သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္အာဇာနည္ေန႔စီစဥ္သူ လူငယ္ႏွစ္ဦး အေရးယူခံရ


ႏွစ္ ၇၀ ျပည့္ ကရင္အာဇာနည္ေန႔အျဖစ္ ၾသဂုတ္လ ၁၂ ရက္ေန႔ မနက္ပိုင္း မဟာဗႏၶဳလ ပန္းၿခံေရွ႕မွာ က်င္းပတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕မွာ ကရင္အာဇာနည္ေန႔အျဖစ္ ဒီကေန႔ က်င္းပခဲ့ရာမွာ ဦးေဆာင္စီစဥ္သူ ၂ ေယာက္ကုိ ရဲတပ္ဖဲြ႔က အမႈဖြင့္အေရးယူဖုိ႔ စီစဥ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ကရင္တုိင္းရင္းသားေတြ စုေ၀းၿပီး ကရင္အာဇာနည္ေန႔အျဖစ္ က်င္းပရာမွာ ဦးေဆာင္သူေတြျဖစ္တဲ့ စသိန္းေဇာ္မင္းနဲ႔ ေစာဆာကြာလာတို႔ ႏွစ္ ဦးကို ရဲတပ္ဖဲြ႔က အခမ္းအနားအတြင္းမွာပဲ ဖမ္းဆီးၿပီး ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာ ဥပေဒပုဒ္မနဲ႔ အမႈဖြင့္လုိက္တာပါ။ ၿငိမ္းစုစီလုိ႔ လူသိမ်ားတဲ့ ပုဒ္မ ၂၀ နဲ႔ အမႈဖြင့္ခဲ့ၿပီးေနာက္ ဖမ္းဆီးခံရသူ ႏွစ္ ဦးကုိ အမႈဖြင့္ၿပီး အာမခံနဲ႔ ျပန္လႊတ္ေပးလုိက္ေၾကာင္းလည္း ေက်ာက္တံတားရဲစခန္း တာ၀န္ရွိသူတေယာက္က ဗြီအုိေအကုိ ေျပာပါတယ္။

“လႊတ္လိုက္ၿပီ။ ၿငိမ္း ၂၀။ ႏွစ္ ေယာက္တည္းပါ။။”

ကရင္တုိင္းရင္းသားေတြရဲ႕ ေတာ္လွန္ေရးလႈပ္ရွားမႈကုိ ဦးေဆာင္ခဲ့တဲ့ ေစာဘဦးႀကီးကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ကရင္အာဇာနည္ေန႔အျဖစ္ သတ္မွတ္ၿပီး က်င္းပလာရာမွာ မၾကာေသးခင္ႏွစ္ေတြမွာေတာ့ ရန္ကုန္ၿမိဳ႕မွာပါ လႈပ္ရွားမႈေတြ ေတြ႔ခဲ့ရသလုိ ဖမ္းဆီးအေရးယူမႈေတြလည္း ရွိခဲ့ပါတယ္။ ၿငိမ္းစုစီဥပေဒအရ အခမ္းအနား က်င္းပဖို႔အတြက္ ရဲစခန္းကုိ အေၾကာင္းၾကားထားေပမဲ့ ဦးေဆာင္သူ ႏွစ္ ေယာက္ကုိ အေရးယူဖုိ႔ ႀကိဳးပမ္းတာဟာ ဖိႏွိပ္တဲ့လုပ္ရပ္အျဖစ္နဲ႔လည္း ဒီကေန႔အခမ္းအနားမွာ ပါ၀င္ခဲ့သူတဦးျဖစ္တဲ့ ကိုေစာေက်ာ္လင္းက ေျပာပါတယ္။

“ႏိုင္ငံေတာ္ကို ဦးေဆာင္ေနတဲ့ အစိုးရေတြ တာ၀န္ရွိတဲ့လူေတြက အာဏာရွင္စနစ္ကို က်င့္သံုးေနတာပဲလို႔ က်ေနာ္ ေျပာခ်င္တယ္။ ဘာလို႔လည္းဆိုေတာ့ အရင္ေခတ္ကာလတုန္းက က်ေနာ္တို႔႔ကို စစ္အစိုးရဆိုေတာ့ လက္နက္နဲ႔ က်ေနာ္တို႔ကို ဖိႏွိပ္တယ္။ ခ်ဳပ္ခ်ယ္တ ယ္၊ ကန္႔သတ္တယ္၊ အႏိုင္က်င့္တယ္။ အခုက်ေတာ့ အဲ့လိုမ်ိဳးမဟုတ္ဘဲနဲ႔ ေျပာင္းလဲလာတဲ့ ဒီမိုကေရစီအစိုးရလို႔ ေၾကြးေၾကာ္ၿပီးေတာ့ က်ေနာ္တို႔ကို ဥပေဒအရပဲေျပာေျပာ လႊတ္ေတာ္အရပဲေျပာေျပာ က်ေနာ္တို႔ကို ဖိႏွိပ္ခြဲျခား ဆက္ဆံတယ္လို႔ပဲ က်ေနာ္ ေျပာခ်င္တယ္။”

ကရင္ေတာ္လွန္ေရး လႈပ္ရွားမႈကုိ ဦးေဆာင္ခဲ့သူ ေစာဘဦးႀကီးကြယ္လြန္တာ ႏွစ္ေပါင္း ၇၀ ရွိခဲ့ေပမဲ့ တုိင္းရင္းသားေတြ တန္းတူအခြင့္အေရး မရႏုိင္ေသးတာေၾကာင့္ အခုလုိ လႈပ္ရွားမႈေတြ လုပ္ေနရတာလုိ႔လည္း ဒီကေန႔အခမ္းအနားမွာ ပါ၀င္ခဲ့သူတဦးလည္းျဖစ္ လာမယ့္ ႏုိ၀င္ဘာလ ေရြးေကာက္ပြဲမွာ ရန္ကုန္တိုင္း ကရင္တိုင္းရင္းသားေရးရာ ၀န္ႀကီးေနရာအတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ကုိယ္စားလွယ္ေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းထားတဲ့ ေဒၚေနာ္အံုးလွကေျပာပါတယ္။

“က်မတို႔သြားမွာက ဖက္ဒရယ္လို႔ ေျပာတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ လက္ရွိမွာလည္း ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြနဲ႔ အနာဂတ္ဖက္ဒရယ္ကို ေဆာင္ရြက္ေနတဲ့အခါမွာ တိုင္းရင္းသား အခြင့္အေရးတို႔ တန္းတူ အခြင့္အေရးတို႔ရသင့္တယ္။ ဒါေပမဲ့ လက္ရွိၿငိမ္းခ်မ္းေရး ေဆြးေႏြးတဲ့ဟာလည္း တကယ္တမ္းက်ရင္ တရားမွ်တမႈ မရွိေသးဘူးေျပာခ်င္တာ။ ဘက္မညီဘူးေပါ့ေနာ္။ အဲ့အတြက္ ၿငိမ္းခ်မ္းေရး အလွမ္းေ၀းေနဆဲပဲ။ ေျပာရရင္ေတာ့ တရားဥပေဒ စိုးမိုးေရးတို႔ ၿငိမ္းခ်မ္းေရးတို႔ တရားမွ်တမႈတို႔ဆိုတာ က်မတို႔ အမ်ားႀကီး ႀကိဳးစားရအံုးမယ့္ ကိစၥျဖစ္တယ္။”

ကရင္အာဇာနည္ေန႔ကုိ ကရင္ျပည္နယ္၊ မြန္ျပည္နယ္နဲ႔ ဧရာ၀တီတုိင္းစတဲ့ ကရင္တုိင္းရင္းသားေတြရွိရာ ေဒသေတြအျပင္ မၾကာေသးခင္ႏွစ္ေတြကစ ရန္ကုန္တိုင္းမွာပါ စတင္က်င္းပလာခဲ့ၾကတာပါ။ ဒီႏွစ္မွာေတာ့ ကုိဗစ္ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္ ျဖစ္တာေၾကာင့္ က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔အညီ က်င္းပမယ့္အေၾကာင္း စီစဥ္သူေတြက မေန႔တုန္းကပဲ အာဏာပုိင္ေတြကုိ အေၾကာင္းၾကားခဲ့ေပမဲ့ ဦးေဆာင္သူ ႏွစ္ ေယာက္ကုိ ေခတၱထိန္းသိမ္းၿပီး အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

ၿငိမး္စုစီဥပေဒနဲ႔ တက္ၾကြလႈပ္ရွားသူေတြကုိ မၾကာခဏ ဖမ္းဆီးအေရးယူေလ့ရွိတဲ့အတြက္ ဖ်က္သိမ္းဖုိ႔ ျပည္တြင္းျပည္ပက ေတာင္းဆုိမႈေတြ ရွိခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္မွာပဲ မူလတုန္းက ဥပေဒမွာ ခြင့္ျပဳခ်က္ေတာင္းခံဖုိ႔ ျပဌာန္းထားတာကုိ အသိေပးအေၾကာင္းဖုိ႔ ျပင္ဆင္ခဲ့ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင်အာဇာနည်နေ့စီစဉ်သူ လူငယ်နှစ်ဦး အရေးယူခံရ

ရန်ကုန်မြို့မှာ ကရင်အာဇာနည်နေ့အဖြစ် ဒီကနေ့ ကျင်းပခဲ့ရာမှာ ဦးဆောင်စီစဉ်သူ ၂ ယောက်ကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကရင်တိုင်းရင်းသားတွေ စုဝေးပြီး ကရင်အာဇာနည်နေ့အဖြစ် ကျင်းပရာမှာ ဦးဆောင်သူတွေဖြစ်တဲ့ စသိန်းဇော်မင်းနဲ့ စောဆာကွာလာတို့ နှစ် ဦးကို ရဲတပ်ဖွဲ့က အခမ်းအနားအတွင်းမှာပဲ ဖမ်းဆီးပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ အမှုဖွင့်လိုက်တာပါ။ ငြိမ်းစုစီလို့ လူသိများတဲ့ ပုဒ်မ ၂၀ နဲ့ အမှုဖွင့်ခဲ့ပြီးနောက် ဖမ်းဆီးခံရသူ နှစ် ဦးကို အမှုဖွင့်ပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်းလည်း ကျောက်တံတားရဲစခန်း တာဝန်ရှိသူတယောက်က ဗွီအိုအေကို ပြောပါတယ်။

“လွှတ်လိုက်ပြီ။ ငြိမ်း ၂၀။ နှစ် ယောက်တည်းပါ။။”

ကရင်တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ စောဘဦးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာရာမှာ မကြာသေးခင်နှစ်တွေမှာတော့ ရန်ကုန်မြို့မှာပါ လှုပ်ရှားမှုတွေ တွေ့ခဲ့ရသလို ဖမ်းဆီးအရေးယူမှုတွေလည်း ရှိခဲ့ပါတယ်။ ငြိမ်းစုစီဥပဒေအရ အခမ်းအနား ကျင်းပဖို့အတွက် ရဲစခန်းကို အကြောင်းကြားထားပေမဲ့ ဦးဆောင်သူ နှစ် ယောက်ကို အရေးယူဖို့ ကြိုးပမ်းတာဟာ ဖိနှိပ်တဲ့လုပ်ရပ်အဖြစ်နဲ့လည်း ဒီကနေ့အခမ်းအနားမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကိုစောကျော်လင်းက ပြောပါတယ်။

“နိုင်ငံတော်ကို ဦးဆောင်နေတဲ့ အစိုးရတွေ တာဝန်ရှိတဲ့လူတွေက အာဏာရှင်စနစ်ကို ကျင့်သုံးနေတာပဲလို့ ကျနော် ပြောချင်တယ်။ ဘာလို့လည်းဆိုတော့ အရင်ခေတ်ကာလတုန်းက ကျနော်တို့ကို စစ်အစိုးရဆိုတော့ လက်နက်နဲ့ ကျနော်တို့ကို ဖိနှိပ်တယ်။ ချုပ်ချယ်တ ယ်၊ ကန့်သတ်တယ်၊ အနိုင်ကျင့်တယ်။ အခုကျတော့ အဲ့လိုမျိုးမဟုတ်ဘဲနဲ့ ပြောင်းလဲလာတဲ့ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ပြီးတော့ ကျနော်တို့ကို ဥပဒေအရပဲပြောပြော လွှတ်တော်အရပဲပြောပြော ကျနော်တို့ကို ဖိနှိပ်ခွဲခြား ဆက်ဆံတယ်လို့ပဲ ကျနော် ပြောချင်တယ်။”

ကရင်တော်လှန်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ စောဘဦးကြီးကွယ်လွန်တာ နှစ်ပေါင်း ၇၀ ရှိခဲ့ပေမဲ့ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး မရနိုင်သေးတာကြောင့် အခုလို လှုပ်ရှားမှုတွေ လုပ်နေရတာလို့လည်း ဒီကနေ့အခမ်းအနားမှာ ပါဝင်ခဲ့သူတဦးလည်းဖြစ် လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားတဲ့ ဒေါ်နော်အုံးလှကပြောပါတယ်။

“ကျမတို့သွားမှာက ဖက်ဒရယ်လို့ ပြောတယ်ပေါ့နော်။ နောက်ပြီးတော့ လက်ရှိမှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ အနာဂတ်ဖက်ဒရယ်ကို ဆောင်ရွက်နေတဲ့အခါမှာ တိုင်းရင်းသား အခွင့်အရေးတို့ တန်းတူ အခွင့်အရေးတို့ရသင့်တယ်။ ဒါပေမဲ့ လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးတဲ့ဟာလည်း တကယ်တမ်းကျရင် တရားမျှတမှု မရှိသေးဘူးပြောချင်တာ။ ဘက်မညီဘူးပေါ့နော်။ အဲ့အတွက် ငြိမ်းချမ်းရေး အလှမ်းဝေးနေဆဲပဲ။ ပြောရရင်တော့ တရားဥပဒေ စိုးမိုးရေးတို့ ငြိမ်းချမ်းရေးတို့ တရားမျှတမှုတို့ဆိုတာ ကျမတို့ အများကြီး ကြိုးစားရအုံးမယ့် ကိစ္စဖြစ်တယ်။”

ႏွစ္ ၇၀ ျပည့္ ကရင္အာဇာနည္ေန႔အျဖစ္ ၾသဂုတ္လ ၁၂ ရက္ေန႔ မနက္ပိုင္း မဟာဗႏၶဳလ ပန္းၿခံေရွ႕မွာ က်င္းပတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၁၂၊ ၂၀၂၀)
ႏွစ္ ၇၀ ျပည့္ ကရင္အာဇာနည္ေန႔အျဖစ္ ၾသဂုတ္လ ၁၂ ရက္ေန႔ မနက္ပိုင္း မဟာဗႏၶဳလ ပန္းၿခံေရွ႕မွာ က်င္းပတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၁၂၊ ၂၀၂၀)

ကရင်အာဇာနည်နေ့ကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းစတဲ့ ကရင်တိုင်းရင်းသားတွေရှိရာ ဒေသတွေအပြင် မကြာသေးခင်နှစ်တွေကစ ရန်ကုန်တိုင်းမှာပါ စတင်ကျင်းပလာခဲ့ကြတာပါ။ ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန် ဖြစ်တာကြောင့် ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ကျင်းပမယ့်အကြောင်း စီစဉ်သူတွေက မနေ့တုန်းကပဲ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမဲ့ ဦးဆောင်သူ နှစ် ယောက်ကို ခေတ္တထိန်းသိမ်းပြီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ငြိမ်းစုစီဥပဒေနဲ့ တက်ကြွလှုပ်ရှားသူတွေကို မကြာခဏ ဖမ်းဆီးအရေးယူလေ့ရှိတဲ့အတွက် ဖျက်သိမ်းဖို့ ပြည်တွင်းပြည်ပက တောင်းဆိုမှုတွေ ရှိခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာပဲ မူလတုန်းက ဥပဒေမှာ ခွင့်ပြုချက်တောင်းခံဖို့ ပြဌာန်းထားတာကို အသိပေးအကြောင်းဖို့ ပြင်ဆင်ခဲ့ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG