သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် လူသားချင်းစာနာမှု အခြေအနေ ကုလစိုးရိမ်


မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ ပဋိပက္ခတွေအရှိန်မြင့်လာတဲ့အတွက် OCHA ခေါ် ကုလသမဂ္ဂ စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက လွန်စွာစိုးရိမ်မကင်းဖြစ်ရတယ်လို့ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ KIA တို့တိုက်ပွဲသစ်တွေကြောင့် ထောင်နဲ့ချီတဲ့ အရပ်သားတွေ ထွက်ပြေးရသလို မပြေးနိုင်သူအများအပြားဟာ တိုက်ပွဲတွင်းပိတ်မိနေကြပြီး သူတို့လုံခြုံမှုအတွက် အထူးစိုရိမ်စရာဖြစ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ထွက်ပြေးကြသူတွေအတွက် အစားအစာ၊ နေစရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေ၊ မိလ္လာစတာတွေ အပူတပြင်းလိုအပ်နေတယ်။ ဒါပေမယ့် အဲဒီနေရာကို အထူးသဖြင့် အစိုးရ မထိန်းချုပ်နိုင်တဲ့ နေရာတွေဆီကို ကယ်ဆယ်ရေးအဖွဲ့တွေ သွားရခက်ခဲလွန်းတယ်လို့ လည်းဖေါ်ပြထားပါတယ်။ နှစ်ဖက်စလုံး နိုင်ငံတကာ စာနာမှုဥပဒေကိုလိုက်နာပြီး အကြမ်းဖက်လုပ်ရပ်ကို ရပ်ဆိုင်းဖို့၊ ထောက်ပံ့ရေးအဖွဲ့တွေ သွားလာခွင့်ပေးဖို့နဲ့ အရပ်သားတွေပေါ် သက်ညှာဖို့ ကုလသမဂ္ဂကတောင်းဆိုတယ်လို့ Stephane Dujarric ကပြောကြားသွားပါတယ်။

ကချင်ပြည်နယ် လူသားချင်းစာနာမှု အခြေအနေ ကုလစိုးရိမ်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG