သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်မြို့တော် အစ္စရေးတိုက်ခိုက်မှု WHO အကြီးအကဲအနီး ပေါက်ကွဲ


WHO အကြီးအကဲ Tedros Adhanom Ghebreyesus
WHO အကြီးအကဲ Tedros Adhanom Ghebreyesus

ယီမင်က ဟူသီသူပုန်တွေ သိမ်းထားတဲ့ ဆာနား မြို့တော်နဲ့ ယီမင်ဆိပ်ကမ်း တွေကို ပစ်မှတ်ထားပြီး ကြာသပတေးနေ့မှာ အစ္စရေးက တိုက်ခိုက်ခဲ့ရာမှာ ဆာနားလေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ လုပ်နေတဲ့ WHO အကြီးအကဲရှိရာ နေရာနား မှာပါ ထိမှန်ခဲ့ပါတယ်။

WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သူနဲ့ မီတာအနည်းငယ် အကွာမှာ ကျရောက်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လေယာဉ် အမှုထမ်းတဦး ဒဏ်ရာရခဲ့သလို၊ လေကြောင်း ထိန်းချုပ်ရေး မျှော်စင်၊ လေယာဉ်ပေါ်တက်မယ့် ခရီးသည် ထွက်ခွါရာနေရာနဲ့ လေယာဉ်ပြေးလမ်း ပျက်စီးသွားခဲ့တယ်လို့ လူမှုမီဒီယာ X မှာ ရေးပါတယ်။ ဒါပေမယ့် တခြား ကုလဝန်ထမ်းတွေတော့ ထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။ ဘယ်သူက ပစ်ခတ်တယ်ဆိုတာကိုတော့ ဖေါ်ပြ မထားပါဘူး။

ဟူသီတွေက အန္တရာယ် အချက်ပေးဥသြ တွေ စတင်တပ်ဆင်ခဲ့ပြီးတဲ့နောက်မှာ အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးစစ်တပ်ကတော့ သူတို့ဟာ ဟူသီတွေ အသုံးပြုနေတဲ့ ဆာနား နိုင်ငံတကာ လေဆိပ်က သူတို့ရဲ့ အခြေခံ အဆောက်အအုံတွေအပြင်၊ အီရန်ဆီက လက်နက်တွေ ခိုးသွင်းဖို့နဲ့ အီရန်အကြီးတန်းအရာရှိတွေ ယီမင်ကို ဝင်လာ လေ့ရှိတဲ့ ဟိုဒေးဒါး၊ အယ်လ် စာလိဖ် နဲ့ Ras Qantib မြို့တွေက ဆိပ်ကမ်းတွေနဲ့ ဓါတ်အားပေး စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

WHO အကြီးအကဲ ရှိရာ နေရာနားမှာ ပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး အစ္စရေးစစ်တပ်က တစုံတရာ သတင်းမထုတ်ပြန် သေးပေမယ့် သူတို့ဟာ အစ္စရေးကနေ သိပ်ဝေးတဲ့ နေရာက ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်သလို ထပ်တလဲလဲ ပစ်ခတ်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ အစ္စရေးစစ်တပ်ဟာ အီရန်ရဲ့ အင်အားကြီးတဲ့ မဟာမိတ်တွေနဲ့ တိုက်ခိုက်နေတာ ဖြစ်ပြီး ဟားမတ်စ်တွေ၊ ဟက်ဇ်ဘိုလာတွေ၊ အာဆတ် ဘက်တော်သားတွေ အတိုက်ခိုက်ခံနေရတာကို ဟူသီတွေ သင်ခန်းစာယူသင့်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြားခဲ့ပြီး နောက်တနေ့မှာ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အီရန် ထောက်ပံ့မှု ပေးနေတဲ့ ဟူသီတွေရဲ့ သတင်းဌာန ကလည်း ဒီတိုက်ခိုက်မှုကို အတည်ပြုပါတယ်။ အမေရိကန် စစ်တပ်ကလည်း ခုရက်ပိုင်း အတွင်းမှာပဲ ယီမင်က ဟူသီတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။

ယီမင်မြို့တော် အစ္စရေးတိုက်ခိုက်မှု WHO အကြီးအကဲအနီး ပေါက်ကွဲ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG