သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားတွေအပေါ် စစ်တပ်အင်အားသုံးမှု ဂျပန် ပြင်းထန်စွာရှုတ်ချ

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi

[ Zawgyi / Unicode ]

မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို တကယ့်ကျည်အစစ်တွေနဲ့ ဖြိုခွဲမှုဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေ အပေါ် အကြမ်းဖက်ဖြိုခွဲမှုတွေ ချက်ချင်းရပ်ဖို့ ဂျပန်အစိုးရက ထပ်ပြီး ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းဝိုင်းက ထပ်တလဲလဲ တောင်းဆိုနေပေမယ့် စစ်တပ်နဲ့ ရဲက ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွဲမှုတွေ ဆက်လုပ်နေတဲ့ အတွက် မတ်လ ၂၇ ရက်နေ့ တရက်ထည်းမှာတင် သေဆုံးမှု အများဆုံးဖြစ်သွားခဲ့တာတွေ့ရပြီး ဒီလုပ်ရပ်ကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က မတ်လ ၂၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ထိခိုက် ခံစားရသူတွေနဲ့ မိသားစုတွေ အတွက် လည်း အထူးဝမ်းနည်းရကြောင်း ပြောပါတယ်။

စစ်တပ်နဲ့ ရဲတွေက အရပ်သားတွေကို ပစ်ခတ်နှိမ်နင်းတာ၊ ဖမ်းမိသူတွေကို လူမဆန်စွာပြုမှုတာ အပြင် သတင်းမီဒီယာတွေအပေါ် ပြင်းပြင်းထန်ထန်ခြေမှုန်းတာတွေဟာ ဒီမိုရေစီဟာ အရေးပါကြောင်း မြန်မာစစ်တပ်ရဲ့ တရားဝင်ကြေညာထားတာနဲ့ လုံးဝ ကွဲလွဲနေကြောင်းနဲ့ စစ်တပ်ဆိုတာဟာ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ပြည်ပရန်ကနေ အကာကွယ်ပေးရမယ့် အဖွဲ့အစည်းတခုဖြစ်တယ်ဆိုတာကို မြန်မာစစ်ခေါင်းက ပြန်အမှတ်ရသင့်တယ်လို့လည်း သတိပေးပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ နိုင်ငံရေး စံနစ်တရပ် ပြန်ရလာအောင် လုပ်ဖို့လည်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အရပ်သားတွေအပေါ် စစ်တပ်အင်အားသုံးမှု ဂျပန် ပြင်းထန်စွာရှုတ်ချ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်


[ Unicode ]






This item is part of
XS
SM
MD
LG