သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam သေဆုံးမှု သံယယရှိသူနှစ်ဦးကို စွဲချက်တင်


မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲအကို Kim Jong Nam သေဆုံးမှုနဲ့ဆက်စပ်ပြီး အမျိုးသမီးနှစ်ဦးကို လူသတ် မှုနဲ့ မလေးရှားက ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသူ Siti Aisyah နဲ့ အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး Doan Thi Huong တို့ ကို ကွာလာလမ်ပူမြို့က တရားရုံးတခုမှာ လုံခြုံရေးအများအပြားချပြီး ဒီကနေ့ ရုံးထုတ်တာပါ။

အမျိုးသမီးနှစ်ဦးက သူတို့မှာ အပြစ်မရှိတဲ့အကြောင်းပြောပြီး ရုပ်သံဇာတ်လမ်း တခုအတွက် ဟန်ပြ နောက်ပြောင်တဲ့ သရုပ်ဆောင် ချက်တခုမှာ ပါဝင်ခဲ့တာလို့ ယုံကြည်ခဲ့ကြတဲ့အကြောင်း ပြန်လျှောက်ပါတယ်။ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ သူတို့ နှစ်ယောက်လုံး သေဒဏ် ချမှတ်ခံရနိုင်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွာလာလမ်ပူလေဆိပ်မှာ Kim Jong Nam ရဲ့ မျက်နှာကို တခုခုနဲ့ ပွတ်လိုက်တာကို လုံခြုံရေး ကင်မရာတွေကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုထဲမှာတွေ့ရသူ အမျိုးသမီးနှစ်ဦးဟာ သူတို့တွေဖြစ်တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။ Kim Jong Nam ဟာ ပြင်းထန်တဲ့ VX အာရုံကျော ထိခိုက်ပျက်စီးစေတဲ့ အဆိပ် ကြောင့် မိနစ် ၂၀ အကြာမှာ သေဆုံးသွားတယ်လို့ မလေးရှား တာဝန်ရှိသူတွေ က ပြောထားပါတယ်။

အစိုးရရှေ့နေတွေက အမျိုးသမီးနှစ်ဦးကို တတွဲထဲ အမှုစစ်ဆေးစေချင်ပြီး ဧပြီလ လယ်ကျရင် တရားခွင် ပြန်တက်ရမှာပါ။ သူတို့ ကို တရားရုံးကနေ အကျဉ်းထောင် ကို ပြန်ခေါ်သွားချိန်မှာ ကျည်ကာအင်္ကျီတွေ ဝတ်ပေးထားပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ နဲ့ မျက်မြင်သက်သေဖြစ်နိုင်ခြေရှိသူတွေက လူသိရှင်ကြား ဘာမှမပြောဖို့ ပိတ်ပင်တားမြစ်တဲ့ အမိန့်တရပ်ကိုလဲ တရားရုံးက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

Kim Jong Nam သေဆုံးမှု သံယယရှိသူနှစ်ဦးကို စွဲချက်တင်
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG