သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရာထူးကဖယ္ရွားခံရတဲ့ ကယားဝန္ႀကီးခ်ဳပ္နဲ႔ သီးျခားဆက္သြယ္ေမးျမန္းခ်က္


ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိ။ (ဓာတ္ပုံ - ကယားျပည္နယ္အစိုးရအဖြဲ႕႐ုံး)

[Zawgyi/Unicode]

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္း႐ိႈကို တာဝန္က ရပ္စဲလိုက္တဲ့အေၾကာင္း သမၼတဦးဝင္းျမင့္က ဒီကေန႔ အမိန္႔ထုတ္ျပန္ပါတယ္။ ျပည္နယ္လႊတ္ေတာ္တြင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၃ ပံု ၂ ပံုက ဝန္ႀကီးခ်ဳပ္ကို ရာထူးကရပ္စဲဖို႔ မဲခြဲဆံုးျဖတ္ခဲ့ၿပီးတဲ့ေနာက္ သမၼတရဲ႕ အခုအမိန္႔ထြက္လာတာပါ။

ဦးအယ္လ္ေဖာင္း႐ိႈဟာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) အစိုးရလက္ထက္ တာဝန္က ရပ္စဲခံရတဲ့ ပထမဆံုးဝန္ႀကီးခ်ဳပ္ျဖစ္ပါတယ္။

ဦးအယ္လ္ေဖာင္း႐ိႈကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ကို၀င္းမင္း။ ။ ၀န္ႀကီးခ်ဳပ္ကို အခု တာ၀န္ကေန ရပ္စဲလိုက္ၿပီလို႔ သမၼတရံုးက စာေရာက္တယ္ ၾကားလို႔ အဲ့ဒါေလး နည္းနည္းရွင္းျပေပးလို႔ရမလား။

ဦးအယ္လ္ေဖာင္းရိႈ။ ။ သမၼတႀကီးတို႔က ဥပေဒေဘာင္နဲ႔အညီ ကိုယ့္ထက္ အႀကီးအကဲေတြ စီမံေဆာင္ရြက္တဲ့ အေပၚမွာ က်ေနာ္ေက်နပ္ပါတယ္။ ဒါအထက္က လူႀကီးေတြ စီမံတာပဲဗ်ာ။ က်ေနာ္တို႔ ႏိုင္ငံရဲ႕ ဖဲြ႔စည္းပံုအေျခခံ ဥပေဒအရ ျပဌာန္းထားတဲ့အတိုင္းေပါ့ဗ်ာ။

ကို၀င္းမင္း။ ။ သမၼတႀကီးဆီကစာ ဘယ္အခ်ိန္က ေရာက္လာသလဲ... ၀န္ႀကီးခ်ဳပ္ဆီကိုေလ။

ဦးအယ္လ္ေဖာင္းရိႈ။ ။ ဒီကေန႔ ၂ နာရီ ေက်ာ္ေလာက္ေပါ့။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့။ ႀကိဳၿပီးေတာ့ေရာ သိထားလား အခုလို စာလာမယ္လို႔။

ဦးအယ္လ္ေဖာင္းရိႈ။ ။ ဒီကိစၥေတြက ဘယ္လိုလုပ္ႀကိဳသိမွာတုန္း။ ေရာက္တဲ့အခ်ိန္မွ သိတာေပါ့။

ကို၀င္းမင္း။ ။ ဘာေၾကာင့္အခုလို ျမန္ျမန္ဆန္ဆန္ ဆံုးျဖတ္လိုက္ရတယ္လို႔ ထင္လဲ။

ဦးအယ္လ္ေဖာင္းရိႈ။ ။ ဘာေၾကာင့္ျဖစ္သြားလဲဆိုေတာ့ အမွန္တရားဆိုတာ ေပ်ာက္ကြယ္သြားမွာ မဟုတ္ပါဘူး။ အမွန္တရားအတြက္သာ၊ ႏိုင္ငံေတာ္အတြက္သာ၊ ျပည္သူေတြအတြက္ကလည္းပဲ သင္ခန္းစာေကာင္းရတယ္လို႔ပဲ က်ေနာ္ယံုၾကည္တယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ၀န္ႀကီးခ်ဳပ္။ ၀န္ႀကီးခ်ဳပ္ရဲ႕ တာ၀န္ေတြကို ဘယ္လို ဆက္လုပ္ဖို႔ရွိလဲ။

ဦးအယ္လ္ေဖာင္းရိႈ။ ။ က်ေနာ့္တာ၀န္လဲႊၿပီးၿပီကိုး။ က်ေနာ္တို႔ အစိုးရက ၀န္ႀကီးတေယာက္ကို လဲႊၿပီးၿပီေလ။ စိုက္ပ်ိဳးေရး ဆည္ေျမာင္း၀န္ႀကီး ဦးေဘာ့စ္ကို ကိုေပါ့။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့။ ေရွ႕မွာေရာ ဘာဆက္လုပ္ဖို႔ မွန္းထားလဲ။

ဦးအယ္လ္ေဖာင္းရိႈ။ ။ ေရွ႕မွာေတာ့ ႏိုင္ငံေရးကို ကုိယ့္ပါတီက မူ အတိုင္း တစိုက္မတ္မတ္ ဆက္သြားမယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့။ အခုကေတာ့ ေရြးေကာက္ခံ ကိုယ္စားလွယ္အျဖစ္ ဆက္လုပ္ခြင့္ ရွိတာေပါ့ေနာ္။

ဦးအယ္လ္ေဖာင္းရိႈ။ ။ ဟုတ္ပါတယ္။ ကိုယ္စားလွယ္ပဲ ဆက္လုပ္ရေတာ့မွာေပါ့။

ကို၀င္းမင္း။ ။ အခုကိစၥကိုေရာ ရင္ဆိုင္သြားဖို႔ ရွိလား။

ဦးအယ္လ္ေဖာင္းရိႈ။ ။ အခုကိစၥလား။ ဥပေဒေၾကာင္း လမ္းအရသာ သြားရမယ့္ ကိစၥေတြ သြားမွာပါ။

ကို၀င္းမင္း။ ။ ၀န္ႀကီးခ်ဳပ္ေရာ ေမွ်ာ္မွန္းထားလား ... အခုလို ျဖစ္လာမယ္လို႔။

ဦးအယ္လ္ေဖာင္းရိႈ။ ။ ေလာကဓံကို ရင္ဆိုင္ျဖတ္သန္းဖို႔ အသင့္ပဲ။ က်ေနာ္ေမွ်ာ္မွန္းထားတာက ေလာကဓံကို အေကာင္းဆံုး ရင္ဆိုင္ျဖတ္သန္းေက်ာ္လႊားႏိုင္ဖို႔က လူသားတိုင္းရဲ႕ တာ၀န္ပဲ။ ရင္ဆိုင္ျဖတ္သန္း ေက်ာ္လႊားႏိုင္ရင္ေတာ့ ေအာင္ျမင္မႈရမွာပဲ။ က်ေနာ္ဒီလိုပဲ ခံယူထားတာ။ အတက္လမ္းတက္ၿပီးၿပီ။ အတက္လမ္းကို တက္ၿပီးသြားရင္ အဆင္းလမ္းရဲ႕ အတက္ကိုလည္း က်ေနာ္ အင္နဲ႔၊ အားနဲ႔ အားမာန္ အျပည့္နဲ႔ တက္ဖို႔ အျမဲတမ္းအဆင္သင့္ပဲ။ အျမဲတမ္း ဆက္လက္ ႀကိဳးပမ္းသြားမယ္။ အေကာင္းဆံုး ေကာင္းသည္ထက္ေကာင္းေအာင္၊ ပိုၿပီးမွ ျပည့္စံုသည္ထက္ ျပည့္စံုေအာင္ က်ေနာ္အမ်ားႀကီး သင္ယူႀကိဳးပမ္းေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ က်ေနာ့္ ႏိုင္ငံအတြက္၊ က်ေနာ့္ ျပည္နယ္အတြက္။

ကို၀င္းမင္း။ ။ လာမယ့္ေရြးေကာက္ပဲြမွာေရာ ၀င္ၿပီးေတာ့ ျပန္အေရြးခံဖို႔ေရာ။

ဦးအယ္လ္ေဖာင္းရိႈ။ ။ ေရြးမွာေပါ့ေနာ္။ လာမယ့္ ေရြးေကာက္ပဲြလည္း ေရြးမွာေပါ့။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရာထူးကဖယ်ရှားခံရတဲ့ ကယားဝန်ကြီးချုပ်နဲ့ သီးခြားဆက်သွယ်မေးမြန်းချက်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်က ရပ်စဲလိုက်တဲ့အကြောင်း သမ္မတဦးဝင်းမြင့်က ဒီကနေ့ အမိန့်ထုတ်ပြန်ပါတယ်။ ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံက ဝန်ကြီးချုပ်ကို ရာထူးကရပ်စဲဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးတဲ့နောက် သမ္မတရဲ့ အခုအမိန့်ထွက်လာတာပါ။

ဦးအယ်လ်ဖောင်းရှိုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တာဝန်က ရပ်စဲခံရတဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ပါတယ်။

ဦးအယ်လ်ဖောင်းရှိုကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ဝန်ကြီးချုပ်ကို အခု တာဝန်ကနေ ရပ်စဲလိုက်ပြီလို့ သမ္မတရုံးက စာရောက်တယ် ကြားလို့ အဲ့ဒါလေး နည်းနည်းရှင်းပြပေးလို့ရမလား။

ဦးအယ်လ်ဖောင်းရှို။ ။ သမ္မတကြီးတို့က ဥပဒေဘောင်နဲ့အညီ ကိုယ့်ထက် အကြီးအကဲတွေ စီမံဆောင်ရွက်တဲ့ အပေါ်မှာ ကျနော်ကျေနပ်ပါတယ်။ ဒါအထက်က လူကြီးတွေ စီမံတာပဲဗျာ။ ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြဌာန်းထားတဲ့အတိုင်းပေါ့ဗျာ။

ကိုဝင်းမင်း။ ။ သမ္မတကြီးဆီကစာ ဘယ်အချိန်က ရောက်လာသလဲ... ဝန်ကြီးချုပ်ဆီကိုလေ။

ဦးအယ်လ်ဖောင်းရှို။ ။ ဒီကနေ့ ၂ နာရီ ကျော်လောက်ပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ကြိုပြီးတော့ရော သိထားလား အခုလို စာလာမယ်လို့။

ဦးအယ်လ်ဖောင်းရှို။ ။ ဒီကိစ္စတွေက ဘယ်လိုလုပ်ကြိုသိမှာတုန်း။ ရောက်တဲ့အချိန်မှ သိတာပေါ့။

ကိုဝင်းမင်း။ ။ ဘာကြောင့်အခုလို မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်ရတယ်လို့ ထင်လဲ။

ဦးအယ်လ်ဖောင်းရှို။ ။ ဘာကြောင့်ဖြစ်သွားလဲဆိုတော့ အမှန်တရားဆိုတာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အမှန်တရားအတွက်သာ၊ နိုင်ငံတော်အတွက်သာ၊ ပြည်သူတွေအတွက်ကလည်းပဲ သင်ခန်းစာကောင်းရတယ်လို့ပဲ ကျနော်ယုံကြည်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဝန်ကြီးချုပ်။ ဝန်ကြီးချုပ်ရဲ့ တာဝန်တွေကို ဘယ်လို ဆက်လုပ်ဖို့ရှိလဲ။

ဦးအယ်လ်ဖောင်းရှို။ ။ ကျနော့်တာဝန်လွဲှပြီးပြီကိုး။ ကျနော်တို့ အစိုးရက ဝန်ကြီးတယောက်ကို လွဲှပြီးပြီလေ။ စိုက်ပျိုးရေး ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကိုပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ရှေ့မှာရော ဘာဆက်လုပ်ဖို့ မှန်းထားလဲ။

ဦးအယ်လ်ဖောင်းရှို။ ။ ရှေ့မှာတော့ နိုင်ငံရေးကို ကိုယ့်ပါတီက မူ အတိုင်း တစိုက်မတ်မတ် ဆက်သွားမယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ အခုကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ် ဆက်လုပ်ခွင့် ရှိတာပေါ့နော်။

ဦးအယ်လ်ဖောင်းရှို။ ။ ဟုတ်ပါတယ်။ ကိုယ်စားလှယ်ပဲ ဆက်လုပ်ရတော့မှာပေါ့။

ကိုဝင်းမင်း။ ။ အခုကိစ္စကိုရော ရင်ဆိုင်သွားဖို့ ရှိလား။

ဦးအယ်လ်ဖောင်းရှို။ ။ အခုကိစ္စလား။ ဥပဒေကြောင်း လမ်းအရသာ သွားရမယ့် ကိစ္စတွေ သွားမှာပါ။

ကိုဝင်းမင်း။ ။ ဝန်ကြီးချုပ်ရော မျှော်မှန်းထားလား ... အခုလို ဖြစ်လာမယ်လို့။

ဦးအယ်လ်ဖောင်းရှို။ ။ လောကဓံကို ရင်ဆိုင်ဖြတ်သန်းဖို့ အသင့်ပဲ။ ကျနော်မျှော်မှန်းထားတာက လောကဓံကို အကောင်းဆုံး ရင်ဆိုင်ဖြတ်သန်းကျော်လွှားနိုင်ဖို့က လူသားတိုင်းရဲ့ တာဝန်ပဲ။ ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနိုင်ရင်တော့ အောင်မြင်မှုရမှာပဲ။ ကျနော်ဒီလိုပဲ ခံယူထားတာ။ အတက်လမ်းတက်ပြီးပြီ။ အတက်လမ်းကို တက်ပြီးသွားရင် အဆင်းလမ်းရဲ့ အတက်ကိုလည်း ကျနော် အင်နဲ့၊ အားနဲ့ အားမာန် အပြည့်နဲ့ တက်ဖို့ အမြဲတမ်းအဆင်သင့်ပဲ။ အမြဲတမ်း ဆက်လက် ကြိုးပမ်းသွားမယ်။ အကောင်းဆုံး ကောင်းသည်ထက်ကောင်းအောင်၊ ပိုပြီးမှ ပြည့်စုံသည်ထက် ပြည့်စုံအောင် ကျနော်အများကြီး သင်ယူကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော့် နိုင်ငံအတွက်၊ ကျနော့် ပြည်နယ်အတွက်။

ကိုဝင်းမင်း။ ။ လာမယ့်ရွေးကောက်ပွဲမှာရော ဝင်ပြီးတော့ ပြန်အရွေးခံဖို့ရော။

ဦးအယ်လ်ဖောင်းရှို။ ။ ရွေးမှာပေါ့နော်။ လာမယ့် ရွေးကောက်ပွဲလည်း ရွေးမှာပေါ့။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG