သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားသူကြီး Kavanaugh ကို စွပ်စွဲထားသူ ကြာသပတေးနေ့မှာ ကြားနာစစ်ဆေးခံမည်


တရားသူကြီး Kavanaugh
တရားသူကြီး Kavanaugh

နိုင်ငံတော် တရားရုံးချုပ်တရားသူကြီးအဖြစ် အမည်စာရင်း အတင်သွင်းခံရသူ Brett Kavanaugh က ၁၉၈၂ ခုနှစ်တုန်းက လိင်မှုဆိုင်ရာ အကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုနေတဲ့ Christine Blasey Ford ဟာ အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှာ ကြာသပတေး မနက်ပိုင်းကျရင် အများပြည်သူရှေ့မှောက် ထွက်ဆိုမှာ ဖြစ်ကြောင်း သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဒါပေမယ့် အခုလို ထွက်ဆိုဖို့ အတွက် ဘယ်လို အခြေနေတွေ သတ်မှတ်ပေးရမယ် ဆိုတဲ့ အသေးစိတ်ကိုတော့ ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။

Ford ရဲ့ ရှေ့နေတွေဖြစ်တဲ့ Debra Katz, Lisa Banks နဲ့ Michael Bromwich တို့ကတော့ Ford က အရင်ထွက်ဆိုပြီးမှ Kavanaugh ထွက်ဆိုဖို့ သဘောတူခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

တခြားဘယ်သက်သေကိုမှ မခေါ်ဖို့ တရားရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ဒီရှေ့နေ ၃ ယောက်က သိပ်သဘောမကျပေမယ့် သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။ လိင်မှုဆိုင်ရာ အကြမ်းဖက်ခံရစဉ်က အခန်းထဲမှာ အတူရှိနေတယ်လို့ Ford ကပြောတဲ့ Kavanaugh ရဲ့ သူငယ်ချင်း Mike Judge ကို သက်သေအဖြစ် ခေါ်ချင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် Ford ကို ဘယ်သူက မေးခွန်ေးတွ မေးမယ်ဆိုတာကိုလည်း ညှိနှိုင်းဆဲ ဖြစ်ပါတယ်။ အထက်လွှတ်တော် တရားရေးကော်မတီမှာ ရီပတ်ဘလစ်ကင်ပါတီဝင် ၁၁ ဦးနဲ့ ဒီမိုကရက်တစ် ပါတီဝင် ၁၀ ဦးရှိနေတာပါ။

ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် Lindsey Graham က Ford အတွက် ကြားနာမှုဟာ တရားမျှတမှု ရှိမှာ ဖြစ်ကြောင်း Fox သတင်းဌာနကို ပြောသလို ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်အမတ် Patty Murray ကတော့ Kavanaugh အပေါ် စွပ်စွဲထားမှုကို ပြည့်ပြည့်စုံစုံ မစုံစမ်းပဲ အထက်လွှတ်တော်က ရီပတ်ဘလစ်ကင်တွေက Kavanaugh ကို နိုင်ငံတော် တရားရုံးချုပ်တရားသူကြီးအဖြစ် အတည်ပြုမယ် ဆိုရင် ကြီးမားတဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း NBC ရုပ်သံမေးမြန်းခန်းမှာ သတိပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG