သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kashmir မှာ အိန္ဒိယအစိုးရ သတင်းအမှောင်ချ


Kashmir ရှိ အိန္ဒိယစစ်သား
Kashmir ရှိ အိန္ဒိယစစ်သား

အိန္ဒိယအာဏာပိုင်တွေဟာ ခွဲထွက်ရေးဝါဒီခေါင်းဆောင်တယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့အတွက် ပြင်းထန်တဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် တင်းမာမှု ပြန်ဖြစ်မလာဖို့ရည်ရွယ်ပြီး စနေနေ့တုန်းက ကက်ရှ်မီးယား သတင်းစာ တိုက်ကိုဝင်သိမ်းပြီး ရုပ်သံလိုင်းကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

လူ ၃၆ ယောက်သေဆုံး၊ ၃၁၀၀ ဒဏ်ရာရခဲ့တာမှာ အများစုက ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပါကစ္စန်နဲ့ ၆ နှစ်ကြာ ပိုင်နက်အငြင်းပွားနေတဲ့ ကာလအတွင်း အကြမ်းဖက်အဓိကရုဏ်းတွေထဲမှာ အဆိုးဆုံးဖြစ်ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့က - အသက် ၂၂ နှစ်အရွယ် ခွဲထွက်ရေး ခေါင်းဆောင် Burhan Wani အသတ်ခံရမှုအတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာတွေ ပိုတိုးမလာစေအောင် Jammu ပြည်နယ်နဲ့ Kashmir မှာ နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ထားပြီး ဆဲလ်ဖုန်း ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း ရပ်ထားပါတယ်။

Kashmir ဒေသမှာ နေ့စဉ်ထုတ် အကြီးဆုံးသတင်းစာတစ်စောင်ဖြစ်တဲ့ Breater Kashmir ရဲ့သတင်းစာတိုက်ပိုင်ရှင် Abdul Rashid Mukhdoomi (အဘ် ဒူ၊ ရာရှစ်၊ မွတ်ခ်- ဒူမီ) က သူ့ရဲ့သတင်းစာတိုက်ကို မနက်စော ၂ နာရီမှာ ရဲတွေဝင်စီးပြီး စက်ကျ သတင်းစာတွေ အကုန်လုံးကို သိမ်းသွားကြောင်းနဲ့ စက်ကိုလည်း ရပ်ခိုင်းခဲ့တယ်လို့ ပြောပါတယ်။ ကက်ရှ်မီယားက တီဗွီလိုင်းတွေလည်း ပိတ်ထားဆဲဖြစ်ပါတယ်။

Srinagar မှာရှိတဲ့ ရုပ်သံ ဖျော်ဖြေရေးကွန်ယက် ပိုင်ရှင် Amjad Noor က ရဲတပ်ဖွဲ့ဝင်တွေက သူ့ရဲ့ရုပ်သံလိုင်းကို ပိတ်ပစ်ဖို့ သောကြာနေ့ ညက အမိန့်ပေးခဲ့ကြောင်း ရွိုက်တားစ် သတင်းဌာနကို ပြောပါတယ်။

အရပ်သားတွေကို သတ်ဖြတ်နေတာကို ဆန့်ကျင်ကြောင်းပြသဖို့ ၇၂ နာရီကြာ သပိတ်မှောက်ပြီးဆန့်ကျင်ကန့်ကွက်ကြဖို့ ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေက သောကြာနေ့တုန်းက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

Kashmir မှာ အိန္ဒိယအစိုးရ သတင်းအမှောင်ချ
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG