သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္ Aeon ကုမၸဏီ ရန္ကုန္မွာ ေစ်း၀ယ္စင္တာေဆာက္ဖုိ႔ ေဒၚလာ သန္း ၁၈၀ ရင္းႏွီးျမဳပ္ႏွံမည္


ဂ်ပန္ Aeon ကုမၸဏီ ရန္ကုန္မွာ ေစ်း၀ယ္စင္တာေဆာက္မည္ (ဓါတ္ပံု-Shwe Taung Co.,Ltd )

(Zawgyi/Unicode)

ဂ်ပန္ လက္လီျဖန္႔ခ်ီေရး စီးပြါးေရးလုပ္ငန္းစု အဖြဲ႕ Aeon က ရန္ကုန္ၿမိဳ႕မွာ ေစ်းဝယ္စင္တာႀကီးတခုေဆာက္လုပ္သြားဖို႔ ေဒၚလာ သန္း ၁၈၀ ရင္းႏွီးျမႇုပ္ႏွံသြားမယ္လို႔ အဂၤါေန႔ကေျပာပါတယ္။ ဒါဟာ Aeon စီးပြားေရး အုပ္စုအေနနဲ႔ျမန္မာနိုင္ငံ ေဈးကြက္ထဲ ပထမဆုံးအႀကိမ္ ဝင္ေရာက္လာတာလည္း ျဖစ္ပါတယ္။

ဒီ Aeon Mall shopping complex ကို ရန္ကုန္ၿမိဳ႕လယ္ကေန သိပ္မေဝးတဲ့ေနရာမွာ ေျမအက်ယ္ ၁၈ ဧကေလာက္ေနရာယူ တည္ေဆာက္သြားမယ္လို႔ Aeon ကုမၸဏီကေျပာပါတယ္။ ေဆာက္လုပ္ေရး လုပ္ငန္းေတြကို ၂၀၂၁ ခုႏွစ္ ပထမႏွစ္ဝက္မွာ စနိုင္ဖို႔နဲ႔ ေဈးဝယ္ စင္တာကို ၂၀၂၃ ခုႏွစ္မွာ ဖြင့္လွစ္နိုင္ဖို႔ရည္မွန္းထားတာပါ။

ဒီေစ်းဝယ္စင္တာႀကီး တည္ေဆာက္ဖို႔ကို ျမန္မာအစိုးရက ၿပီးခဲ့တဲ့ ဇူလိုင္လအတြင္းက ခြင့္ျပဳခဲ့တာျဖစ္ၿပီး ျမန္မာနိုင္ငံက ေရႊေတာင္ စီးပြါးေရးလုပ္ငန္းစုနဲ႔ ဖက္စပ္ လုပ္ကိုင္မွာျဖစ္ပါတယ္။ အက်ိဳးတူ ရင္းႏွီးျမႇုပ္ႏွံမႈမွာ Aeon လုပ္ငန္းစုက ၇၀% ပိုင္ဆိုင္ၿပီး ေရႊေတာင္ ကုမၸဏီက ၃၀% ပိုင္ဆိုင္မွာျဖစ္ပါတယ္။

Aeon လုပ္ငန္းစုက ကေမၻာဒီးယားနိုင္ငံမွာလည္း ေစ်းဝယ္စင္တာႀကီး ၂ ခု ဖြင့္လွစ္ထားၿပီး ေနာက္ထပ္ တစ္ခုထပ္ဖြင့္ဖို႔ကိုလည္း ဆုံးျဖတ္ထားတယ္လို႔ Nikkei Asian Review သတင္းဌာနက ေျပာပါတယ္။ ကေမၻာဒီးယားမွာ ဖြင့္ထားတဲ့ စင္တာႀကီးေတြမွာ ေအာင္ျမင္မႈေတြရေနတာေၾကာင့္ Aeon ကုမၼဏီက ေစ်းကြက္ခ်ဳပ္ကိုင္နိုင္တဲ့ ၿပိဳင္ဘက္ မရွိေသးတဲ့ ျမန္မာ နိုင္ငံမွာ ရင္းႏွီး ျမႇုပ္ႏွံ ဖို႔ စတင္လုပ္ေဆာင္တာျဖစ္ေၾကာင္း ကုမၸဏီရဲ့ အမႈေဆာင္အရာရွိခ်ဳပ္က ေျပာ ပါတယ္။

ျမန္မာနိုင္ငံက အိမ္ၿခံေၿမ ေရာင္းဝယ္ေရးနဲ႔ ေဆာက္လုပ္ေရး ကုမၸဏီႀကီး တခုျဖစ္တဲ့ ေရႊေတာင္ကုမၸဏီ အုပ္စုက ၁၉၉၉ ခုႏွစ္ ကစလို႔ျမန္မာနိုင္ငံတြင္း ေစ်းဝယ္စင္တာ ၆ ခု တည္ေဆာက္လည္ပတ္ေနတာျဖစ္ၿပီး အဲဒီ အထဲ ၂၀၁၇ ခုႏွစ္တုန္းက ဖြင့္လွစ္ ခဲ့တဲ့ Junction City shopping complex ပါဝင္ပါတယ္။

အခုေဆာက္လုပ္မယ့္ Aeon ေစ်းဝယ္စင္တာက သီလဝါအထူးစီးပြါးေရးဇုံအနားမွာ ျဖစ္ၿပီး ၂၀၁၄ ခုႏွစ္ကတည္းက ေရႊေတာင္ကုမၸဏီ က ၿမိဳ႕ျပဖြံ့ၿဖိဳးမႈ တည္ေဆာက္ေရးလုပ္ငန္းေတြလုပ္ကိုင္ ေနတဲ့ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မွာ ေဆာက္လုပ္ သြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဂျပန် Aeon ကုမ္ပဏီ ရန်ကုန်မှာ ဈေးဝယ်စင်တာဆောက်ဖို့ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြုပ်နှံမည်

(Unicode)

ဂျပန် လက်လီဖြန့်ချီရေး စီးပွါးရေးလုပ်ငန်းစု အဖွဲ့ Aeon က ရန်ကုန်မြို့မှာ ဈေးဝယ်စင်တာကြီးတခုဆောက်လုပ်သွားဖို့ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ အင်္ဂါနေ့ကပြောပါတယ်။ ဒါဟာ Aeon စီးပွားရေး အုပ်စုအနေနဲ့မြန်မာနိုင်ငံ ဈေးကွက်ထဲ ပထမဆုံးအကြိမ် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

ဒီ Aeon Mall shopping complex ကို ရန်ကုန်မြို့လယ်ကနေ သိပ်မဝေးတဲ့နေရာမှာ မြေအကျယ် ၁၈ ဧကလောက်နေရာယူ တည်ဆောက်သွားမယ်လို့ Aeon ကုမ္ပဏီကပြောပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ စနိုင်ဖို့နဲ့ ဈေးဝယ် စင်တာကို ၂၀၂၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ရည်မှန်းထားတာပါ။

ဒီဈေးဝယ်စင်တာကြီး တည်ဆောက်ဖို့ကို မြန်မာအစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ခွင့်ပြုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ရွှေတောင် စီးပွါးရေးလုပ်ငန်းစုနဲ့ ဖက်စပ် လုပ်ကိုင်မှာဖြစ်ပါတယ်။ အကျိုးတူ ရင်းနှီးမြှုပ်နှံမှုမှာ Aeon လုပ်ငန်းစုက ၇၀% ပိုင်ဆိုင်ပြီး ရွှေတောင် ကုမ္ပဏီက ၃၀% ပိုင်ဆိုင်မှာဖြစ်ပါတယ်။

Aeon လုပ်ငန်းစုက ကမ္ဘောဒီးယားနိုင်ငံမှာလည်း ဈေးဝယ်စင်တာကြီး ၂ ခု ဖွင့်လှစ်ထားပြီး နောက်ထပ် တစ်ခုထပ်ဖွင့်ဖို့ကိုလည်း ဆုံးဖြတ်ထားတယ်လို့ Nikkei Asian Review သတင်းဌာနက ပြောပါတယ်။ ကမ္ဘောဒီးယားမှာ ဖွင့်ထားတဲ့ စင်တာကြီးတွေမှာ အောင်မြင်မှုတွေရနေတာကြောင့် Aeon ကုမ္မဏီက ဈေးကွက်ချုပ်ကိုင်နိုင်တဲ့ ပြိုင်ဘက် မရှိသေးတဲ့ မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံ ဖို့ စတင်လုပ်ဆောင်တာဖြစ်ကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်က ပြော ပါတယ်။

မြန်မာနိုင်ငံက အိမ်ခြံမြေ ရောင်းဝယ်ရေးနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကြီး တခုဖြစ်တဲ့ ရွှေတောင်ကုမ္ပဏီ အုပ်စုက ၁၉၉၉ ခုနှစ် ကစလို့မြန်မာနိုင်ငံတွင်း ဈေးဝယ်စင်တာ ၆ ခု တည်ဆောက်လည်ပတ်နေတာဖြစ်ပြီး အဲဒီ အထဲ ၂၀၁၇ ခုနှစ်တုန်းက ဖွင့်လှစ် ခဲ့တဲ့ Junction City shopping complex ပါဝင်ပါတယ်။

အခုဆောက်လုပ်မယ့် Aeon ဈေးဝယ်စင်တာက သီလဝါအထူးစီးပွါးရေးဇုံအနားမှာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ရွှေတောင်ကုမ္ပဏီ က မြို့ပြဖွံ့ဖြိုးမှု တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ကိုင် နေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဆောက်လုပ် သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG