သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီနိုင်ငံရေးပါတီနဲ့သမဂ္ဂအဖွဲ့ဝင်(၃)ဦးကို ထပ်မံတရားစွဲဆို


အရပ်သားတစ်ဦးနှင့် KNPP ရဲဘော်သုံးဦးအသတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရန် ဆန္ဒထုတ်ဖော်ခဲ့သောလူငယ် (၅)ဦးကိုထောင် မတရားဖမ်းဆီးထားပြီး တရားစွဲဆိုခံရသောလူငယ် များကို လိုက်လံပို့ဆောင်ရာတွင် ဦးဆောင်သောလူငယ်(၃)ဦးကို ထပ်မံတရားစွဲသဖြင့် ယနေ့ ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် လူငယ်နှင့်ပြည်သူတို့မှ တရားစွဲခံရလူငယ်များကို လမ်းလျောက်ဆန္ဒပြ (Union of Karenni State Youth)
အရပ်သားတစ်ဦးနှင့် KNPP ရဲဘော်သုံးဦးအသတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရန် ဆန္ဒထုတ်ဖော်ခဲ့သောလူငယ် (၅)ဦးကိုထောင် မတရားဖမ်းဆီးထားပြီး တရားစွဲဆိုခံရသောလူငယ် များကို လိုက်လံပို့ဆောင်ရာတွင် ဦးဆောင်သောလူငယ်(၃)ဦးကို ထပ်မံတရားစွဲသဖြင့် ယနေ့ ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် လူငယ်နှင့်ပြည်သူတို့မှ တရားစွဲခံရလူငယ်များကို လမ်းလျောက်ဆန္ဒပြ (Union of Karenni State Youth)

ကယားပြည်နယ်လွိုင်ကော်မြို့နယ်တရားရုံးကနေ အမှုစီရင်ချက်ချမှတ်ခံရတဲ့ လူငယ်သမဂ္ဂအဖွဲ့ဝင်၅ ဦး အတွက် တရားရုံးရှေ့ ဆန္ဒ ဖေါ်ထုတ်မှုနဲ့ ကယန်းအမျိုးသားညီညွတ်ရေးဦးဆောင်ကော်မတီအတွင်းရေးမှူ း ခွန်အသန်းကယန်းအမျိုးသားပါတီဥက္ကဌ ခွန်ဘီဒူး ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ခူတူးရယ်တို့ကို ပုဒ်မ၁၉ နဲ့တရားစွဲဆိုခံရတာပါ။ ဒီကနေ့ တရားရုံးမှာစတင်စစ်ဆေးပြီး ထောင်အချုပ်ထဲမှာထိန်းသိမ်းထားတယ်လို့လဲ ကရင်နီလူငယ်အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကပြောပြပေးမှာ ဖြစ်ပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်တရားရုံးကနေ တရားစွဲဆိုခံထားရတဲ့ နိုင်ငံရေးပါတီနဲ့သမဂ္ဂအဖွဲ့ဝင်(၃)ဦးကို တရားရုံးကနေ စစ်ဆေး နေတဲ့ အခြေအနေကိုတော့ ကရင်နီလူငယ်အစည်းရုံးကော်မီတီဝင်တဦးဖြစ်တဲ့ ကိုအုန်းက အခုလိုပြောပါတယ်။

"လူငယ်(၅)ဦးကို ပြီးခဲ့တဲ့အခေါက်ကငြိမ်းစုစီနဲ့စွဲပြီးပြီး။ ရက်(၂၀)ချလိုက်တယ်။ သူတို့အတွက်ဆန္ဒပြတဲ့နေ့မှာ ဦးဆောင်ခဲ့တဲ့ အခုဒီ နောက်ထပ်(၃)ဦးကိုထပ်စွဲတာပေါ့။ ဒီဲငြိမ်းစုစီနဲ့ဘဲ ထပ်စွဲတယ်နောက်ထပ်(၃)ယောက်ကို။ ခုကျွန်တော်တို့(၂၃)ရက်နေ့ ရုံးချိန်းပြန် ချိန်းတယ်။ အခု(၃)ယောက်လုံးကတော့ ထောင်အချုပ်ထဲဝင်သွားပြီး။ ခွင့်ပြုမိန့်မတောင်းတဲ့အတွက် အဲဒီငြိမ်းစုစီပုဒ်မနဲ့စွဲတာပါ။"

လက်ရှိဆန္ဒဖေါ်ထုတ်သူ နိုင်ငံရေးပါတီနဲ့သမဂ္ဂအဖွဲ့ဝင်(၃)ဦးကို ထောင်အချုပ်ထဲထည့်ထားပြီး ဇန်နာဝါရီ(၂၃)ရက်နေ့မှာ ထပ်မံ ရုံးချိန်းခဲ့တာပါ။

ပြီးခဲ့ဒီဇင်ဘာ(၂၀) ရက်နေ့က ကယားပြည်နယ် ရှားတောမြို့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦးကို မြန်မာ့တပ်မတော်သားတွေက သတ်လိုက်တာ နဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့က တက်ကြွ လှုပ်ရှားသူ အယောက် ၂၀ လောက် ဆန္ဒပြခဲ့မှုမှာ ဦးဆောင်သူ တွေအဖြစ် ဒီလ(၅)ရက်နေ့မှာဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့လူငယ်(၅)ဦးကိုဇန်နဝါရီ(၁၂)ရက်နေ့မှာ တရားရုံးကနေ ထောင်ဒဏ်ရက်(၂၀)ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အဖမ်းဆီးခံလူငယ်(၅)ဦးကို တရားရုံးကနေတရားစွဲဆိုစဉ်အတွင်း တရားရုံးရှေ့ ဆန္ဒဖေါ်ထုတ်မှုနဲ့ခွန်အသန်း ခွန်ဘီထူး ခူတူးရယ် တို့ကို လွိုင်ကော်ရဲတပ်ဖွဲ့ကနေ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ တရားစွဲခံရသူ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ခူတူးရယ်က တရားရုံးမရောက်ခင် VOAကိုအခုလိုပြောဆိုခဲ့တာပါ။

"လူငယ်(၅)ယောက်ကို လူအုပ်နဲ့ ကျွန်တော်တို့တရားရုံးကိုလိုက်ပို့တာပေါ့။ လူအုပ်(၁၀၀၀)ကျော်နဲ့လိုက်ပို့တဲ့အခါကျတော့ အဲဒီ လူထု(၁၀၀၀)ထဲမှာ ဦးဆောင်တယ်လို့သူတို့အမြင်ရှိသလို သူတို့တပ်ပြီးတော့တရားစွဲတယ်လေ။"

ဆန္ဒပြသူတွေအနေနဲ့ကတော့ ဒီမိုကရေစီစံနှုန်းအရ လွတ်လပ်စွာဆန္ဒဖေါ်ထုတ်ခွင့်ကို ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တားဆီး ပိတ်ပင်တရားစွဲဆိုတာဟာ မဖြစ်သင့်သလို လက်ရှိအစိုးရကို အယုံကြည်မဲ့စေတယ်လို့ ကရင်နီလူငယ်အစည်းရုံး ကော်မီတီဝင် တဦးဖြစ်တဲ့ ကိုအုန်းက အခုလိုပြောပါတယ်။

"အခုဖြစ်သွားတဲ့ကိစ္စမှာ လူငယ်တွေရဲ့အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ပြည်နယ်မှာ တိုက်ပွဲတွေဘာတွေပြန်မဖြစ်လာဖို့ ကျွန် တော်တို့ရည်ရွယ်တဲ့အနေနဲ့ ဒီဆန္ဒပြပွဲကို main တယ်ပြီးလုပ်ရခြင်းဖြစ်တယ်။ ဒါပေမဲ့သူတို့နားလည်တာက စစ်တပ်နဲ့လက်နက်ကိုင် KNPP ဖြစ်တာ လူငယ်တွေနဲ့မဆိုင်ဘူးဆိုတဲ့ စကားကို ဝန်ကြီးချုပ်ကိုယ်တိုင်လဲပြောလာတာဖြစ်တဲ့အတွက် အရည်အချင်းရှိတဲ့သူ ဒါမှမဟုတ်လဲ ဝန်ကြီးချုပ်က ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ဝန်ကြီးချုပ်မဟုတ်ဘူး။ NLDပါတီက ဗဟိုဌာနချုပ်က တိုက်ရိုက်ရွေးချယ်တဲ့ ဝန်ကြီးချုပ်ဖြစ်တယ် ဖြစ်တဲ့အတွက် ပြည်နယ်သားဆိုပေမဲ့ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအစိုးရလုပ်ပုံလုပ်နည်းကို လုံးဝနားမလည်တဲ့ သူကိုဝန်ကြီးချုပ်ခန့်ထားတဲ့အနေအထားတရပ်ဖြစ်တယ်။ ဒါကြောင့်မို့ကျွန်တော်တို့ဒီအစိုးရ လုပ်ပုံလုပ်နည်းတွေ လုံးဝကိုက်ညီမှု မရှိဘူးဖြစ်တဲ့အတွက် ကျွန်တော်တို့အယုံကြည်မရှိဘူး။"

KNPPတပ်ဖွဲ့ဝင်သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံးမှုဖြစ်စဉ်နဲ့ပက်သက်လို့ မြန်မာ့တပ်မတော်ကနေ စီစစ်နေဆဲ ဖြစ်ပြီး ဘယ်လို အရေးယူကိုယ်တွယ်မလဲဆိုတာကိုတော့ မသိရှိသေးပါဘူး။

လက်ရှိအခြေအနေအရ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့အရေးအခင်းတွေမှာ အစိုးရအနေနဲ့ လုံခြုံရေးအဖွဲ့ တွေအပေါ် ထိန်းကြောင်းမှုအားနည်းနေတယ်လို့ရှုမြင်ကြောင်း စည်းလုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA ပြောခွင့်ရ စိုင်းလိတ်ကအခုလိုပြောပါတယ်။

"တရားဥပဒေစိုးမိုးမှုလုံးဝအားနည်းနေတာကို အစိုးရအနေနဲ့ပြန်လည်ပြုပြင်သုံးသပ်ဖို့လိုအပ်တယ်ပေါ့နော်။ နောက်တချက် တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့နော်။ အဲဒီအပေါ်မှာအစိုးရရဲ့ထိန်းကြောင်းမှုဟာ တော်တော်လေးကို အဟကွာနေတယ်။ အဲတာကို လဲဘဲပြန်လည်ပြီးတော့ သုံးသပ်ဖို့လိုအပ်တယ်။ နဂိုလ်ကျွန်တော်တို့မွေးရာပါအခွင့်အရေးတွေပါ ပျောက်ဆုံးနေတဲ့ အနေအထား မျိုးရောက်နေတာကို ပြန်လည်ထောက်ပြချင်တဲ့သဘောနဲ့ ဒီဥစ္စာကိုထုတ်တာပါခင်ဗျာ။"

UNA အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာလူငယ်တွေကို ဖမ်းဆီးတရားစွဲဆိုနေခြင်းနှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာဖြစ်ပေါ်ခဲ့တဲ့ပဋိပက္ခအခြေအနေတွေကြောင့် အသက်ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့တဲ့အတွက် UNA အနေနဲ့ ကိုယ် ချင်း စာစိတ်ဖြင့် စိုးရိမ်မှုတွေဖြစ်ပေါ်နေသလို ပြဿနာတွေကို ငြိမ်းချမ်းသောနည်းလမ်းတွေနဲ့ ဖြေရှင်းသင့်တယ်လို့လဲ ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG