သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်စော်ကားမှု စွပ်စွဲချက် တရားသူကြီး Kavanaugh ငြင်းဆန်


တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရသူ Brett Kavanaugh က သူ့အပေါ် Christine Blasey Ford က စွပ်စွဲထားတာတွေကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါတယ်။ မစ္စတာ Kavanaugh နဲ့ မစ္စစ် Ford တို့နှစ်ဦးလုံး အထက် တန်းကျောင်းသားကျောင်းသူဘဝ ၁၉၈၂ ခုနှစ်တုန်းက အထက်တန်းကျောင်းသား ကျောင်းသူတွေချည်းပါတဲ့ ပါတီလို စုဝေးပွဲ တခုအတွင်း မစ္စတာ Kavanaugh က သူ့ကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခဲ့တယ်လို့ မစ္စစ် Ford က စွပ်စွဲထားတာပါ။

မစ္စတာ Kavanaugh ကို တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြုခန့်ထားနိုင်ရေး အထက်လွှတ်တော် တရားရေးကော်မတီက ကြားနာပွဲတွေလုပ်နေတာမှာ ကြာသပတေးနေ့ကတော့ စွပ်စွဲသူရော၊ စွပ်စွဲခံရသူရော နှစ်ဘက်လုံးရဲ့ ထွက်ဆိုချက်တွေကို ကော်မတီဝင် အထက်လွှတ်တော်အမတ်တွေ နားထောင်ကြသလို မေးခွန်းတွေ မေးမြန်းကြတာပါ။ အဲဒီကြားနာထွက်ဆိုပွဲဟာ ၉ နာရီနီးပါး ကြာမြင့်ပါတယ်။

ကြားနာပွဲ ပထမပိုင်းမှာ မစ္စစ် Ford က ထွက်ဆိုခဲ့သလို မေးခွန်းတွေကိုလည်း ဖြေဆိုတာမှာ သူ့ကို လိင်ပိုင်းဆိုင်ရာ မတော် မတရားလုပ်ဖို့ ကြံစည်သူတွေဟာ မစ္စတာ Kavanaugh နဲ့ သူ့ရဲ့သူငယ်ချင်း Mark Judge တို့ဖြစ်တယ်ဆိုတာ ရာနှုန်းပြည့် သေချာတယ်လို့ ပြောသွားပါတယ်။

၁၉၈၂ ခုနှစ်ကဖြစ်ခဲ့တာလို့ သူပြောထားတဲ့ အဲဒီ အဖြစ်အပျက်အတွင်း Kavanaugh က သူ့ကို “မတော်တဆ သတ်မိတော့မယ်” လို့ စိုးရိမ်ထိတ်လန့်ခဲ့ကြောင်း မစ္စစ် Ford က ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG