သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Jamu Kashimir ေဒသရဲ႕ အထူးအခြင္႔အေရး ရုပ္သိမ္းျပီး ပထမဆံုး က်င္းပတဲ႔ေရြးေကာက္ပဲြ


Jammu and Kashmir တြင္ ကင္းလွည့္ေနသည္ အိႏိၵယစစ္သားမ်ားျမင္ကြင္း

{{Zawgyi/Unicode}}

အိႏိၵယနိုင္ငံရဲ့ Jammu and Kashmir ဖယ္ဒရယ္နယ္ေျမေတြမွာ ေနထိုင္ၾကသူေတြကေတာ့ ဒီဇင္ဘာ ၂၃ ရက္ေန ့မွာ ေဒသေကာင္စီေရြးေကာက္ပြဲ ရလာဒ္ေတြ ထြက္ေပၚလာတာမို ့ ေအာင္ပြဲခံေနၾကပါျပီ။

Jammu and Kashmir ေဒသ ေရြးေကာက္ပြဲေကာ္မရွင္နာမင္းၾကီး K.K. Sharma ကေတာ့ ေရြးေကာက္ပြဲ ရလာဒ္ေတြနဲ ပတ္သက္လို ့အခုလို ေျပာပါတယ္။

“ဒီမနက္ေစာေစာကပဲ မဲဆႏၵနယ္ေျမ ၂၇၈ ခုမွာ မဲေရတြက္ျပီးတာမို ့အဲဒီမဲဆႏၵနယ္ ၂၇၈ ခုလံုးရဲ့ ရလာဒ္ေတြကို အရာရွိေတြက ထုတ္ျပန္ေၾကညာျပီးပါျပီ။ မဲဆႏၵနယ္ ၂ ခုကေတာ့ ေရတြက္ဖို ့အတြက္ ခြင့္ျပဳခ်က္မရေသးပါဘူး။ ဒါက ယာယီသေဘာပါ။ ကုိယ္စားလွယ္ေလာင္းတဦး ျပည့္မီရမယ့္ အရည္အခ်င္းနဲ ့ပက္သက္လို ့ ျပသာနာနည္းနည္းရွိလို ့ပါ။”

ခရိုင္ဖြံ ့ျဖိဳးေရးေကာင္စီ ေရြးေကာက္ပြဲအတြက္ မဲဆႏၵနယ္ေျမ ၂၈၀ မွာ မဲေတြေပးခဲ့ၾကျပီး ကုိယ္စားလွယ္ေလာင္းေတြဟာ သက္ဆိုင္ရာေဒသဖြံ ့ျဖိဳးေရးအတြက္ အာမခံခ်က္ေတြေပးခဲ့ၾကပါတယ္။

အနိုင္ရရွိသြားတဲ့ကိုယ္စားလွယ္ေလာင္းေတြကေတာ့ သူတို ့ေဒသခံေတြအတြက္ ဖြံျဖိဳးေရးအေျခခံလိုအပ္ခ်က္ေတြရရွိေအာင္ အလုပ္လုပ္ၾကမယ္လို ့ဆိုပါတယ္။

ေထာက္ခံသူေတြကလည္း ေရြးေကာက္ပြဲ ေအာင္နိုင္တဲ့ အထိမ္းအမွတ္နဲ ့ အားေပးကခုန္ေနၾကပါတယ္ခင္ဗ်ာ။

ျပီးခဲ့တဲ့နွစ္က Jammu and Kashmir ေဒသရဲ႕ အထူးအခြင့္အေရးကို ရုတ္သိမ္းၿပီး ဖယ္ဒရယ္နယ္ေျမေတြအျဖစ္ ေျပာင္းလည္းခဲ့ၿပီးေနာက္ ေဒသေကာင္စီေရြးေကာက္ပြဲေတြကို ပထမဦးဆံုးက်င္းပတာျဖစ္ပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အိန္ဒိယနိုင်ငံရဲ့ Jammu and Kashmir ဖယ်ဒရယ်နယ်မြေတွေမှာ နေထိုင်ကြသူတွေကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဒေသကောင်စီရွေးကောက်ပွဲ ရလာဒ်တွေ ထွက်ပေါ်လာတာမို့ အောင်ပွဲခံနေကြပါပြီ။

Jammu and Kashmir ဒေသ ရွေးကောက်ပွဲကော်မရှင်နာမင်းကြီး K.K. Sharma ကတော့ ရွေးကောက်ပွဲ ရလာဒ်တွေနဲ ပတ်သက်လို့အခုလို ပြောပါတယ်။

“ဒီမနက်စောစောကပဲ မဲဆန္ဒနယ်မြေ ၂၇၈ ခုမှာ မဲရေတွက်ပြီးတာမို့အဲဒီမဲဆန္ဒနယ် ၂၇၈ ခုလုံးရဲ့ ရလာဒ်တွေကို အရာရှိတွေက ထုတ်ပြန်ကြေညာပြီးပါပြီ။ မဲဆန္ဒနယ် ၂ ခုကတော့ ရေတွက်ဖို့အတွက် ခွင့်ပြုချက်မရသေးပါဘူး။ ဒါက ယာယီသဘောပါ။ ကိုယ်စားလှယ်လောင်းတဦး ပြည့်မီရမယ့် အရည်အချင်းနဲ့ပက်သက်လို့ ပြသာနာနည်းနည်းရှိလို့ပါ။”

ခရိုင်ဖွံ့ဖြိုးရေးကောင်စီ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ၂၈၀ မှာ မဲတွေပေးခဲ့ကြပြီး ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာဒေသဖွံ့ဖြိုးရေးအတွက် အာမခံချက်တွေပေးခဲ့ကြပါတယ်။

အနိုင်ရရှိသွားတဲ့ကိုယ်စားလှယ်လောင်းတွေကတော့ သူတို့ဒေသခံတွေအတွက် ဖွံဖြိုးရေးအခြေခံလိုအပ်ချက်တွေရရှိအောင် အလုပ်လုပ်ကြမယ်လို့ဆိုပါတယ်။

ထောက်ခံသူတွေကလည်း ရွေးကောက်ပွဲ အောင်နိုင်တဲ့ အထိမ်းအမှတ်နဲ့ အားပေးကခုန်နေကြပါတယ်ခင်ဗျာ။

ပြီးခဲ့တဲ့နှစ်က Jammu and Kashmir ဒေသရဲ့ အထူးအခွင့်အရေးကို ရုတ်သိမ်းပြီး ဖယ်ဒရယ်နယ်မြေတွေအဖြစ် ပြောင်းလည်းခဲ့ပြီးနောက် ဒေသကောင်စီရွေးကောက်ပွဲတွေကို ပထမဦးဆုံးကျင်းပတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG