သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



BIDEN-COVID

အမေရိကန် သမ္မတ Joe Biden ဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း သူရဲ့ ဆရာဝန်က တနင်္ဂနွေနေ့က ပြောပါတယ်။ သမ္မတ အနေနဲ့ လည်ချောင်းနာနေတာ ဆက်ပြီး ခံစားနေရကာ ရောဂါလက္ခဏာတွေကတော့ ပျောက်ကင်းလာနေပြီဖြစ်ကြောင်း Dr Kevin O' Connon က သတင်းထုတ်ပြန်ပါတယ်။ 


{{Zawgyi/Unicode}}



please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

..............................................

သမ္မတ Biden ကိုဗစ် လက္ခဏာ ပျောက်ကင်းသက်သာလာပြီ

{{Zawgyi/Unicode}}
အမေရိကန် သမ္မတ Joe Biden ဟာ ပြီးခဲ့တဲ့ သီတင်းပတ် က ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း သူရဲ့ ဆရာဝန်က တနင်္ဂနွေနေ့က ပြောပါတယ်။ သမ္မတ အနေနဲ့ လည်ချောင်းနာနေတာ တခုပဲ အဓိက ဆက်ပြီး ခံစားနေရကာ ရောဂါလက္ခဏာတွေကတော့ သိသိသာသာကို ပျောက်ကင်းလာနေပြီဖြစ်ကြောင်း Dr Kevin O' Connon က သတင်းထုတ်ပြန်ပါတယ်။

သမ္မတ အနေနဲ့ စကားပြောရာမှာ အသံနည်းနည်း တိမ်နေသေးကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ သမ္မတအနေနဲ့ လည်ချောင်းနာ ဆက်ကျန်နေရတာကလည်း ခန္ဒာကိုယ်ထဲက ဗိုင်းရပ်ပိုးတွေကို ရှင်းလင်းနေချိန်ဖြစ်တဲ့အတွက်ကြောင့်လို့ ယူဆနိုင်ပါတယ်လို့လည်း Dr Kevin O' Connon က ပြောပါတယ်။

အခုဆိုရင် သမ္မတဟာ မူလ လက္ခဏာတွေဖြစ်ကြတဲ့ နှာရည်ယိုတာ၊ ချောင်းဆိုတာ၊ ခန္ဒာကိုယ် ကိုက်ခဲတာတွေ သိသိသာသာ လျော့ကျသွားပြီး သွေးခုံနှုန်း၊ သွေးတိုးနှုန်း ၊ အပူချိန် နဲ့ အသက်ရှုတဲ့အနေအထားတွေဟာ ပုံမှန်ဖြစ်နေပါပြီလို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း သမ္မတအနေနဲ့ CDC ကူးစက်ရောဂါထိန်းချုပ်ရေးဌာန က ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ အိမ်ဖြူတော်မှာပဲ သီးသန့်နေထိုင် အလုပ်လုပ်နေပါတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG