သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္ဒုကၡသည္ ျပန္လည္ေနရာခ်ထားေရး ဂ်ပန္ေထာက္ပံ့မည္


ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ Trinity Baptist ခရစ္ယာန္ ဘုရားေက်ာင္းမွာ ခိုလံႈေနၾကတဲ႔ စစ္ေရွာင္ကေလးငယ္မ်ား။ ေမလ ၆ ၂၀၁၈။

ျမန္မာႏိုင္ငံ ေျမာက္ပိုင္း ကခ်င္ျပည္နယ္အတြင္း ပဋိပကၡျဖစ္ပြားရာ နယ္ေျမေတြကေန အိုးအိမ္ စြန႔္ခြာသြားရသူေတြ အိမ္ျပန္ ႏိုင္ေရးအတြက္ အကူအညီေပးမယ့္ စီမံကိန္းတစ္ရပ္ကို အေကာင္အထည္ေဖာ္ဖို႔ ရွိေၾကာင္း ဂ်ပန္အစိုးရက ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ေႏွာင္းပိုင္းက ေၾကညာခဲ့ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ႏွစ္လယ္ပိုင္းမွာ စတင္မယ့္ ဒီ စီမံကိန္းအရ ပရဟိတအဖြဲ႕အစည္းျဖစ္တဲ့ Nippon Foundation နဲ႔အတူ ဂ်ပန္ အစိုးရအေနနဲ႔ ျမန္မာစစ္တပ္နဲ႔ ကခ်င္ လြတ္ေျမာက္ေရး တပ္ဖြဲ႕တို႔အၾကားက တိုက္ပြဲေတြေၾကာင့္ အိုးအိမ္ စြန႔္ခြာရသူ ၃၀၀၀ ကို အေမရိကန္ ေဒၚလာ ၅ သန္း ကုန္က်ခံၿပီး ကူညီမွာ ျဖစ္ပါတယ္။

ဒီ စီမံကိန္းအရ အိမ္ အလုံးေပါင္း ၅၀၀နဲ႔ ေရအိမ္ေတြအျပင္ လယ္သမားေတြ ဝင္ေငြတိုးေစဖို႔ စိုက္ပ်ိဳးေရးသင္တန္းေတြလည္း သင္ၾကားေပးသြားမွာျဖစ္ပါတယ္။ ျမန္မာစစ္တပ္နဲ႔ ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႕ (KIA) အၾကား တရားဝင္ အပစ္အခတ္ရပ္စဲထား ျခင္း မရွိတာေၾကာင့္ ဒီစီမံကိန္းရဲ႕ ကနဦး လုပ္ငန္းေတြကို ျမန္မာအစိုးရ ထိန္းခ်ဳပ္ထားတဲ့ ေနရာေတြမွာ စတင္မွာ ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ အတြင္း ျဖစ္ပြားခဲ့တဲ့ ပဋိပကၡဟာ ဆယ္စုႏွစ္ခ်ီၿပီး ၾကာျမင့္ေနခဲ့တာပါ။ ဒီအစီအစဥ္နဲ႔ နီးစပ္သူတစ္ဦးကေတာ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ တိုးတက္မႈေတြ ရလာတာနဲ႔အမွ် ဒီ စီမံကိန္းကို ကခ်င္ လြတ္ေျမာက္ေရး တပ္ဖြဲ႕ ထိန္းခ်ဳပ္ရာ ေနရာေတြမွာ တိုးခ်ဲ႕ လုပ္ေဆာင္သြားမယ္လို႔ ဂ်ပန္ႏိုင္ငံထုတ္ Nikkei Asian Review သတင္းဌာနကို ေျပာပါတယ္။

ကခ်င္ျပည္နယ္ဟာ ျပည္နယ္ထြက္ကုန္ေတြနဲ႔ တြင္းထြက္ပစၥည္းေတြကို ဆယ္စုႏွစ္ခ်ီၿပီး တ႐ုတ္ႏိုင္ငံကို တင္ပို႔ေနတာေၾကာင့္ စီးပြားေရးအရ တ႐ုတ္ႏိုင္ငံ အေပၚ မွီခို အားထားေနရတဲ့ ျပည္နယ္တစ္ခုျဖစ္ပါတယ္။ ျမန္မာစစ္တပ္ကို တိုက္ခိုက္ေနတဲ့ KIA တပ္ဖြဲ႕ကလည္း တ႐ုတ္ႏိုင္ငံဆီကေန လက္နက္ေတြ ဝယ္ယူရရွိေနတယ္လို႔ လည္းဆိုပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ျမန္မာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာလည္း တပ္မေတာ္၊ အစိုးရနဲ႔ တိုင္းရင္းသား လူနည္းစုေတြအၾကား ၾကားဝင္ ေဆာင္႐ြက္ေနခဲ့တာပါ။ ဒီ အခ်က္ေတြေၾကာင့္ ကခ်င္ျပည္နယ္ အပါအဝင္ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းဟာ တ႐ုတ္ႏိုင္ငံ အခိုင္အမာ ၾသဇာလႊမ္းမိုးေနတာ ျဖစ္ပါတယ္။

ဂ်ပန္အစိုးရနဲ႔အတူ လက္တြဲ လုပ္ေဆာင္မယ့္ Nippon Foundation ဥကၠဌ Yohei Sasakawa ဟာလည္း ျမန္မာႏိုင္ငံ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္ႏိုင္ငံရဲ႕ အထူးကိုယ္စားလွယ္ျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ျမန္မာႏိုင္ငံအတြင္း အမ်ိဳးမ်ိဳးေသာ အေျခခံ အေဆာက္အအုံ လုပ္ငန္းေတြမွာ ကူညီရင္း သံတမန္ေရးအရ အားသာမႈရေအာင္ ႀကိဳးစားေနၾကရာမွာ အခုအခါ ျမန္မာႏိုင္ငံအတြင္း အကဲဆတ္တဲ့ ျပည္တြင္း တိုင္းရင္းသားေရးရာ ပဋိပကၡဆိုင္ရာ ကိစၥေတြမွာပါ ယွဥ္ၿပိဳင္ ႀကိဳးစားလာ ေနၾကၿပီလို႔ Nikkei Asia Review က သုံးသပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကချင်ဒုက္ခသည် ပြန်လည်နေရာချထားရေး ဂျပန်ထောက်ပံ့မည်

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေကနေ အိုးအိမ် စွန့်ခွာသွားရသူတွေ အိမ်ပြန် နိုင်ရေးအတွက် အကူအညီပေးမယ့် စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်ဖို့ ရှိကြောင်း ဂျပန်အစိုးရက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းက ကြေညာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းမှာ စတင်မယ့် ဒီ စီမံကိန်းအရ ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ Nippon Foundation နဲ့အတူ ဂျပန် အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့တို့အကြားက တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာရသူ ၃၀၀၀ ကို အမေရိကန် ဒေါ်လာ ၅ သန်း ကုန်ကျခံပြီး ကူညီမှာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းအရ အိမ် အလုံးပေါင်း ၅၀၀နဲ့ ရေအိမ်တွေအပြင် လယ်သမားတွေ ဝင်ငွေတိုးစေဖို့ စိုက်ပျိုးရေးသင်တန်းတွေလည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အကြား တရားဝင် အပစ်အခတ်ရပ်စဲထား ခြင်း မရှိတာကြောင့် ဒီစီမံကိန်းရဲ့ ကနဦး လုပ်ငန်းတွေကို မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ စတင်မှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ဆယ်စုနှစ်ချီပြီး ကြာမြင့်နေခဲ့တာပါ။ ဒီအစီအစဉ်နဲ့ နီးစပ်သူတစ်ဦးကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတွေ ရလာတာနဲ့အမျှ ဒီ စီမံကိန်းကို ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ ထိန်းချုပ်ရာ နေရာတွေမှာ တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ ဂျပန်နိုင်ငံထုတ် Nikkei Asian Review သတင်းဌာနကို ပြောပါတယ်။

ကချင်ပြည်နယ်ဟာ ပြည်နယ်ထွက်ကုန်တွေနဲ့ တွင်းထွက်ပစ္စည်းတွေကို ဆယ်စုနှစ်ချီပြီး တရုတ်နိုင်ငံကို တင်ပို့နေတာကြောင့် စီးပွားရေးအရ တရုတ်နိုင်ငံ အပေါ် မှီခို အားထားနေရတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ KIA တပ်ဖွဲ့ကလည်း တရုတ်နိုင်ငံဆီကနေ လက်နက်တွေ ဝယ်ယူရရှိနေတယ်လို့လည်းဆိုပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသား လူနည်းစုတွေအကြား ကြားဝင် ဆောင်ရွက်နေခဲ့တာပါ။ ဒီ အချက်တွေကြောင့် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းဟာ တရုတ်နိုင်ငံ အခိုင်အမာ သြဇာလွှမ်းမိုးနေတာ ဖြစ်ပါတယ်။

ဂျပန်အစိုးရနဲ့အတူ လက်တွဲ လုပ်ဆောင်မယ့် Nippon Foundation ဥက္ကဌ Yohei Sasakawa ဟာလည်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ မြန်မာနိုင်ငံအတွင်း အမျိုးမျိုးသော အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ ကူညီရင်း သံတမန်ရေးအရ အားသာမှုရအောင် ကြိုးစားနေကြရာမှာ အခုအခါ မြန်မာနိုင်ငံအတွင်း အကဲဆတ်တဲ့ ပြည်တွင်း တိုင်းရင်းသားရေးရာ ပဋိပက္ခဆိုင်ရာ ကိစ္စတွေမှာပါ ယှဉ်ပြိုင် ကြိုးစားလာ နေကြပြီလို့ Nikkei Asia Review က သုံးသပ်ထားပါတယ်။

XS
SM
MD
LG