သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ထိန်းချုပ်ဒေသ တိုက်ပွဲတွေကြောင့် ဒုက္ခသည်အရေအတွက် ၇ သိန်းကျော်


ကရင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်များ။ (ဓာတ်ပုံ KNU/မှတ်တမ်းဓာတ်ပုံ)
ကရင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်များ။ (ဓာတ်ပုံ KNU/မှတ်တမ်းဓာတ်ပုံ)

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူ (သထုံ) ခရိုင်၊ တောအူး (တောင်ငူ) ခရိုင်၊ ခလယ်လွီထူ (ညောင်လေးပင် )ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင်တွေမှာ စစ်ကောင်စီရဲ့လူ့အခွင့်ရေးချိုးဖောက်မှုနဲ့နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လူထုအရေအတွက် (၇၁၇,၆၂၆) ဦးအထိ ရှိလာပြီလို့ KNU က အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင်တွေမှာ နှစ်ဘက်တိုက်ပဲွတွေကြောင့်ကော စစ်ကောင်စီရဲ့လူအခွင့်ရေး ချိုးဖောက်မှုတွေကြောင့်ပါ စစ်ဘေးရှောင်နေရတဲ့ပြည်သူ ၇၁၀,၀၀၀ ကျော် ရှိတယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။၊ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဘာကြောင့် ဒုက္ခသည်တွေပိုများလာသလဲဆိုတာကို ကရင်ငြိမ်းချမ်းရေးအထောက်ကူပြု ကွန်ယက် ကပြောရေးဆိုခွင့်ရှိသူ စောလားကပေါ်က အခုလိုပြောပါတယ်။

" KNU က ထုတ်ပြန်တာကတော့ သူတို့ရဲ့ အဲဒီ Information ကတော့ ကျနော်တို့ပြောစရာမရှိပါဘူး။ မရှိဘူးဆိုတာက Update ဖြစ်တာကိုး။ အောက်တိုဘာလအထိဆိုတော့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ကတော့ စက်တင်ဘာလ ၂၆ ရက်နေ့ထိကောက်ခံတဲ့စာရင်းအရတော့ ၆၃၀,၀၀၀ ကျော်ပဲရှိတယ်။ ဒီတလနှစ်လအတွင်းမှာ တိုက်ပွဲတွေဖြစ်တော့ ရွာတွေကလူတွေက ပိုပြီးပြေးလာကြတယ်။ လူနေတဲ့နေရာကိုပစ်တာလည်းရှိတယ်။ လေယာဉ်နဲ့လည်း လူရှိတဲ့နေရာကိုပဲ လာလာပစ်တော့ တိုက်ပွဲဖြစ်တာနဲ့ လူတွေကမနေရဲတော့ဘူး။ အဲဒီ ပတ်ဝန်းကျင်ရွာတွေကလည်း ထိုနည်းလည်ကောင်းပဲ၊ မနေရဲကြတော့ဘူး။
...ရွာအနီးနားက စစ်တပ်တွေကလည်း ရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်တယ်။ ရွာထဲရောက်ရင် ရွာသားပစည်းတွေယူတယ်။ ဖျက်ဆီးတယ်။ အဲဒါသူတို့လုပ်နေကျပါပဲ။ လူနေတဲ့နေရာကို ပစ်တာလည်းရှိတယ်။"

ပြည်တွင်းမှာလည်း စစ်ကောင်စီက လူသားချင်းစာနာမှုအကူအညီတွေကို ဟန့်တားနှောင့်ယှက်နေသလို ကရင်ပြ့ည်နယ်အတွှင်းမှာ စားနပ်ရိက္ခာတွေသယ်ဆောင်တာကို ကန့်သတ်တားဆီးတာလုပ်နေတယ်လို့လည်းပြောပါတယ်။ ဒီအတွက် လူသားချင်းစားနာတဲ့အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်းဆိုပါတယ်။

"ဒုက္ခသည်တွေအနေနဲ့က စားနပ်ရိက္ခာက အတော်နည်းနေတယ်။ ပြည်တွင်းမှာမရောက်သလောက်ဖြစ်နေတယ်။ ပြည်တွင်းထဲမှာက တပ်မဟာ (၂) တို့။ (၃)တို့က စားနပ်ရိက္ခာတွေသွားတဲ့လမ်းကို စစ်တပ်က ဖြတ်တောက်ထားတယ်။ လူတယောက်ကို ဆန်တပြည် နှစ်ပြည်လောက်ပဲ သယ်ဆောင်လို့ရတယ်။ အဲဒီထက်ပိုသယ်လို့ရှိရင် ပါမစ်တွေပြရတယ်။ အတော်ခေါင်တဲ့နေရာမှာဆို ဆန်တွေကို သိမ်းပစ်တယ်။ လူတွေကိုလည်း ဖမ်းဆီးနှိပ်စက်တာတွေရှိတယ်။ စားနပ်ရိက္ခာက သယ်ဆောင်ဖို့ အတော်ခက်ခဲတာတွေရှိတယ်။

ကရင်အမျိုးသားအစည်းအရုံးကတော့ စစ်ဘေးရှောင် လူထု ၂ သိန်း ၆ သောင်း (၂၆၀,၀၀၀) ကျော်အတွက် စားနပ်ရိက္ခာတွေ ကူညီပေးခဲ့တယ်လို့ပြောခဲ့ပြီး နောက်ထပ်လည်း စားနပ်ရိက္ခာတွေ လိုအပ်နေသေးတယ်လို့လည်း ပြောပါတယ်။

ကရင်လူ့အခွင့်ရေးအဖွဲ့တွေ။ စစ်ဘေးရှောင်တွေ အခုလိုများပြားလာတာဟာ စစ်တပ်က လူထုကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့်ဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG