သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးနှင်းထူထပ်လို့ ဂျပန်လေကြောင်းခရီးစဉ် ၁၀၀ ကျော် ရပ်ဆိုင်းထား


တိုကျို အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားထားတဲ့ ဂျပန်လေကြောင်းလိုင်း လေယာဉ်အချို့။ (အောက်တိုဘာ ၃၀၊ ၂၀၂၀)
တိုကျို အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားထားတဲ့ ဂျပန်လေကြောင်းလိုင်း လေယာဉ်အချို့။ (အောက်တိုဘာ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်ဘက်ဒေသတွေမှာ ဆီးနှင်းတွေ ထူထဲစွာ ကျရောက်နေတာကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ် ၁၀၀ ကျော်ကို ရပ်ဆိုင်းထားလိုက်ရတယ်လို့ နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း ၂ ခုက ကြေညာပါတယ်။

ANA လေကြာင်းလိုင်းက ခရီးစဉ် ၇၉ ခုကို ရပ်ဆိုင်းထားရပြီး ခရီးသည် ၅,၁၀၀ အပေါ် သက်ရောက်မှာဖြစ်တယ်လို့ လေကြောင်းလိုင်း ညွှန်ကြားရေးမှူး Hiroaki Hayakawa က ပြောပါတယ်။

Japan Airline ကုမ္ပဏီကလည်း လေကြောင်းခရီးစဉ် ၄၉ ခုကိုလည်း ရပ်ဆိုင်းထားတာကြောင့် ခရီးသည် ၂,၅၀၀ လောက်အပေါ် သက်ရောက်မှာ ဖြစ်ပါတယ်လို့ လေကြောင်းလိုင်း ပြောခွင့်ရက ပြောပါတယ်။

ကမ္ဘာတလွှား ကူးစက်မြန် Omicron ကိုဗစ် ပျံ့နှံ့မှုကြောင့် ခရစ္စမတ်လွန် အားလပ်ရက်တွေအတွက် လေယာဉ်ခရီးစဉ် ထောင်နဲ့ချီပြီး ရပ်ဆိုင်းထားတာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ Omicron မျိုးကွဲဗိုင်းရပ်စ်ကို ကာကွယ်ဖို့ နယ်စပ်ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး လောလောဆယ်တော့ ကူးစက်မှု ၂၃၁ ခုကို တွေ့ရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)







XS
SM
MD
LG