သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIA ထိန္းခ်ဳပ္နယ္ေျမတြင္းက စစ္ေရွာင္စခန္း မိုးႀကီး ေျမၿပိဳမႈ လူေသဆံုး


ကခ်င္ျပည္နယ္ရွိ စစ္ေရွာင္စခန္းတခုမွာ ေတြ႔ရတဲ့ စစ္ေရွာင္ဒုကၡသည္မ်ား။ (ေအာက္တိုဘာ ၂၉၊ ၂၀၁၃)

[Zawgyi/Unicode]

ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA) ထိန္းခ်ဳပ္နယ္ေျမအတြင္းက စစ္ေရွာင္စခန္းတခုမွာ မိုးအျပင္းအထန္ရြာၿပီး ေျမၿပိဳတဲ့အတြက္ လူေသဆံုးမႈရွိခဲ့ပါတယ္။ မိုးကုတ္မွာလည္း ေျမၿပိဳမႈေၾကာင့္ ကေလးငယ္တဦးအပါအဝင္ သံုးဦးေသဆံုးခဲ့ပါတယ္။ ျမန္မာႏုိင္ငံအထက္ပိုင္းေဒသေတြမွာ ဆက္ၿပီး မိုးႀကီးႏိုင္ေသးတယ္လုိ႔ မိုးေလဝသနဲ႔ ဇလေဗဒဌာန ထိပ္တန္းတာဝန္ရွိသူတဦးက သတိေပးပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္ကေျပာျပပါမယ္။

ျမန္မာ-တ႐ုတ္နယ္စပ္ KIA ထိန္းခ်ဳပ္နယ္ေျမထဲက မဂါ့ယန္ စစ္ေရွာင္စခန္းမွာ မိုးႀကီးေျမၿပိဳက်လို႔ ၾသဂုတ္ ၁၂ ရက္ေန႔ မနက္ပိုင္းမွာ စစ္ေရွာင္ဒုကၡသည္တဦးေသဆံုးၿပီး ေနအိမ္ေျမပိပ်က္စီးမႈေတြရွိတယ္လို႔ KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီး ေနာ္ဘူက ဗီြအိုေအကို ေျပာပါတယ္။

“ဒီမနက္ ေရႀကီးလို႔ေပါ့ေနာ္၊ မိုးႀကီးလို႔ပါ ေရႀကီးလို႔မဟုတ္ဘူး။ မိုးႀကီးလို႔ ၿပိဳသြားတာ ၿပိဳသြားေတာ့ အဲ့ဒီစစ္ေရွာင္က အေဆာင္ပါသြားတာေပ့ါ.. အဲ့ဒီကလူလည္း သံုးဦးပါသြားတယ္။ သံုးဦးပါသြားတဲ့အထဲက တဦးကေတာ့ ဆံုးသြားၿပီး ႏွစ္ဦးကေတာ့ ကယ္ထုတ္လို႔ရၿပီး သက္ဆိုင္ရာလူႀကီးေတြကေတာ့ နည္းနည္းပိုၿပီးမွ စိုးရိမ္ရတဲ့ အိမ္ကေတာ့ လံုၿခံဳတဲ့ေနရာမွာ ေရႊ႕ေျပာင္းထားတာေတာ့ ရွိပါတယ္။”

မိုးႀကီးရြာၿပီး ေျမၿပိဳက်လို႔ ကမ္းပါးေဘးနား ေနထိုင္တဲ့ စစ္ေရွာင္ဒုကၡသည္ေတြကို လက္ရွိအခ်ိန္မွာ လံုျခံဳတဲ့ေနရာ ေရႊ႕ေျပာင္းထားတယ္လို႔ ေျပာပါတယ္။

ေျမၿပိဳမႈေၾကာင့္ စစ္ေရွာင္းစခန္းအတြင္း ေနအိမ္ ၅ လံုး ေရထဲေမ်ာပါသြားၿပီး ၁၀ လံုး ပ်က္စီးဆံုး႐ႈံးသြားတယ္လို႔ ေဒသခံ တိုင္းရင္းသားသတင္းက ေဖာ္ျပထားပါတယ္။

အလားတူ မႏွစ္တုန္းကလည္း ေရႀကီးေျမၿပိဳလို႔ အဲ့ဒီ မဂါ့ယန္စစ္ေရွာင္စခန္းမွာ ေနအိမ္ေတြ ေရထဲေမ်ာပါ ပ်က္စီးတာေတြရွိခဲ့ေပမဲ့ လူအေသအေပ်ာက္မရွိခဲ့ဘူးလို႔ ဗိုလ္မွဴးႀကီးေနာ္ဘူက ေျပာပါတယ္။

မႏၱေလးတိုင္း မိုးကုတ္ၿမိဳ႕မွာလည္း ဒီကေန႔ မနက္အေစာပိုင္းက မိုးႀကီးၿပီး ေျမၿပိဳတာေၾကာင့္ အသက္ ၅ ႏွစ္အရြယ္ ကေလးတဦးအပါအဝင္ သံုးဦး ေသဆံုးသြားတယ္လုိ႔ ေဒသခံ ပါရမီလူမႈကူညီေရးအသင္း တာဝန္ရွိသူတဦးက ဗီြအုိေအကို ေျပာပါတယ္။

“ျဖစ္စဥ္ကေတာ့ က်ေနာ္တု႔ိ မေန႔ညက မိုးႀကီးသဲႀကီးရြာတယ္ေပ့ါေနာ္၊ မိုးရြာသြန္းမႈမ်ားၿပီးေတာ့ BOC ဘက္အျခမ္းေပါ့ေနာ္ BOC ဆီဆိုင္ ဓာတ္ဆီဆိုင္ရွိတယ္ေပ့ါေနာ္ ဓာတ္ဆီဆိုင္အျခမ္းက သူတို႔အုတ္တံတိုင္း နံရံေလး ၿပိဳက်သြားတာေပ့ါ၊ အုတ္တံတိုင္းနံရံေလးၿပိဳက်သြားၿပီးေတာ့ အဲ့ဒီဟိုဘက္ သူတို႔ေအာက္ေလး BOC ဆိုင္ရဲ႕ ဟိုဘက္ေအာက္ေလးမွာက အိမ္ေလးတစ္အိမ္ရွိတယ္။ အဲ့ဒီအိမ္ေလးအေပၚသြားပိသြားတယ္။ ဟုတ္(ေသဆံုး) သံုးေယာက္ကေတာ့ ေသခ်ာပါတယ္ဗ်၊ သံုးေယာက္ဆိုတာက အသက္ ၆၀၊ ၇၀ ဝန္းက်င္ရွိတဲ့ အဖြားတေယာက္ပါမယ္။ အသက္ ၄၅၊ ၅၀ အမ်ဳိးသမီးအရြယ္ပါမယ္၊ ၄ ႏွစ္ခြဲ ၅ ႏွစ္ ကေလးငယ္ေလးတစ္ဦးပါတယ္ဗ်၊ စုစုေပါင္းသံုးျဖစ္ပါတယ္ဗ်။”

မိုးကုတ္ၿမိဳ႕အေနာက္ပိုင္း အင္းေခါင္းရပ္ကြက္မွာ ဓာတ္ဆီဆိုင္ရဲ႕ အုတ္တံတိုင္းနဲ႔ လွ်ပ္စစ္ထရန္စေဖာ္မာတလံုး၊ ဓာတ္တိုင္ႏွစ္တိုင္ၿပိဳက်ခဲ့ပါတယ္။ အဲ့ဒီ အုတ္တံတိုင္းေဘးမွာရွိတဲ့ ေနအိမ္တစ္လံုးေပၚ ၿပိဳက်ပိမိခဲ့ေၾကာင္း ၿမိဳ႕နယ္မီးသတ္စခန္းက ထုတ္ျပန္ထားပါတယ္။

အခုရက္ပိုင္း ဘဂၤလားပင္လယ္ေအာ္မွာ မုတ္သံုးေလ အားနည္းေနေပမဲ့ တ႐ုတ္ျပည္ဘက္က မိုးတိမ္တိုက္ ျမန္မာႏိုင္ငံဘက္ကို ေရြ႕လာတဲ့ အေျခအေနရွိတာေၾကင့္ ျမန္မာႏိုင္ငံအထက္ပိုင္းေဒသ ေနရာအႏွံ႔မိုးရြာႏိုင္ၿပီး ေနရာကြက္မိုးႀကီးႏိုင္ေၾကာင္း မိုးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

“ေနာက္တစ္ရက္ ႏွစ္ရက္ေလာက္ဆက္ၿပီးေတာ့မွာ ျမန္မာႏိုင္ငံအထက္ပိုင္းမွာ မိုးဆက္ေကာင္း ႏိုင္တယ္ေပါ့ေနာ္ ၿပီးသြားရင္ေတာ့ မိုးက တေျဖးေျဖးျပန္ေလ်ာ့သြားမယ့္အေနအထားမ်ဳိးရွိပါတယ္။ အဓိက မုတ္သံုေလျပန္အားေကာင္းရင္ေတာ့ ကမ္း႐ုိးတန္းေဒသေတြမွာ မိုးျပန္ၿပီးေတာ့မွ အားေကာင္းလာမယ့္အေနအထားမ်ဳိးရွိပါတယ္။ အဓိကေတာ့ ဒီရက္ပိုင္းမွာမိုးမ်ားတာေတာ့ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္းတို႔ ကခ်င္ျပည္နယ္ေတြေပါ့ေနာ္ ... ဒီေနရာမွာေတာ့ မိုးမ်ားႏိုင္ပါတယ္။ ဒီရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာက္တခုမွာေတာ့ က်ေနာ္တို႔ ဒီမႏၱေလးတိုင္းေဒသႀကီးက မႏၱေလးတိုင္းခဲ ဒီအထက္ပိုင္းေဒသေတြ မိုးကုတ္တို႔ေပါ့ေနာ္.. ဒီမိုးကုတ္တို႔ ဒီေဒသေတြမွာ မိုးနည္းနည္းထပ္ၿပီးေတာ့ ဒီတစ္ရက္ႏွစ္ရက္ေလာက္ေတာ့ မိုးထက္ေကာင္းေနႏိုင္တဲ့ အေနအထားမ်ဳိးရွိပါတယ္ခင္ဗ်။”

ၿပီးခဲ့တဲ့ ဇူလိုင္လ တတိယအပတ္မွာ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္း၊ တနသၤာရီတိုင္းတို႔ ေနရာတခ်ဳိ႕မွာ မိုးႀကီးေရလွ်ံလို႔ ျပည္သူ ေသာင္းနဲ႔ခ်ီ ေဘးလြတ္ရာ ေရႊ႕ေျပာင္းရပါတယ္။ ေျမၿပိဳမႈေၾကာင့္ မြန္ျပည္နယ္မွာ လူႏွစ္ဦး ေသဆံုးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

KIA ထိန်းချုပ်နယ်မြေတွင်းက စစ်ရှောင်စခန်း မိုးကြီး မြေပြိုမှု လူသေဆုံး

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်းက စစ်ရှောင်စခန်းတခုမှာ မိုးအပြင်းအထန်ရွာပြီး မြေပြိုတဲ့အတွက် လူသေဆုံးမှုရှိခဲ့ပါတယ်။ မိုးကုတ်မှာလည်း မြေပြိုမှုကြောင့် ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ဆက်ပြီး မိုးကြီးနိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ထိပ်တန်းတာဝန်ရှိသူတဦးက သတိပေးပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကပြောပြပါမယ်။

မြန်မာ-တရုတ်နယ်စပ် KIA ထိန်းချုပ်နယ်မြေထဲက မဂါ့ယန် စစ်ရှောင်စခန်းမှာ မိုးကြီးမြေပြိုကျလို့ သြဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည်တဦးသေဆုံးပြီး နေအိမ်မြေပိပျက်စီးမှုတွေရှိတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဗွီအိုအေကို ပြောပါတယ်။

“ဒီမနက် ရေကြီးလို့ပေါ့နော်၊ မိုးကြီးလို့ပါ ရေကြီးလို့မဟုတ်ဘူး။ မိုးကြီးလို့ ပြိုသွားတာ ပြိုသွားတော့ အဲ့ဒီစစ်ရှောင်က အဆောင်ပါသွားတာပေ့ါ.. အဲ့ဒီကလူလည်း သုံးဦးပါသွားတယ်။ သုံးဦးပါသွားတဲ့အထဲက တဦးကတော့ ဆုံးသွားပြီး နှစ်ဦးကတော့ ကယ်ထုတ်လို့ရပြီး သက်ဆိုင်ရာလူကြီးတွေကတော့ နည်းနည်းပိုပြီးမှ စိုးရိမ်ရတဲ့ အိမ်ကတော့ လုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းထားတာတော့ ရှိပါတယ်။”

မိုးကြီးရွာပြီး မြေပြိုကျလို့ ကမ်းပါးဘေးနား နေထိုင်တဲ့ စစ်ရှောင်ဒုက္ခသည်တွေကို လက်ရှိအချိန်မှာ လုံခြုံတဲ့နေရာ ရွှေ့ပြောင်းထားတယ်လို့ ပြောပါတယ်။

မြေပြိုမှုကြောင့် စစ်ရှောင်းစခန်းအတွင်း နေအိမ် ၅ လုံး ရေထဲမျောပါသွားပြီး ၁၀ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံ တိုင်းရင်းသားသတင်းက ဖော်ပြထားပါတယ်။

အလားတူ မနှစ်တုန်းကလည်း ရေကြီးမြေပြိုလို့ အဲ့ဒီ မဂါ့ယန်စစ်ရှောင်စခန်းမှာ နေအိမ်တွေ ရေထဲမျောပါ ပျက်စီးတာတွေရှိခဲ့ပေမဲ့ လူအသေအပျောက်မရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့မှာလည်း ဒီကနေ့ မနက်အစောပိုင်းက မိုးကြီးပြီး မြေပြိုတာကြောင့် အသက် ၅ နှစ်အရွယ် ကလေးတဦးအပါအဝင် သုံးဦး သေဆုံးသွားတယ်လို့ ဒေသခံ ပါရမီလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဖြစ်စဉ်ကတော့ ကျနော်တု့ိ မနေ့ညက မိုးကြီးသဲကြီးရွာတယ်ပေ့ါနော်၊ မိုးရွာသွန်းမှုများပြီးတော့ BOC ဘက်အခြမ်းပေါ့နော် BOC ဆီဆိုင် ဓာတ်ဆီဆိုင်ရှိတယ်ပေ့ါနော် ဓာတ်ဆီဆိုင်အခြမ်းက သူတို့အုတ်တံတိုင်း နံရံလေး ပြိုကျသွားတာပေ့ါ၊ အုတ်တံတိုင်းနံရံလေးပြိုကျသွားပြီးတော့ အဲ့ဒီဟိုဘက် သူတို့အောက်လေး BOC ဆိုင်ရဲ့ ဟိုဘက်အောက်လေးမှာက အိမ်လေးတစ်အိမ်ရှိတယ်။ အဲ့ဒီအိမ်လေးအပေါ်သွားပိသွားတယ်။ ဟုတ်(သေဆုံး) သုံးယောက်ကတော့ သေချာပါတယ်ဗျ၊ သုံးယောက်ဆိုတာက အသက် ၆၀၊ ၇၀ ဝန်းကျင်ရှိတဲ့ အဖွားတယောက်ပါမယ်။ အသက် ၄၅၊ ၅၀ အမျိုးသမီးအရွယ်ပါမယ်၊ ၄ နှစ်ခွဲ ၅ နှစ် ကလေးငယ်လေးတစ်ဦးပါတယ်ဗျ၊ စုစုပေါင်းသုံးဖြစ်ပါတယ်ဗျ။”

မိုးကုတ်မြို့အနောက်ပိုင်း အင်းခေါင်းရပ်ကွက်မှာ ဓာတ်ဆီဆိုင်ရဲ့ အုတ်တံတိုင်းနဲ့ လျှပ်စစ်ထရန်စဖော်မာတလုံး၊ ဓာတ်တိုင်နှစ်တိုင်ပြိုကျခဲ့ပါတယ်။ အဲ့ဒီ အုတ်တံတိုင်းဘေးမှာရှိတဲ့ နေအိမ်တစ်လုံးပေါ် ပြိုကျပိမိခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းက ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံးလေ အားနည်းနေပေမဲ့ တရုတ်ပြည်ဘက်က မိုးတိမ်တိုက် မြန်မာနိုင်ငံဘက်ကို ရွေ့လာတဲ့ အခြေအနေရှိတာကြေင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသ နေရာအနှံ့မိုးရွာနိုင်ပြီး နေရာကွက်မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

“နောက်တစ်ရက် နှစ်ရက်လောက်ဆက်ပြီးတော့မှာ မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုးဆက်ကောင်း နိုင်တယ်ပေါ့နော် ပြီးသွားရင်တော့ မိုးက တဖြေးဖြေးပြန်လျော့သွားမယ့်အနေအထားမျိုးရှိပါတယ်။ အဓိက မုတ်သုံလေပြန်အားကောင်းရင်တော့ ကမ်းရိုးတန်းဒေသတွေမှာ မိုးပြန်ပြီးတော့မှ အားကောင်းလာမယ့်အနေအထားမျိုးရှိပါတယ်။ အဓိကတော့ ဒီရက်ပိုင်းမှာမိုးများတာတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့ ကချင်ပြည်နယ်တွေပေါ့နော် ... ဒီနေရာမှာတော့ မိုးများနိုင်ပါတယ်။ ဒီရှမ်းပြည်နယ်မြောက်ပိုင်း နောက်တခုမှာတော့ ကျနော်တို့ ဒီမန္တလေးတိုင်းဒေသကြီးက မန္တလေးတိုင်းခဲ ဒီအထက်ပိုင်းဒေသတွေ မိုးကုတ်တို့ပေါ့နော်.. ဒီမိုးကုတ်တို့ ဒီဒေသတွေမှာ မိုးနည်းနည်းထပ်ပြီးတော့ ဒီတစ်ရက်နှစ်ရက်လောက်တော့ မိုးထက်ကောင်းနေနိုင်တဲ့ အနေအထားမျိုးရှိပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့ နေရာတချို့မှာ မိုးကြီးရေလျှံလို့ ပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းရပါတယ်။ မြေပြိုမှုကြောင့် မွန်ပြည်နယ်မှာ လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG