သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းကာတာအတွက် အာရှကန်သံရုံးတွေ အောက်မေ့ဖွယ်ကြေညာ


ဖိလစ်ပိုင်နိုင်ငံ အမေရိကန်သံရုံးမှာ သမ္မတဟောင်းဂျင်မီကာတာအတွက် အမှတ်တရ ရေးသားလိုသူတွေအတွက် ဖွင့်ပေးထားတဲ့ အောက်မေ့ဖွယ်စာအုပ်မှာ အမှတ်တရစာသားရေးသားနေစဥ်။ (ဓာတ်ပုံ- ဖိလစ်ပိုင်နိုင်ငံ အမေရိကန်သံရုံး fb/ဇန်နဝါရီ ၇၊ ၂၀၂၅)
ဖိလစ်ပိုင်နိုင်ငံ အမေရိကန်သံရုံးမှာ သမ္မတဟောင်းဂျင်မီကာတာအတွက် အမှတ်တရ ရေးသားလိုသူတွေအတွက် ဖွင့်ပေးထားတဲ့ အောက်မေ့ဖွယ်စာအုပ်မှာ အမှတ်တရစာသားရေးသားနေစဥ်။ (ဓာတ်ပုံ- ဖိလစ်ပိုင်နိုင်ငံ အမေရိကန်သံရုံး fb/ဇန်နဝါရီ ၇၊ ၂၀၂၅)

သမ္မတဟောင်းကာတာအတွက် အာရှကန်သံရုံးတွေ အောက်မေ့ဖွယ်ကြေညာ
please wait

No media source currently available

0:00 0:01:39 0:00

ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာအတွက် အောက်မေ့ဖွယ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမေရိကန်သံရုံးနဲ့ ချင်းမိုင်မြို့ အမေရိကန်ကောင်စစ်ဝန်ရုံးတွေကို ဇန္နဝါရီလ ၉ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ အမေရိကန်သံရုံးက ကြေညာပါတယ်။ ထိုင်းနိုင်ငံအပါအဝင် အာရှနိုင်ငံတွေ က အမေရိကန်သံရုံးတွေမှာ သမ္မတဟောင်းဂျင်မီကာတာအတွက် အောက်မေ့ဖွယ်အမှတ်တရ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဘဝတလျှောက်လုံး လူမှုအသိုက် အဝန်းအတွက် ကူညီစောင့်ရှောက်တဲ့ လုပ်ငန်းတွေ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သူ၊ ပဋိပက္ခတွေကြား အဖြေရှာနိုင်ရေးကို ကြိုးပမ်းခဲ့သူအဖြစ် သမ္မတဟောင်း ဂျင်မီကာတာကို ထိုင်းနိုင်ငံ အမေရိကန် သံရုံး Facebook လူမှုကွန်ယက်မှာ ဂုဏ်ပြုရေးထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အမေရိကန် သံရုံးကတော့ သမ္မတဟောင်း ဂျင်မီကာတာအတွက် အမှတ်တရ ဂုဏ်ပြု ရေးသားချင်သူ အများပြည်သူအားလုံးကို အွန်လိုင်းမှာ အောက်မေ့ဘွယ်အမှတ်တရ စာအုပ် ဖွင့်ပေးထားပါတယ်။ ဘဝတလျှောက်လုံး လူ့အခွင့်အရေး၊ အရှေ့အလယ်ပိုင်း အစ္စရေးနဲ့ အီဂျစ်ကြား Camp David လို့အမည်ပေးထားတဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းခဲ့သူ၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုအတွက် လုပ်ဆောင်ခဲ့သူ အမေရိကန် ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတဂျင်မီကာတာကို ဂုဏ်ပြုထားပါတယ်။

သမ္မတ တာဝန်တွေအပြင် ကမ္ဘာတဝှမ်း သန်းနဲ့ချီတဲ့ လူတွေရဲ့ ဘဝ တိုးတက်ရေး၊ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကို တည်ဆောက်ရေး ယုံကြည်ချက်တွေကို ပုံဖေါ်ရင်း ဘဝတလျှောက် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ အတွက် Carter Center ကတဆင့် ကူညီခဲ့တာတွေကို ချီးကျူးရေးထားပါတယ်။

သမ္မတဟောင်းကာတာအတွက် အာရှကန်သံရုံးတွေ အောက်မေ့ဖွယ်ကြေညာ
please wait

No media source currently available

0:00 0:02:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG