သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲနဲ့ ဖရူဆိုမှာ လေဘေးသင့် စစ်ပြေးဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်


ကရင်နီ ကယား စစ်ဘေးရှောင် / စစ်ဘေးဒုက္ခသည် / တွေအတွက် အကူအညီ Kayah
ကရင်နီ ကယား စစ်ဘေးရှောင် / စစ်ဘေးဒုက္ခသည် / တွေအတွက် အကူအညီ Kayah

ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဖရူဆိုမြို့နယ်တွေမှာ တိုက်ပွဲအခြေအနေတွေကြောင့် ဘေးလွတ်ရာကို ပြေးရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း မိုးကြီး လေပြင်းဒဏ်တွေကြောင့်၊ ယာယီတဲအိမ်တွေပြိုကျပြီး နေထိုင်ရေးအခက်ကြုံနေရပါတယ်။ ဒီအကြောင်းရန်ကုန်က ပေးပို့တာ ကိုရဲမွန် ပြောပြပါမယ်။

တိုက်ရိုက် လင့်ခ်

မိုးဗြဲနဲ့ ဖရူဆိုမှာ လေဘေးသင့် စစ်ပြေးဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်

{{Zawgyi/Unicode}}
ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဖရူဆိုမြို့နယ်တွေမှာ တိုက်ပွဲအခြေအနေတွေကြောင့် လနဲ့ချီကြာ အိုပြစ်အိမ်ပြစ် ဘေးလွတ်ရာကို ပြေးရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း မိုးကြီး လေပြင်းဒဏ်တွေကြောင့်၊ ယာယီတဲအိမ်တွေပြိုကျပြီး နေထိုင်ရေးအခက်ကြုံနေရပါတယ်။ မိုးဗြဲဒေသ စစ်ပြေးဒုက္ခသည်တွေအကြားမှာလည်း ဝမ်းပျက်ဝမ်းလျောဖြစ်ကြလို့ ကလေးငယ်တွေ အသက်ဆုံးရှုံးတဲ့ဖြစ်နေကြပါတယ်။ ဒီအကြောင်းရန်ကုန်က ပေးပို့တာ ကိုရဲမွန် ပြောပြပါမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်မှာ မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်တွေရဲ့ မိုးကာတဲအိမ်တွေ လေထဲလွင့်ပါသွားတာတွေ တဲအိမ်ပြိုကျတာတွေ ကြုံတွေ့ခဲ့ရပါတယ်။

စစ်ရှောင်တွေရဲ့ မိုးကာတဲအိမ် ၉၅၀ ထဲက ၂၀၀ ဝန်ကျင်းလောက်ဟာ ထိခိုက်ပျက်စီးခဲ့တယ်လို့ မိုးဗြဲစစ်ရှောင်ကူညီပေးသူ တဦးက ပြောပါတယ်။ တဲအိမ်တွေ ပြန်လည်ပြင်ပြုဖို့ အမိုးအကာတွေ မလုံလောက်လို့ အခက်ကြုံနေကြတယ်လို့လည်း ပြောပါတယ်။

“ပြီးခဲ့တဲ့ အရင်တစ်ပတ်တုန်းကဆိုရင် စစ်ရှောင်တွေ တဲတွေပေါ့နော်၊ မိုးကာတဲထိုးတာလေး ။ အဲဒါလေပြင်းမုန်းတိုင်တိုက်လို့ တဲလွင့်တာတို့ပေါ့နော်။ တဲပြိုကျတာတွေ အဲဒါ အများကြီးကြုံတွေ့ရပါတယ်။ ကျနော်တို့ စစ်ရှောင်မိုးဗြဲမြို့အပြင်တဝိုက်မှာဆိုရင်တော့ ဒီ ၉၅၀ ဆိုရင် သူတို့ ပျက်စီးသွားတဲ့ တဲတွေဆိုရင်တော့ ၂၀၀ ဝန်ကျင်းလောက်ပေါ့နော်။ အခု မိုးကာက အသစ် ကျနော်တို့ ပြန်ထုတ်ပေးနိုင်တဲ့ စစ်ရှောင်တွေကျတော့ သူတို့မိုးကာအပြည့်နဲ့ သူတို့ ပြန်နေရတာပေါ့နော်။ တချို့က အမိုးအကာမလုံလောက်တာတွေ အများကြီးကြုံတွေ့ရတာပေါ့နော်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်က မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးလာကြရတာပါ။

စစ်ပြေးဒုက္ခသည်တွေဟာ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာ မိုးကာတဲလေးထိုးပြီး နေထိုင်နေကြရပြီး၊ အလှုရှင်တွေ ကူညီပေးနေကြရပါတယ်။

လက်ရှိအချိန်မှာ အလှူရှင်တွေ မရှိသလောက်နည်းပါးလာတာကြောင့် ဆေးဝါးပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာကြောင့်လည်း ကလေးသူငယ် ၁၀ ဦးထဲမှာ အနည်းဆုံး ၅ ဦးလောက်က ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရပြီး ရောဂါပြင်းထန်လို့ အသက်ဆုံးပါးတဲ့ထိ ကြုံတွေ့ရတယ်လို့ မိုးဗြဲစစ်ရှောင်ကူညီနေသူက အခုလို ပြောပါတယ်။

“ကျန်းမာရေး စောင့်ရှောင်မှုအပိုင်းကျမှာပေါ့နော်။ တော်တော်လေးလိုအပ်နေတယ်။ ဒီလိုနဲ့ ကျန်းမာရေးကကျတော့ တော်တော်လေးဆိုးဆိုးဝါးဝါး ဖြစ်နိုင်တဲ့ အနေအထားလည်း ရှိတာပေါ့နော်။ ဒီဝမ်းပျက်ဝမ်းလျှော အရင်နေ့လည်း တော်တော်လေးကြုံနေရတယ်။ တချို့ဆိုရင် ဘယ်လိုပြောရမလဲ အသက်ဆုံးရှုံးသွားတဲ့အထိကိုလည်း ကျနော်တို့ ကြုံတွေ့နေရတာပေါ့။ အသက်ဆုံးပါးသွားတဲ့သူတွေကြတော့ ဘယ်လိုပြောရမလဲ ဒီကလေးငယ် တအားဝမ်းပျက်ဝမ်းလျှောတဲ့ ၁၀ ဦးထဲမှာ ၂ဦးလောက်ပဲ သူတို့ ဆုံးသွားတာတွေ ရှိတယ်ပေါ့နော်။ နောက်ပြီး အခုဆေးဝါးအကူအညီဆိုလည်း ကျနော်တို့ခက်ခဲပါတယ်။ လာမယ်တလ နှစ်လမှာ အဓိကပေါ့နော် ။ စားနပ်ရိက္ခာတွေ ပြတ်တောက်မှာကို ကျနော်တို့ တော်တော်လေး စိုးရိမ်နေရတယ်ပေါ့နော်။”

ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာလည်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည် ၆,၀၀၀ ကျော် လောက်ရှိပါတယ်။ မိုးကြီးလေပြင်းဒဏ်ကြောင့် စစ်ရှောင်တွေရဲ့ တဲအိမ်တွေက ကြီးကြီးမားမားပျက်စီးတာ မရှိပေမယ့် အမိုးအကာပျက်စီးတာတွေ မိုးယိုတာတွေ ကြုံတွေ့နေကြရတာလို့ ဖရူဆိုအနောက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီက ပြောပါတယ်။

“ဒီဖက်ခြမ်းတော့ အဲ့လိုကြီးကြီးမားမားပျက်စီးတာတော့ မရှိသေးဘူး။ ဒါပေမယ့် မိုးကာတွေဆွေးပြီးတော့ ပျက်စီးတာ မိုးယိုတာတွေတော့ ရှိတယ်။ စစ်ရှောင်စခန်းမှာကကျတော့ ဒီတိုင်း တောထဲမှာ တဲထိုးပြီးနေရတာဆိုတော့ မိုးရာသီရောက်တော့ သိပ်အဆင်မပြေဘူး။”

ရှမ်း-ကယားနယ်တွေဘက်မှာလည်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲအခြေအနေနဲ့ မိုင်းအန္တရာယ်တွေကြောင့် စစ်ပြေးဒုက္ခသည်အများစုဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဒုက္ခသည်တွေ ပြေးရှောင်လာကြတာ အချိန်ကြာတာနဲ့အမျှ စားဝတ်နေရေးအခက်အခဲတွေကြုံလာသလို ရာသီဥတုဒဏ်ကိုပါ ခံစားနေကြရပါတယ်။

.......................................

မိုးဗွဲနဲ့ ဖရူဆိုမှာ လဘေေးသင့ျ စဈပွေးဒုက်ခသညျတှေ အရေးပေါျ အကူအညီလိုအပျ

{{Zawgyi/Unicode}}











XS
SM
MD
LG