သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကချင် စစ်ဘေးရှောင်ကူညီခွင့် ကန်သံရုံးမေတ္တာရပ်ခံ


ကချင် စစ်ပြေးဒုက္ခသည် မိသားစုများ

ကချင်ပြည်နယ်ထဲမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရလောက်အောင် ပြင်းထန်နေတဲ့ တိုက်ပွဲတွေအတွက် အင်မတန်စိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန်သံရုံးက ဧပြီ လ ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ထဲမှာ လတ်တလော ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထွက်ပြေးနေရတဲ့ အပေါ်လည်း အလွန်စိုးရိမ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲတွေ အဆုံးသပ်ဖို့လည်း သက်ဆိုင်သူတွေကို တိုက်တွန်းထားပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်ရေး ခွင့်ပြုဖို့ တပ်မတော်နဲ့ အစိုးရကို မေတ္တာရပ်ခံတယ်လို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ပိုပြီးများလားတယ်လို့ ဒုက္ခသည်အရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း အင်ဂျန်းယန်မြို့နယ်ထဲမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြာင့် ကျေးရွာ ၁၀ ရွာလောက်က ဒုက္ခသည် ၁ ထောင်ကျော်ဟာ တန်ဖဲရွာဖက်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ထားသလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လာရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။ အခုရက်ပိုင်းတွေထဲ ပြန်လည်ပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် နမ္မတီးမြို့နယ်ထဲမှာလည်း စစ်ဘေးရှောင်သူ ၁ ထောင်ကျော်လောက် ရောက်နေပါတယ်။ ဒါ့အပြင် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာက ဒေသခံ ၁ထောင်လောက်ဟာလည်း တောတောင်တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကူညီရေးဆောင်ရွက်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG