ရွှေ့ပြောင်း ဒုက္ခသည်ကလေးတွေ ပညာရရှိရေး ကြိုးပမ်းသူ
မြန်မာရွှေ့ပြောင်း မိသားစုတွေက ကလေးငယ်တွေအနေနဲ့ လိုအပ်တဲ့ ကြိုးစားအားထုတ်မှု ရှိပြီး မိဘတွေနဲ့ ပတ်ဝန်းကျင်ကလည်း ဝိုင်းဝန်း ပံ့ပိုးကြမယ်ဆိုရင် တချိန်မှာ တိုင်းပြည်အတွက် အရေးပါတဲ့ ပညာတတ်လူငယ်တွေ ဖြစ်လာနိုင်တယ်လို့ မြန်မာရွှေ့ပြောင်း ကလေးငယ်တွေအတွက် ပညာရေး ထောက်ပံ့ပေးနေတဲ့ ထိုင်း−မြန်မာနယ်စပ် အခြေစိုက် ဆာမူထော် ပညာသင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာအေး က ပြောပါတယ်။ ဒီလို ယုံကြည်ချက်နဲ့ပဲ ရွှေ့ပြောင်းနဲ့ ဒုက္ခသည် ကလေးငယ်တွေအတွက် ပညာရေးလုပ်ငန်းတွေမှာ ဆယ်စုနှစ်နဲ့ချီ တစိုက်မတ်မတ် လုပ်ဆောင်ဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။ ဆာမူထော် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာအေးကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။
Forum