သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ဗြိတိန်အရေး အရေးပေါ်အစည်းအဝေး တက်ရန် ဥရောပရောက်ရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဥရောပကို ရောက်ရှိနေ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဥရောပကို ရောက်ရှိနေ

အီးယူ ဥရောပသမဂ္ဂထဲကနေ UK နိုင်ငံ နုတ်ထွက်ဖို့ လူထုဆန္ဒခံယူပွဲကနေ ဆုံးဖြတ်လိုက်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်တဲ့ အရေးပေါ် အစည်းအဝေးတွေကို တက်ရောက်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဥရောပကို ရောက်ရှိနေပါတယ်။

"အရေးကြီးဆုံးကတော့ - ပြဿနာတွေ နည်းအောင်လုပ်နိုင်မယ့် နည်းလမ်းတွေ၊ ကျနော်တို့ကြားက အခြေခံတူညီတဲ့ စံတန်ဖိုးတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်အောင် အသိဉာဏ်ရှိရှိနဲ့ ရှေ့ခရီးဆက်နိုင်မယ့် နည်းလမ်းတွေ ရှိတယ် ဆိုတာကို နားလည်ပြီး အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက် ကိုင်တွယ်သွားနိုင်အောင်၊ ဈေးကွက်ကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်အောင် ကျနော်တို့ ခေါင်းဆောင်တွေ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်တယ်။” – လို့ ဥရောပကိုရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကယ်ရီက ပြောသွားတာပါ။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့တွေကို ဒီကနေ့ သွားရောက်နေတဲ့ ဝန်ကြီး ကယ်ရီ အနေနဲ့ ဗြိတိန်အပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ပြသဖို့ဖြစ်သလို၊ ကျန်တဲ့ အီးယူအဖွဲ့ဝင် နိုင်ငံတွေကိုလည်း အီးယူထဲမှာ ဆက်ပြီး ရှိနေဖို့ အရေးကြီးတဲ့အကြောင်းတွေကို ပြောကြားလိမ့်မယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။

အီးယူထဲကနေ UK နုတ်ထွက်မယ့် ကိစ္စ စိတ်မကောင်းဖြစ်ရပေမဲ့ မကြာခင်မှာ အဖွဲ့ဝင် ၂၇ နိုင်ငံနဲ့ဆက်ရှိနေမယ့် အီးယူနဲ့ နီးကပ်တဲ့ဆက်ဆံရေး ဆက်လက် ထားရှိသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးကယ်ရီက တနင်္ဂနွေနေ့တုန်း က ပြောကြားခဲ့ပါတယ်။ ဗြိတိန် ထွက်ပြီးသွားတဲ့အခါ ဘယ်လို ရှေ့ဆက်သွား ကြမလဲ ဆိုတာနဲ့ပတ်သက်လို့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီ အပါအဝင် ဥရောပ အင်အားကြီးနိုင်ငံတွေက အဆင့်မြင့်သံတမန်တွေလည်း ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

XS
SM
MD
LG