သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြေထဲပင်လယ်မှာ ငါးဖမ်းသင်္ဘောနဲ့ မျောပါနေသူတွေထဲ (၅)ဦးသေဆုံး 


The German charity Sea-Watch 3 with 444 people on board in the central Mediterranean, July 24, 2022. . (Nora Boerding/Sea-Watch via AP)
The German charity Sea-Watch 3 with 444 people on board in the central Mediterranean, July 24, 2022. . (Nora Boerding/Sea-Watch via AP)

မြေထဲပင်လယ်ကို ခနော်ခနဲ့ ငါးဖမ်း သင်္ဘောနဲ့ ဖြတ်ကူးပြီး ဥရောပ ကမ်းခြေဖက်ကို ရောက်ဖို့အတွက် သွားနေကြတဲ့သူ တထောင် တရာကျော်ကို အီတလီ သင်္ဘောတွေက  တွေ့ရှိကယ်ဆယ်ခဲ့ကြပါတယ်။

မြေထဲပင်လယ်မှာ ငါးဖမ်းသင်္ဘောနဲ့ မျောပါနေသူတွေထဲ (၅)ဦးသေဆုံး

{{Zawgyi/Unicode}}
မြေထဲပင်လယ်ကို ခနော်ခနဲ့ ငါးဖမ်း သင်္ဘောနဲ့ ဖြတ်ကူးပြီး ဥရောပ ကမ်းခြေဖက်ကို ရောက်ဖို့အတွက် သွားနေကြတဲ့သူ တထောင် တရာကျော်ကို အီတလီ သင်္ဘောတွေက တွေ့ရှိကယ်ဆယ်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ၅ ဦးကတော့ သေဆုံးနေပါတယ်။

လစ်ဗျားကမ်းရိုးတန်း ကနေ မြေထဲပင်လယ်ထဲ မျောပါနေတဲ့ ငါးဖမ်းသင်္ဘောတစင်းပေါ်မှာ ပြည့်ညပ်တင်လာကြတဲသူပေါင်း ၆၇၄ ဦးကို အီတလီသင်္ဘောတွေက ပြီးခဲ့တဲ့ စနေနေ့က ကယ်တင်ခဲ့ကြောင်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။

တချို့ အသက်ရှင်ကျန်ရစ်သူတွေကိုတော့ အီတလီတောင်ပိုင်း Calabria ကမ်းခြေကနေ မိုင် ၁၂ဝအကွာမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကယ်ဆယ်ခဲ့သူအားလုံးကိုလည်း အီတလီနိုင်ငံ Sicily နဲ့ Calabria တို့ကို ပိုဆောင်လိုက်ပါတယ်။

တချိန်တည်းမှာပဲ သီးခြားဖြစ်ရပ်တခုအနေနဲ့ ဂျာမန် ပရဟိတအဖွဲ့ရဲ့ ပင်လယ်ပြင် စောင့်ကြည့်ရေးအဖွဲ့ Sea - Watch က ဥရောပကုန်းမြေဖက်ကို သွားရောက်နေတဲ့သူ ၄၂၈ ယောက်ကို မြေထဲပင်လယ်အတွင်းမှာ ကယ်ဆယ်ခဲ့ကြောင်းနဲ့ သူတို့ကို ပိုဆောင်ပေးဖို့အတွက် လက်ခံမယ့် ဆိပ်ကမ်းလိုအပ်တယ်လို့ပြောပါတယ်။

အဲဒီလိုနဲ့ အီတလီကို ရောက်ရှိလာကြတဲ့ နိုင်ငံရွှေ့ပြောင်းလာသူတွေဟာ ၃၄ဝဝဝ ကျော်ရှိပြီး ဒါဟာဆိုရင် မနှစ် ၂ဝ၂၁ ခုနှစ်က ရဲ့ လေးပုံတပုံထက်တောင်များနေပါတယ်။

တိုက်ရိုက် လင့်ခ်

.................................................


{{Zawgyi/Unicode}}





XS
SM
MD
LG