သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကက္႐ွမီးယား သတင္း လြတ္လပ္စြာရယူခြင္႔ သတင္းေထာက္ေတြ ေတာင္းဆို


အိႏၵိယလံုၿခံဳေရးရဲကို ကက္ရွမီးယား ေဒသတြင္ေတြ႔ရစဥ္

(Zawgyi/Unicode)

အိႏၵိယ ထိန္းခ်ဳပ္တဲ႔ ကက္ရွမီးယား ေဒသကို အႀကီးအက်ယ္ ပိတ္ပင္ခဲ႔ၿပီး ၿပီးခဲ႔တဲ႔ ၾသဂုတ္လမွာ ေဒသရဲ႕ တစိတ္တပိုင္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ပယ္ဖ်က္ခဲ႔ၿပီးေနာက္ ရဲတပ္ဖြဲ႔ရဲ႕ ထိပါးေႏွာင့္ယွက္မႈေတြ အေပၚမွာ စိုးရိမ္ေၾကာင္း နဲ႔ လြတ္လပ္စြာ သတင္းေဖာ္ျပခြင့္ျပဳဖို႔ ကက္ရွမီးယား ေဒသက သတင္းေထာက္ေတြက ေတာင္းဆိုလုိက္ပါတယ္။

Kashmir ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးျပန္ေပးဖို႔ ကုလေတာင္းဆို တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

အျငင္းပြား ကက္ရွမီးယား ေဒသကေတာ့ ပါကစၥတန္နဲ႔ အိႏၵိယၾကား ခြဲျခား အုပ္ခ်ဳပ္ေနတာ ျဖစ္ပါတယ္။ လံုၿခံဳေရး တပ္ဖြဲ႔ေတြက သတင္းေထာက္ေတြကို ၿခိမ္းေျခာက္တဲ႔ အေနနဲ႔ ဆင့္ေခၚတာမ်ိဳး၊ ကိုယ္ထိလက္ေရာက္ တိုက္ခုိက္မႈ၊ ၿခိမ္းေျခာက္မႈေတြ လုပ္ေနတယ္လို႔ ကက္ရွမီးယား ေဒသတြင္း ေရြးေကာက္ခံ သတင္းေထာက္မ်ား အဖြဲ႔ ျဖစ္တဲ႔ ကက္ရွမီးယား Press Club က ေျပာဆိုထားတာပါ။

အစိုးရ အေနနဲ႔ သတင္းေထာက္ေတြကို ႏႈတ္ပိတ္သြားေအာင္ လုပ္မယ့္ အစား အေျခခံ ဥပေဒမွာ အာမခံထားခ်က္ အတိုင္း လြတ္လပ္စြာ ေဖာ္ထုတ္ ေျပာဆိုခြင့္ အေသအခ်ာ ရေအာင္ ေဆာင္ရြက္ေပးရမယ္လို႔ အဖြဲ႔က တိုက္တြန္းထားတာပါ။

လြတ္လပ္ေရး လိုလားတဲ႔ ဂ်မူး- ကက္ရွမီးယား လြတ္ေျမာက္ေရးတပ္ဖဦးက ဆႏၵျပဖို႔ ထုတ္ျပန္ခ်က္ကို သတင္းေဖာ္ျပမႈ အတြက္ Srinagar မွာ သတင္းေထာက္ ႏွစ္ဦးကို စေနေန႔တုန္းက ရဲက ဆင့္ေခၚခဲ႔တာပါ။ ရဲတပ္ဖြဲ႔ရဲ႕ လုပ္ရပ္ကို ကက္ရွမီးယား Press Club က ရႈတ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......

ကက်ရှမီးယား သတင်း လွတ်လပ်စွာရယူခွင့် သတင်းထောက်တွေ တောင်းဆို

(Unicode)

အိန္ဒိယ ထိန်းချုပ်တဲ့ ကက်ရှမီးယား ဒေသကို အကြီးအကျယ် ပိတ်ပင်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ဒေသရဲ့ တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပယ်ဖျက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ထိပါးနှောင့်ယှက်မှုတွေ အပေါ်မှာ စိုးရိမ်ကြောင်း နဲ့ လွတ်လပ်စွာ သတင်းဖော်ပြခွင့်ပြုဖို့ ကက်ရှမီးယား ဒေသက သတင်းထောက်တွေက တောင်းဆိုလိုက်ပါတယ်။

Kashmir ကိုယ်ပိုင်အုပ်ချုပ်ရေးပြန်ပေးဖို့ ကုလတောင်းဆို တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

အငြင်းပွား ကက်ရှမီးယား ဒေသကတော့ ပါကစ္စတန်နဲ့ အိန္ဒိယကြား ခွဲခြား အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေက သတင်းထောက်တွေကို ခြိမ်းခြောက်တဲ့ အနေနဲ့ ဆင့်ခေါ်တာမျိုး၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ကက်ရှမီးယား ဒေသတွင်း ရွေးကောက်ခံ သတင်းထောက်များ အဖွဲ့ ဖြစ်တဲ့ ကက်ရှမီးယား Press Club က ပြောဆိုထားတာပါ။

အစိုးရ အနေနဲ့ သတင်းထောက်တွေကို နှုတ်ပိတ်သွားအောင် လုပ်မယ့် အစား အခြေခံ ဥပဒေမှာ အာမခံထားချက် အတိုင်း လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့် အသေအချာ ရအောင် ဆောင်ရွက်ပေးရမယ်လို့ အဖွဲ့က တိုက်တွန်းထားတာပါ။

လွတ်လပ်ရေး လိုလားတဲ့ ဂျမူး- ကက်ရှမီးယား လွတ်မြောက်ရေးတပ်ဖဦးက ဆန္ဒပြဖို့ ထုတ်ပြန်ချက်ကို သတင်းဖော်ပြမှု အတွက် Srinagar မှာ သတင်းထောက် နှစ်ဦးကို စနေနေ့တုန်းက ရဲက ဆင့်ခေါ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ကက်ရှမီးယား Press Club က ရှုတ်ချထားပါတယ်။

XS
SM
MD
LG