သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Kashmir ေဒသမွာ ကာဖ်ဴးအမိန္႔ထုတ္


(Zawgyi/Unicode)

ကက္ရွ္မီးယားေဒသကို အေျခခံဥပေဒအရေပးထားတဲ့ တစ္စိတ္တစ္ပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္မႈ အခြင့္အေရးကို အိႏၵိယအစိုးရက ႐ုပ္သိမ္း လိုက္တဲ့ႏွစ္ပတ္လည္ေန႔ မတိုင္ခင္တရက္အလိုမွာ အိႏၵိယ အာဏာပိုင္ေတြက အဲဒီေဒသထဲအိမ္ျပင္မထြက္ရ ကာဖ်ဴးအမိန္႔ကိုထုတ္ျပန္ လိုက္ပါတယ္။ ဆႏၵျပပြဲေတြ ျဖစ္ပြားေတာ့မယ္ဆိုတဲ့ ေထာက္လွမ္းေရး အစီရင္ခံစာေတြ ရရွိလို႔ အခုလို ကာဖ်ဴး အမိန္႔ကို ထုတ္ျပန္ တာလို႔လည္း တာဝန္ရွိသူေတြက တနလၤာေန႔ ေႏွာင္းပိုင္းက ေျပာပါတယ္။

ကက္ရွ္မီးယား ေဒသက ခရိုင္အားလုံးမွာ အႂကြင္းမဲ့ ကာဖ်ဴးအမိန္႔ ထုတ္ျပန္လိုက္ၿပီလို႔လည္း အမည္မေဖာ္လိုသူ ရဲအရာရွိတစ္ဦးက AFP ကို ေျပာပါတယ္။ အႂကြင္းမဲ့ ကာဖ်ဴးအမိန္႔အရ ေဒသခံေတြ အေနနဲ႔ တရားဝင္ လမ္းထြက္ခြင့္ စာရြက္စာတမ္း ပါမွသာ အျပင္ ထြက္သြားလာနိုင္ ၿပီး ရဲတပ္ဖြဲ႕နဲ႔ ေဆးဘက္ဆိုင္ရာ မျဖစ္မေန ပုဂၢိဳလ္ေတြကိုသာ ထုတ္ေပးေလ့ရွိပါတယ္။

ႏွစ္ရက္တာ ၾကာရွည္မယ့္ ကာဖ်ဴး အမိန္႔ေအာက္မွာ အဂၤါေန႔က ကက္ရွ္မီးယား ၿမိဳ႕ေတာ္ Srinagar က လမ္းေတြကို သံဆူးႀကိဳးေတြနဲ႔ ပိတ္ထားသလို ေဈးဆိုင္တံခါးေတြလည္း ပိတ္ထား တာကို ျမင္ၾကရပါတယ္။ စစ္သားေတြကေတာ့ လူေတြ အျပင္မထြက္ၾကဖို႔ အသံခ်ဲ႕ စက္ေတြနဲ႔ သတိေပးေနပါတယ္။

မႏွစ္ ဩဂုတ္လ ၅ ရက္ေန႔က ကိုယ္ပိုင္ အုပ္ခ်ဳပ္မႈ အခြင့္အေရးေတြကို ႐ုပ္သိမ္းလိုက္တုန္းကလည္း အခုလို ကာဖ်ဴးအမိန္႔ကို ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ဆိုက္ေနခ်ိန္မွာ အင္တာနက္ အဆက္အသြယ္ေတြကိုပိတ္ပင္ထားတာ ေၾကာင့္ အခက္အခဲေတြ ၾကဳံေနရတယ္ လို႔လည္း ေဒသခံေတြနဲ႔ နယ္ခံ သတင္းေထာက္ေတြက ေျပာပါတယ္။

ခြဲထြက္ေရး လႈပ္ရွားသူေတြ၊ နိုင္ငံေရး ေခါင္းေဆာင္ေတြနဲ႔ တက္ႂကြ လႈပ္ရွားသူေတြ အမ်ားအျပား ထိန္းသိမ္းခံေနရဆဲျဖစ္ၿပီး အဲဒီ အထဲ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း Mehbooba Mufti လည္း ပါဝင္ပါတယ္။

ကက္ရွ္မီးယားေဒသမွာ အိႏၵိယ အုပ္ခ်ဳပ္ေရးကို ဆန္႔က်င္စစ္ ဆင္ႏႊဲေနတာ အခုဆိုရင္ ႏွစ္ေပါင္း ၃၀ ရွိခဲ့ၿပီး ဒီပဋိကၡေၾကာင့္ အရပ္သား အမ်ားစု ပါဝင္တဲ့ လူေသာင္းခ်ီ ေသဆုံးခဲ့ရပါတယ္။

Kashmir ေဒသမွာ ကာဖ်ဴးအမိန္႔ထုတ္
please wait

No media source currently available

0:00 0:00:51 0:00
တိုက္႐ိုက္ လင့္ခ္


..............

Kashmir ဒေသမှာ ကာဖျူးအမိန့်ထုတ်

(Unicode)

ကက်ရှ်မီးယားဒေသကို အခြေခံဥပဒေအရပေးထားတဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အရေးကို အိန္ဒိယအစိုးရက ရုပ်သိမ်း လိုက်တဲ့နှစ်ပတ်လည်နေ့ မတိုင်ခင်တရက်အလိုမှာ အိန္ဒိယ အာဏာပိုင်တွေက အဲဒီဒေသထဲအိမ်ပြင်မထွက်ရ ကာဖျူးအမိန့်ကိုထုတ်ပြန် လိုက်ပါတယ်။ ဆန္ဒပြပွဲတွေ ဖြစ်ပွားတော့မယ်ဆိုတဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေ ရရှိလို့ အခုလို ကာဖျူး အမိန့်ကို ထုတ်ပြန် တာလို့လည်း တာဝန်ရှိသူတွေက တနင်္လာနေ့ နှောင်းပိုင်းက ပြောပါတယ်။

ကက်ရှ်မီးယား ဒေသက ခရိုင်အားလုံးမှာ အကြွင်းမဲ့ ကာဖျူးအမိန့် ထုတ်ပြန်လိုက်ပြီလို့လည်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက AFP ကို ပြောပါတယ်။ အကြွင်းမဲ့ ကာဖျူးအမိန့်အရ ဒေသခံတွေ အနေနဲ့ တရားဝင် လမ်းထွက်ခွင့် စာရွက်စာတမ်း ပါမှသာ အပြင် ထွက်သွားလာနိုင် ပြီး ရဲတပ်ဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာ မဖြစ်မနေ ပုဂ္ဂိုလ်တွေကိုသာ ထုတ်ပေးလေ့ရှိပါတယ်။

နှစ်ရက်တာ ကြာရှည်မယ့် ကာဖျူး အမိန့်အောက်မှာ အင်္ဂါနေ့က ကက်ရှ်မီးယား မြို့တော် Srinagar က လမ်းတွေကို သံဆူးကြိုးတွေနဲ့ ပိတ်ထားသလို ဈေးဆိုင်တံခါးတွေလည်း ပိတ်ထား တာကို မြင်ကြရပါတယ်။ စစ်သားတွေကတော့ လူတွေ အပြင်မထွက်ကြဖို့ အသံချဲ့ စက်တွေနဲ့ သတိပေးနေပါတယ်။

မနှစ် ဩဂုတ်လ ၅ ရက်နေ့က ကိုယ်ပိုင် အုပ်ချုပ်မှု အခွင့်အရေးတွေကို ရုပ်သိမ်းလိုက်တုန်းကလည်း အခုလို ကာဖျူးအမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆိုက်နေချိန်မှာ အင်တာနက် အဆက်အသွယ်တွေကိုပိတ်ပင်ထားတာ ကြောင့် အခက်အခဲတွေ ကြုံနေရတယ် လို့လည်း ဒေသခံတွေနဲ့ နယ်ခံ သတင်းထောက်တွေက ပြောပါတယ်။

ခွဲထွက်ရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ အများအပြား ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး အဲဒီ အထဲ ပြည်နယ် ဝန်ကြီးချုပ်ဟောင်း Mehbooba Mufti လည်း ပါဝင်ပါတယ်။

ကက်ရှ်မီးယားဒေသမှာ အိန္ဒိယ အုပ်ချုပ်ရေးကို ဆန့်ကျင်စစ် ဆင်နွှဲနေတာ အခုဆိုရင် နှစ်ပေါင်း ၃၀ ရှိခဲ့ပြီး ဒီပဋိက္ခကြောင့် အရပ်သား အများစု ပါဝင်တဲ့ လူသောင်းချီ သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG