သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရင့် အထက်လွှတ်တော်အမတ် John McCain ကွယ်လွန်မှု အာရှ နဲ့ အရှေ့အလယ်ပိုင်း ဂါရဝပြု


ကွယ်လွန်သူ အမေရိကန်လွှတ်တော်အမတ် John McCain ရဲ့ နှစ်ပေါင်းများစွာ နိုင်ငံရပ်ခြားရေးရာဆိုင်ရာ လုပ်ဆောင်ခဲမှုတွေနဲ့ ပတ်သက်ပြီး အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဂုဏ်ပြုချီးကြူးမှုတွေနဲ့ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ လမ်းတလမ်းကို သူ့နာမည်ပေးဖို့ တောင်းဆိုမှုတွေ အပါအဝင် ဂုဏ်ပြုမှတ်တမ်းတင်မှုတွေ လုပ်ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန် သမ္မတ Asharf Ghani ကတော့ အထက်လွှတ်တော်အမတ် John McCain ကွယ်လွန်မှုအတွက် သူ့မိသားစုနဲ့ မိတ်ဆွေတွေက ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ သူဟာ မိတ်ဆွေကောင်းဖြစ်ပြီး နမူနာယူထိုက်သူဖြစ်ကြောင်း သူ့တွစ်တာမှာ ရေးပါတယ်။ အာဖဂန်အစိုးရအကြီးအကဲ Abdullah Abdullah ကလည်း မစ္စတာMcCain ရဲ့ ကွယ်လွန်မှုအတွက် ဝမ်းနည်းရကြောင်း သူ့တွစ်တာမှာ ရေးပါတယ်။

မစ္စတာ McCain မကြာခဏ သွားရောက်လေ့ရှိတဲ့ ပါကစ္စတန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi ကလည်း ပါကစ္စတန်ပြည်သူတွေနဲ့အတူ ဆုတောင်းပေးနေကြောင်းပြောပါတယ်။

အထူးသဖြင့် မစ္စတာ မက်ကိန်း နှစ်ပေါင်း ၅ နှစ်ကျော် စစ်အကျဉ်းသားအဖြစ် နေခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံကတော့ မစ္စတာ မက်ကိန်းနာမည်နဲ့ လမ်းတလမ်းကို နာမည်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ မစ္စတာ မက်ကိန်းဟာ ၁၉၉၃ ခုနှစ်က သမီးတယောက်ကို မွေးစားခဲ့တာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မစ္စတာ မက်ကိန်း ကွယ်လွန်တာဟာ ဘင်္ဂလားဒေ့ရှ်အတွက် မိတ်ဆွေကောင်းတယောက် ဆုံးရှုံးရတာလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG