သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-မြန်မာဆက်ဆံရေး ဂျပန်သတင်းသမားတဦးအမြင်


ဂျပန်နိုင်ငံဟာ လက်ရှိ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ဖွံံ့ဖြိုးရေးလုပ်ငန်တွေမှာ အဓိက အကူအညီပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံအတွက် မဟာဗျူဟာကျတဲ့ နိုင်ငံတခုဖြစ်တာကြောင့် ဂျပန်အစိုးရက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီတွေ အများကြီးပေးဖို့ ပြင်ဆင်ထားတာတွေ့ရတယ်လို့ ဂျပန်မြန်မာအရေး ကျွမ်းကျင်သူတဦးက ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လဲ မြန်မာနိုင်ငံဘက်က တာဝန်ယူ ဆောင်ရွက်မှုအပိုင်းမှာ အားနည်းတာတွေရှိနေတာကြောင့် ထင်ထားသလောက် တိုးတက်မှုတွေ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံပေါ်ထားတဲ့ ဂျပန်အစိုးရ သဘောထား ဘယ်လိုရှိသလဲဆိုတာ၊ ဂျပန်မြန်မာအရေးကျွမ်းကျင်သူ ဂျပန်သတင်းစာဆရာ Mr. Hisao Tanabe (ခေါ်) ဦးရွှေဘကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ သူက ခုလိုစတင်ဖြေကြားပါတယ်။

ဦးရွှေဘ ။ ။ အစိုးရသစ်ကနေ ပြောမယ်ဆိုရင်တော့ ဒါက အရေးကြီးတဲ့ နိုင်ငံတခုပေါ့ ။ တရုတ်နဲ့ နီးတယ် အိန္ဒိယနဲ့ နီးတယ်။ အရေးပါတဲ့နေရာမှာရှိတယ် သဘာ၀ သံယံဇာတရှိတယ်။ အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ အလုပ်သမားတွေရှိတယ်။ ပညာရေးအဆင့်ကလည်း အရှေ့တောင်အာရှနိုင်ငံမှာ မဆိုးပါဘူး။ ဒီနိုင်ငံမှာ ဂျပန်အနေနဲ့ စီးပွားရေး နောက်ပြီး သူတို့ကုန်သွယ်ရေးတို့ဘာညာတွေကို ဂျပန်အနေနဲ့ ယူဆထားတာပေါ့။ အဓိကတော့ တရုတ် သြဇာကို ဖယ်ရှားအောင်လုပ်ချင်တာပေါ့ ဂျပန်အနေနဲ့တော့။

VOA ။ ။ တရုတ်နိုင်ငံက ဒေသတွင်းမှာ သြဇာအာဏာ တဖြည်းဖြည်း ကြီးထွားလာတာကို ပြောချင်တာပါလား။

ဦးရွှေဘ ။ ။ ဟုတ်တယ်။

VOA ။ ။ အဲဒီတော့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ကို ဂျပန်အစိုးရက ဘယ်လောက်ထိ တိုက်တွန်းနေတာ ရှိပါသလဲ။

ဦးရွှေဘ ။ ။ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ အထူးသဖြင့် မြန်မာနိုင်ငံဈေးကွက်ကို ဝင်လုပ်ကိုင်ဖို့ဆိုတာကို ဂျပန်အစိုးရအနေနဲ့ကတော့ မျှော်လင့်နေတယ်လို့ထင်ပါတယ်။

VOA ။ ။ မျှော်လင့်ထားပေမယ့်လည်း တကယ်တမ်း မသွားနိုင်ဘူးလို့ ထင်ပါတယ်။

ဦးရွှေဘ ။ ။ ကျနော်ပြီးခဲ့တဲ့လက လကုန်ပိုင်းမှာ ၅ ရက်ခရီးသွားတယ်။ လုံး၀ ဧည့်သည်နည်းသွားပြီအခု ။ အားလပ်ရက် price ရှိတယ်မဟုတ်လား အခုက ဧည့်သည်တဝက်လောက်တောင်မရှိဘူး။ အဲဒီတော့ ဂျပန်လုပ်ငန်းရှင်တွေ စိတ်မပါတော့ဘူးလားမသိဘူး ကျနော်ထင်နေတာ။

VOA ။ ။ အဲဒီတော့ လက်ရှိမှာ ဂျပန်အနေနဲ့ မြန်မာအစိုးရကို ဘယ်အတိုင်းအတာထိ အကူအညီပေးနေပါသလဲ။

ဦးရွှေဘ ။ ။ JICA (ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) ကလည်း အကူအညီတွေ ပေးနေတာ။ NGO/NPO တွေရဲ့လုပ်ငန်း အစီအစဉ်တွေကို အကူအညီပေးတာမျိုး များပါတယ်။ နောက် ပညာရေးတို့ ကျန်းမာရေးတို့ ပြီးတော့ Resettlement ပေါ့နော် အဲဒါမျိုးနဲ့ပတ်သက်ပြီးတော့ အကူညီပေးတာ များပါတယ်။

VOA ။ ။ တိုင်းရင်းသားငြိမ်းချမ်းရေးကိစ္စတွေအတွက်ရော ပေးနေပါသလား။

ဦးရွှေဘ ။ ။ Sasakawa ဖေါင်ဒေးရှင်းဆိုတာက Nippon ဖေါင်ဒေးရှင်းကိုပြောတာ။ အဲဒီအဖွဲ့က ကူညီနေတာ ဒါပေမယ့် တိုက်ရိုက် ဝင်လုပ်တာတော့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက် နိုင်ငံသားပြန်လည်သင့်မြတ်ရေးအတွက် အကူအညီပြုနိုင်တဲ့ ပညာရေး ကျန်းမာရေး ဘာညာ အဲဒါနဲ့ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတာဖြစ်တယ်။

VOA ။ ။နောက်တခုက အာရှမှာဆိုရင် ထိုင်းတို့ ဗီယက်နမ်နိုင်ငံတို့မှာ ဂျပန်မော်တော်ကား စက်ရုံတွေ၊ အခြားအကြီးစား လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့လို့ အဲဒီနိုင်ငံတွေ တိုးတက်သွားတဲ့ သာဓက ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဂျပန်အစိုးရရဲ့ ဗျူဟာ ဘယ်လိုရှိပါသလဲ။

ဦးရွှေဘ ။ ။ အလားအလာတော့ ရှိတယ်ထင်ပါရဲ့။ ဒါပေမယ့် ဗီယက်နမ်ပဲဖြစ်ဖြစ် ထိုင်းပဲဖြစ်ဖြစ် ချက်ချင်း ဒီလိုဖြစ်လာတာတော့ မဟုတ်ဘူးလေ။ တော်တော်ကြာခဲ့တာပဲ၊ အဲဒါ သမိုင်းရှိတာပဲ။ မြန်မာနဲ့တော့ ဂျပန်က အခုအစပဲရှိသေးတယ် မဟုတ်လား။ အဲဒါကြောင့် အချိန်လိုသေးတယ် ထင်ပါရဲ့။

VOA ။ ။မြန်မာဘက်မှာ လိုအပ်ချက်တွေရှိနေတာလား ၊ ဘယ်လိုမြင်ပါသလဲ။

ဦးရွှေဘ ။ ။ ဥပမာ ကျနော့်သူငယ်ချင်းတယောက်လေ… ဂျပန်မီးရထား ကုမ္ပဏီက အင်ဂျင်နီယာပဲ၊ သူက ရန်ကုန်က မြို့ပတ်ရထားကို ခေတ်မီအောင်လုပ်မယ်ဆိုတဲ့ အစီအစဉ်အတွက်.. အဲဒါ JICA ရဲ့အစီအစဉ်ပေ့ါနော်။ အဲဒါ မြန်မာနိုင်ငံကို သွားပြီးတော့ အကူအညီပေးတာပေါ့။ ဒါပေမယ့် အခုသူ စိတ်ပျက်ပြီးတော့ ပြန်လာတယ်။ ဟာ မလုပ်ချင်တော့ဘူးတဲ့… ဘာလို့လည်း မေးကြည့်တော့ မြန်မာနိုင်ငံအစိုးရ မီးရထားဝန်ကြီးက ဘာတခုမှ မလုပ်ဘူးတဲ့… အဲဒါ စိတ်ဆိုးနေတာ။ ဒါက မြန်မာနိုင်ငံက ပြဿနာ၊ မြန်မာဘက်က ပြဿနာပေါ့။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG