သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ဂျပန် ပူးတွဲ ဒုံးခွင်းဒုံး စမ်းသပ်ပစ်ခတ်မှု အောင်မြင်


 ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောကနေ ဒုံးခွင်းဒုံး ပစ်လွှတ်နေစဉ် (US MISSILE DEFENSE AGENCY)
ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောကနေ ဒုံးခွင်းဒုံး ပစ်လွှတ်နေစဉ် (US MISSILE DEFENSE AGENCY)

အမေရိကန်နဲ့ ဂျပန်တို့ပူးတွဲပြီး ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောကနေ ဒုံးခွင်းဒုံးတစင်းကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပါတယ်။

Hawaii ပြည်နယ်၊ Kauai ကျွန်းကနေ သောကြာနေ့ညမှာ အဲဒီလို စမ်းသပ်ပစ်လွှတ်တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျွန်းပေါ်မှာရှိတဲ့ Pacific ဒုံးကျည်စခန်းကနေ တာလတ်ပစ် ဒုံးကျည်တစင်းကို အရင်ဆုံး ပစ်လွှတ်ပါတယ်။ အဲဒီဒုံးကျည်ကို USS John Paul ဖျက်သင်္ဘောကနေ ရေဒါနဲ့ ဖမ်းယူပြီး သင်္ဘောမှာတပ်ထားတဲ့ Aegis ဒုံးခွင်းဒုံးစနစ်နဲ့ အောင်အောင်မြင်မြင်ပဲ ကြားဖြတ် ပစ်ချလိုက်တာပါ။

ဂျပန်နဲ့အမေရိကန် အစိုးရနဲ့ စက်မှုကုန်ထုတ်လုပ်ငန်းအဖွဲ့တွေ ပူးတွဲထုတ်လုပ်တဲ့ ဒီဒုံးကျည်ဟာ နှစ်နိုင်ငံလုံးအတွက် အထူးပဲ အရေးပါကြောင်း၊ အဆုံးတနေ့မှာ ကမ္ဘာတဝန်း ပဲ့ထိန်းဒုံးကျည် ခြိမ်းခြောက်မှုအန္တရာယ်ကို ခုခံကာကွယ်နိုင်စွမ်း တိုးတက်စေမှာ ဖြစ်ကြောင်း ဒုံးကျည်ကာကွယ်ရေးအေဂျင်စီ MDA ညွှန်ကြားရေးမှူး ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး Jim Syring က သတင်းထုတ် ပြန်ချက်မှာ ပြောထားပါတယ်။

CNN သတင်းဌာနက ပြောတာအရဆိုရင် Aegis ဒုံးခွင်းဒုံးစနစ် တပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်ပါ ဖျက်သင်္ဘော အမေရိကန် ရေတပ်မှာ ၆၂ စင်းရှိပြီး ဂျပန်မှာ ၆ စင်းရှိပါတယ်။

ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောကနေ ဒုံးခွင်းဒုံး
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG