သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ ကန္ဒဏ္ခတ္ခဲ့တဲ့အမိန႔္ တႏွစ္သက္တမ္းတိုး


[[Zawgyi/Unicode]]

၂ဝ၂၁ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၁) ရက္ေန႔က အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ျပဌာန္းခဲ့တဲ့ ျမန္မာစစ္ေကာင္စီအေပၚဒဏ္ခတ္ခဲ့တဲ့ အမိန႔္အမွတ္ ၁၄၀၁၄ ကို သမၼတအိမ္ျဖဴေတာ္ကေန ေနာက္ထပ္တႏွစ္ သက္တမ္းတိုးလိုက္ပါတယ္။

ျမန္မာစစ္ေကာင္စီရဲ႕အေရးေပၚအေျခအေန ထပ္တိုးထုတ္ျပန္လိုက္ၿပီးေနာက္ အေမရိကန္သမၼတအိမ္ျဖဴေတာ္ကေန အဲဒီလို ေၾကညာခ်က္ထုတ္ျပန္လိုက္ တာျဖစ္ပါတယ္။ ဒီလို သက္တမ္းတိုးလိုက္တဲ့ ေၾကညာခ်က္ကို သမၼတဂ်ိဳးဘိုင္ဒန္လက္မွတ္နဲ႔ ေဖေဖာ္ဝါရီလ ၆ ရက္၊ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တာပါ။

ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျမန္မာစစ္တပ္ဟာ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ခံအရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး ေခါင္းေဆာင္ေတြကို ဖမ္းဆီး ေထာင္ခ်ခဲ့တယ္လို႔လည္း ေရးသားထားပါတယ္။

ဒါ့ျပင္ ႏိုင္ငံေရးသမားေတြ၊ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ၊ သတင္းမီဒီယာသမားေတြနဲ႔ ဘာသာေရးေခါင္းေဆာင္ေတြအပါအဝင္ လူေပါင္းမ်ားစြာကို ဖမ္းဆီးတာ၊ သတ္ျဖတ္ေတြကို က်ဴးလြန္ခဲ့ပါတယ္လို႔လည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။ ဒီလို စစ္ေကာင္စီရဲ႕လုပ္ရပ္ဟာ မိမိတို႔အေမရိကန္ ျပည္ေထာင္စုရဲ႕ အမ်ိဳးသားလုံၿခဳံေရးနဲ႔ ႏိုင္ငံျခားေရးမူဝါဒေတြကို ထူးျခားတဲ့ ၿခိမ္းေျခာက္မႈေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာစစ္ေကာင္စီအေပၚဒဏ္ခတ္ခဲ့တဲ့ အမိန႔္အမွတ္ ၁၄၀၁၄ ကို ထပ္မံၿပီး တႏွစ္သက္တမ္းတိုးရတာျဖစ္ပါတယ္လို႔လည္း အိမ္ျဖဴေတာ္ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

စစ်ကောင်စီအပေါ် ကန်ဒဏ်ခတ်ခဲ့တဲ့အမိန့် တနှစ်သက်တမ်းတိုး

၂ဝ၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြဌာန်းခဲ့တဲ့ မြန်မာစစ်ကောင်စီအပေါ်ဒဏ်ခတ်ခဲ့တဲ့ အမိန့်အမှတ် ၁၄၀၁၄ ကို သမ္မတအိမ်ဖြူတော်ကနေ နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့အရေးပေါ်အခြေအနေ ထပ်တိုးထုတ်ပြန်လိုက်ပြီးနောက် အမေရိကန်သမ္မတအိမ်ဖြူတော်ကနေ အဲဒီလို ကြေညာချက်ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။ ဒီလို သက်တမ်းတိုးလိုက်တဲ့ ကြေညာချက်ကို သမ္မတဂျိုးဘိုင်ဒန်လက်မှတ်နဲ့ ဖေဖော်ဝါရီလ ၆ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး ခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဒါ့ပြင် နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပါအဝင် လူပေါင်းများစွာကို ဖမ်းဆီးတာ၊ သတ်ဖြတ်တွေကို ကျူးလွန်ခဲ့ပါတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။ ဒီလို စစ်ကောင်စီရဲ့လုပ်ရပ်ဟာ မိမိတို့အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ထူးခြားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်ကောင်စီအပေါ်ဒဏ်ခတ်ခဲ့တဲ့ အမိန့်အမှတ် ၁၄၀၁၄ ကို ထပ်မံပြီး တနှစ်သက်တမ်းတိုးရတာဖြစ်ပါတယ်လို့လည်း အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG