သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ သင်္ဘောတွေ ပစ်ခတ်ခံရပြီးနောက် အနီးအနားရွာ ဖျက်ဆီးခံရ


ဧရာဝတီမြစ်ကို ဆန်တက်တဲ့ စစ်ကောင်စီသင်္ဘောတွေ အနီးနားရွာတချို့ကို ပစ်ခတ် (ဇူလိုင် ၂၆၊ ၂၀၂၃)
ဧရာဝတီမြစ်ကို ဆန်တက်တဲ့ စစ်ကောင်စီသင်္ဘောတွေ အနီးနားရွာတချို့ကို ပစ်ခတ် (ဇူလိုင် ၂၆၊ ၂၀၂၃)

မန္တလေး၊ ဗန်းမော်အသွား စစ်သင်္ဘောတချို့ ဒီကနေ့ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီ တပ်တွေက ပြန်လှန်ပစ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ အနီးအနားကရွာမှာ ဖျက်ဆီးမှုတွေနဲ့ သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြစ်ကြောင်းတလျှောက် ဆန်တက်လာတဲ့ စစ်သင်္ဘော ၆ စီး တိုက်ခိုက်ခံခဲ့ရပြီးနောက် ကသာမြို့နယ် တုပ်ကြီးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ အခြေအနေကို ဒေသခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အခုလောလောဆည် ကျနော် နံမည်နဲ့တကွ စာရင်းရထားတာတော့ ၂၆ အိမ်ရှိပြီ။ ၃၀ ကျော်အထက်ဖြစ်မှာ။ အသေအပျောက်ရှိတယ် ၂ယောက်။ မီးလောင်ပြီးတော့ သေနေတာက ၂ယောက်။ စံပြကုန်းရွာသားတဲ့ ၂ ယောက်။ ဖမ်းခေါ်သွားတာ ၅ ယောက်ရှိတဲ့အထဲမှာ အဲဒီ ၅ ယောက်က သူတို့ပါသွားသလား အဲဒီမှာ သတ်ပြီးမှ ပစ်ထားခဲ့တာလား မသေချာသေးဘူး။ သူက ကမ်းပါးနဲ့နီးတော့ အဲဒီကမ်းပါးထဲမှာ ရေငုပ်ပြီး ရှာနေကြတုံး။”

စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့ ရာမှာ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကိုပါ မီးရှို့ခဲ့ကြတယ်လို့ ရေနီရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ရေကြောင်းက လိုက်ပါလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ သေဆုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေက လတ်တလော သီးခြားစုံစမ်းအတည်ပြုလို့တော့ မရသေးသလို၊ ဒီကနေ့ ကသာဒေသတဝိုက်မှာတိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG