သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခေါင်းဆောင်ထံ Trump စာပို့


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

အမေရိကန် သမ္မတ Donald Trump ရဲ့ ကိုယ်တိုင်ကိုယ်ကျ ရေးပို့လိုက်တဲ့ စာတစောင်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း လက်ခံရရှိပြီး စာပါ အကြောင်းအရာတွေကို စဉ်းစား သုံးသပ်နေပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော် တံဆိပ်ပုံလို့ ယူဆရတဲ့ စာတစောင်ကို မြောက်ကိုရီးယား ခေါင်းဆောင် လေးလေးနက်နက် ကိုင်ထားတဲ့ ပုံကို မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက တင်ထားပါတယ်။

စာမှာပါတဲ့ အကြောင်းအရာတွေကို မြောက်ကိုရီးယား ခေါင်းဆောင်က ချီးမွမ်းကြောင်းလည်း KCNA သတင်းမှာ ဖော်ပြထားပါတယ်။ ကင်ဂျုံအွန်းက သမ္မတထရမ့်ရဲ့ နိုင်ငံရေးအရ အမျှော်အမြင်ရှိမှုနဲ့ သတ္တိရှိမှုတွေကို အသိအမှတ်ပြု ချီးကျူးပြောဆိုလိုက်ပြီး စာမှာပါတဲ့ စိတ်ဝင်စားစရာ အကြောင်းတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အလေးအနက် စဉ်းစားသွားမှာ ဖြစ်တယ်လို့ KCNA သတင်းက ဆိုပါတယ်။ ဒါပေမဲ့ စာထဲမှာ ဘာတွေပါတယ် ဘာတွေရေးထားတယ် ဆိုတာကိုတော့ KCNA သတင်းက တစုံတရာ ဖော်ပြခြင်းတော့ မရှိပါဘူး။

အရှေ့အလယ်ပိုင်း ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်လိုက်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဆီကို စာပေးပို့ခဲ့တယ်ဆိုတာကို အတည်ပြု ပြောဆိုခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုကြောင့် အမေရိကန်နဲ့ မြောက်ကိုရီးယားကြား အခြေခံ အုတ်မြစ်ကောင်း ဖြစ်လာဖို့ မျှော်လင့်ကြောင်း၊ နောက် ကိုရီးယား ကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေးအတွက် မြောက်ကိုရီးယားနဲ့ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

သမ္မတထရမ့်ကလည်း သူ့အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဆီက အလွန်ကို နွေးထွေးမှုရှိပြီး ပုဂ္ဂိလ်ရေးဆန်တဲ့ စာတစ်စောင်ကို ရရှိခဲ့တယ်လို့ အခုလအစောပိုင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG