားတွေ ဝင်ရောက်လာပြီး နောက်တနေ့မှာ အခုလို မြို့ပြတိုက်ပွဲတွေ ဖြစ်ပေါ်နေတာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Rafah မှာရှိတဲ့ ဒုက္ခသည်စခန်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးတဲ့အပြင် မီးလောင်မှုတွေပါ ဖြစ်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေပေမယ့်လည်း မနှစ် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံအတွင်း အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဟာမတ်စ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းရေးအတွက် ထိုးစစ်တွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အစ္စရေးက ပြောဆိုနေတာပါ။

Rafah တိုက်ပွဲတွေအတွင်း အစ္စရေးစစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

အနည်းဆုံး လူ ၄၅ ယောက် သေဆုံးပြီး ၂၅၀ လောက် ထိခိုက် ဒဏ်ရာရခဲ့တဲ့ အဲဒီ အစ္စရေးရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နယူးယောက်မြို့မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ်နဲ့ စည်းဝေးပွဲ ဆက်လက် ကျင်းပဖို့ ရှိနေပါတယ်။

လူတွေ သေဆုံးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေ ချက်ခြင်းရပ်တန့်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုထားပါတယ်။

ဂါဇာဒေသ ရာဖာမြို့တွင်း တိုက်ပွဲပြင်းထန်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG