သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် Suga နုတ်ထွက်မယ်လို့ကြေညာ


ဂျပန် ဝန်ကြီးချုပ် Yoshihide Suga ကိုဗစ်ထိန်းချုပ်ရေးညီလာခံတခု မှာ စကားပြောစဉ် (ဓာတ်ပုံ - Reuters)
ဂျပန် ဝန်ကြီးချုပ် Yoshihide Suga ကိုဗစ်ထိန်းချုပ်ရေးညီလာခံတခု မှာ စကားပြောစဉ် (ဓာတ်ပုံ - Reuters)

(Zawgyi/Uncode)

ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က သူ ရာထူးက နုတ်ထွက်တော့မယ့်အကြောင်း ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ်သက်တမ်း တနှစ်လောက် ကာလအတွင်း ကိုဗစ်ကပ်ဘေးအပေါ် သူ့အစိုးရရဲ့ တုံ့ပြန်ကိုင်တွယ်မှုတွေ ဝေဖန်ခံခဲ့ရပြီး လူထုထောက်ခံမှု သိသိသာသာ ကျဆင်းနေချိန်မှာ ခုလိုနုတ်ထွက်မယ့်အကြောင်း ပြောဆိုလိုက်တာပါ။

နောက်တကြိမ် ရွေးကောက်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Suga က ဒီကနေ့ပဲ ကြေညာတာပါ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အဲ့ဒီအချိန်ဝန်ကြီးချုပ် Shinzo Abe ကျန်းမာရေးမကောင်းလို့ ရာထူးက နုတ်ထွက်ချိန် ဝန်ကြီးချုပ်တာဝန် ပြောင်းလဲယူလာခဲ့တဲ့ မစ္စတာ Suga အပေါ် အစောပိုင်းက မျှော်လင့်ချက်တွေ အများကြီး ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ဘေး တုံ့ပြန်ကိုင်တွယ်မှုတွေနဲ့ ကာကွယ်ဆေး အလျင်အမြန်ရအောင် ဆောင်ရွက်နိုင်ခြင်း မရှိတာတွေအတွက် သူ့အပေါ် လူထုထောက်ခံမှု ၃၀% အောက် ကျသွားခဲ့ပါတယ်။ သူ့အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် သုံးရမယ့် ခွန်အားတွေကို ကိုဗစ်တိုက်ဖျက်ရေးအတွက် အာရုံစိုက် လုပ်သွားချင်တယ်၊ ဒီနှစ်ခုကို တပြိုင်တည်းလုပ်နိုင်ဖို့တော့ မဖြစ်နိုင်ဘူးလို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက် ပါတီတွင်းရွေးကောက်ပွဲကနေ ဝန်ကြီးချုပ်သစ် ရွေးချယ်ပြီးစီးတဲ့ အချိန်အထိတော့ ဝန်ကြီးချုပ် Suga က တာဝန်မှာဆက်ရှိနေမှာဖြစ်ပါတယ်။

..............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG