သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကြာဝဠာ မူလဇာစ်မြစ်ကိုလေ့လာမယ့် ဂျပန်ဒုံးပျံ လွှတ်တင်


Japan Rocket Launch
Japan Rocket Launch

ဂျပန်နိုင်ငံဟာ စကြာဝဠာရဲ့မူလဇာစ်မြစ်ကို ရှာဖွေနိုင်ဖို့ရည်ရွယ်တဲ့ X-ray ဓာတ်မှန်ကြည့် တယ်လီစကုပ် အနုစိတ်မှန်ပြောင်းတပ်ဆင်ထားတဲ့ ဒုံးပျံတစင်းကို ကြာသပတေးနေ့က လွှတ်တင်လိုက်ပါတယ်။ ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ တာနေဂါ့ရှိမ အာကာက စခန်းကနေ HII-A ဒုံးပျံ လွှတ်တင်ခဲ့တာကို ဂျပန် အာကာသစူးစမ်းလေ့လာရေးအေဂျင်စီက တိုက်ရိုက်ဗီဒီယို ထုတ်လွှင့် ပြသခဲ့ပါတယ်။ ဒုံးပျံက လဆင်းယာဉ်ငယ်ကိုလည်း တင်ဆောင်ထားပါတယ်။

ဂျပန်ဒုံးပျံဟာ လွှတ်တင်ပြီး ဆယ့်သုံးမိနစ်အကြာမှာ X-ray အာကာသ တယ်လီစကုပ်ဓာတ်မှန် မှန်ပြောင်းကြည့်ရှုမယ့်မစ်ရှင်အဖြစ် ကမ္ဘာပတ်လမ်းထဲကို ဂြိုလ်တုရောက်ရှိခဲ့ပြီး ဒါက နဂါးငွေ့တန်းတွေကြားက အမြန်နှုန်းနဲ့အသွင်အပြင်တွေကို တိုင်းတာပေးမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေက ကောင်းကင်အရာဝတ္ထုတွေ ဘယ်လိုဖွဲ့စည်းထားကြောင်း လေ့လာရာမှာ အထောက်အကူဖြစ်ပြီး စကြဝဠာကြီး ဘယ်လို စတင် ဖြစ်တည်ခဲ့လဲဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ဂျပန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီက ပြောပါတယ်။

A trail of smoke follows an HII-A rocket after it launched from the Tanegashima Space Center on Tanegashima island, Japan, on Sept. 7. 2023. (JAXA via AFP)
A trail of smoke follows an HII-A rocket after it launched from the Tanegashima Space Center on Tanegashima island, Japan, on Sept. 7. 2023. (JAXA via AFP)

ဒီစီမံကိန်းမှာ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ (NASA) နဲ့ ပူးပေါင်းပြီး အာကာသထဲမှာ မတူညီတဲ့လှိုင်းအလျားတွေ၊ အာကာသအတွင်းက အရာဝတ္ထုတွေရဲ့ အပူချိန်၊ ပုံသဏ္ဍာန်တွေနဲ့ တောက်ပမှုကိုလည်း လေ့လာမှာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေက လကမ္ဘာဆီ တကျော့ပြန် စူးစမ်းလေ့လာရေးတွေလုပ်ဖို့ ကြိုးပမ်းနေချိန်မှာ အခု ဂျပန်ရဲ့ခရီးစဥ် ဖြစ်လာတာပါ။ အရင်လက အိန္ဒိယနိုင်ငံက လရဲ့တောင်ဝင်ရိုးစွန်းအနီးမှာ အာကာသယာဉ်တစင်း ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားကလည်း ရာစုနှစ်တဝက်နီးပါးအတွင်း ပထမဆုံးအကြိမ် အဖြစ် လပေါ်ကိုပြန်သွားဖို့ ကြိုးပမ်းချက် မအောင်မမြင်ဖြစ်ခဲ့အပြီး ရက်ပိုင်းအကြာမှာ အခုလို ဂျပန်ရဲ့ အာကာသခရီးစဥ် စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

---

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG