သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်စစ်ကာလ အစိုးရအဖွဲ့ အစ္စရေးဖွဲ့စည်း

 အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant

အစ္စရေးအနေနဲ့ ဟားမတ်စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ အရေးပေါ်စစ်ကာလညီညွတ်တဲ့အစိုးရတရပ် ဖွဲ့စည်းမယ်လို့ အစ္စရေးက ပြောလိုက်ပါတယ်။ တချိန်တည်းမှာတော့ ပါလက်စတိုင်းအတွင်းပိုင်းထဲ မြေပြင်ထိုးစစ်ဆင်နိုင်ဖို့ စစ်သည်အင်အားသုံးသောင်းကို ဂါဇာနအနီး ချထားပါတယ်။

ဟားမတ်စ်အဖွဲ့ကို စစ်ဆင်နိုင်ရေးအတွက် လက်ရှိကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့အတူ အတိုက်အခံ အမျိုးသားညီညွတ်ရေးပါတီခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း Benny Gantz တို့နဲ့ စစ်ကာလ အစိုးရတရပ်ကို ဝန်ကြီးချုပ် Benjamin Nethayahu က ဖွဲ့စည်းခဲ့ပါတယ်။ စစ်သွေးကြွတွေအနေနဲ့ အစ္စရေးကို မခြိမ်းခြောက်နိုင်အောင် ဂါဇာမှာ ဟားမတ်စ်အုပ်ချုပ်မှုကို ဖျက်သိမ်းပစ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် Nethayahu က ကြုံးဝါးပါတယ်။

အခု ငါးရက်ကြာ တိုက်ပွဲတွေအတွင်းမှာတော့ အမေရိကန်လူမျိုး ၂၂ ဦးအပါအဝင် နိုင်ငံခြားသားတွေနဲ့ အစ္စရေးပြည်သူ ၁,၂၀၀ အစ္စရေးနိုင်ငံတွင်းမှာ သေဆုံးခဲ့ပြီး၊ နောက်ထပ် ၂၇၀၀ လောက် ဒဏ်ရာရထားတယ်လို့ အစ္စရေးက ပြောပါတယ်။ ပါလက်စတိုင်းအာဏာပိုင်ဘက်က ထုတ်ပြန်ချက်မှာတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူ ၁,၀၅၅ ဦး သေဆုံးပြီး ၅,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့ဆိုပါတယ်။

အစ္စရေးဘက်က ဂါဇာကို မြေပြင်ထိုးစစ်ဝင်လာရင်တော့ ထိခိုက်သေဆုံးမှုတွေ ဒီထက် ပိုများလာနိုင်ပါတယ်။

အရေးပေါ်စစ်ကာလ အစိုးရအဖွဲ့ အစ္စရေးဖွဲ့စည်း
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG