သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယား မိန်းကလေးတွေ အီတလီမှာ လိင်ကျွန်အဖြစ် ရောင်းစားခံရ


အီတလီနိုင်ငံ Milan မြို့ လူကုန်ကူးမှုသရုပ်ပြပွဲက ရဲအရာရှိတဦး
အီတလီနိုင်ငံ Milan မြို့ လူကုန်ကူးမှုသရုပ်ပြပွဲက ရဲအရာရှိတဦး

မြေထဲပင်လယ်ကိုဖြတ်ပြီး အီတလီနိုင်ငံကိုရောက်သွားတဲ့ အသက်မပြည့်သေးတဲ့ နိုင်ဂျီးရီးယားမိန်းကလေး ထောင်ပေါင်းများစွာ ဟာ လိင်ကျွန်တွေအဖြစ် ရောင်းစားခံကြ ရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာအဖွဲ့ IOM ကပြောလိုက်ပါတယ်။

နိုင်ဂျီးရီးယားက အမျိုးသမီး ၅ ထောင်ကျော် ဒီနှစ်အတွင်း အီတလီကိုရောက်သွားကြပြီး သူတို့ထဲက ၈၀% ဟာ လိင်သမတွေ အဖြစ် လူကုန်ကူးခံခဲ့ကြရဖွယ်ရှိတယ်လို့ IOM က သောကြာနေ့မှာပြောပါတယ်။

အီတလီကို လူမှောင်ခိုကူးခံရတဲ့ နိုင်ဂျီးရီးယားအမျိုးသမီးငယ် အရေအတွက် အဆမတန် များလာတာကို ပြီးခဲ့တဲ့သြဂုတ်လမှာ IOM က သတိပေးခဲ့ပါတယ်။ လိင်သမတွေအဖြစ် အီတလီကို လူကုန်ကူးခံရတဲ့ နိုင်ဂျီးရီးယား အမျိုးသမီးငယ်အရေအတွက်ဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ရာခိုင်နှုန်း ၆၀၀ အထိ တိုးသွားခဲ့ပြီး ထပ်ရောက်လာတဲ့ အရေအတွက် ဟာလဲ လျော့သွားတဲ့လက္ခဏာ မရှိဘူးလို့ IOM ကပြောပါတယ်။

နိုင်ဂျီးရီးယားကနေ အီတလီကို လူူမှောင်ခိုကူးခံရတဲ့ အမျိုးသမီးတွေရဲ့ အသက်ဟာလဲ ပိုငယ်သည်ထက် ငယ်လာတယ်လို့ IOM ပြောခွင့်ရ Flavio di Giacomo ကပြောပါတယ်။

အီတလီကို လိင်သမတွေအဖြစ် လူမှောင်ခိုကူးခံရသူ အားလုံးနီးပါးမှာ နိုင်ဂျီးရီးယားလူမျိုး အဆက်အသွယ် ဖုန်းနံပါတ်ပါလာပြီး အဲဒီလူက သူတို့ကို ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ဌာနတွေမှာ လာခေါ်သွားပြီးတော့ လမ်းတွေပေါ်မှာ လိင်သမတွေအဖြစ် လုပ်ခိုင်းတယ်လို့ အကူအညီပေးလုပ်သားတွေကပြောပါတယ်။ အဲဒီနောက်မှာ သူတို့နိုင်ငံကနေထွက်ပြေးဖို့ ကူညီခဲ့သူတွေကို ဒေါ်လာ ၂၃၈၀၀ ကနေ ၆၀၀၀၀ အထိရှိတဲ့ အကြွေးပြန်ဆပ်ပြီးမှ ဒီဘ၀ ကနေ လွတ်မယ်လို့ အမျိုးသမီးငယ်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG