သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သား ၆ ဦး ေသဆုံးေၾကာင္း KNU သတင္းထုတ္ျပန္


တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ KNU အေျခစိုက္ ဖာပြန္ခ႐ိုင္အတြင္း စစ္ေကာင္စီရဲ႕ ေလေၾကာင္းတိုက္ခုိက္မႈေၾကာင့္ ေသဆံုးခဲ့ရသူ အရပ္သားမ်ား။ (ဓာတ္ပံု-KNU)

[[Zawgyi/Unicode]]

တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ KNU အေျခစိုက္လႈပ္ရွားေနတဲ့ ဖာပြန္ခ႐ိုင္မွာ မၾကာေသးခင္က စစ္ေကာင္စီရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သား ၆ ဦး ေသဆုံးခဲ့ေၾကာင္း KNU က သတင္းထုတ္ျပန္ခဲ့ပါတယ္။ အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္တာလို႔လည္း စြပ္စဲြထားတာပါ။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ ထားပါတယ္။

KNU ထိန္းခ်ဳပ္ရာ မူေၾတာ္ခရိုင္ထဲမွာ စစ္ေကာင္စီတပ္က ေလယာဥ္ ၇ စီးနဲ့ဗံုးႀကဲတိုက္ခိုက္ေနတာေၾကာင့္ အရပ္သားေတြေနထုိင္အလုပ္လုပ္ေနတဲ့ လုပ္ငန္းခြင္ထဲ က်ေရာက္ေပါက္ကဲြခဲ့ျပီး ဒြဲ႔လိုးၿမိဳ႕နယ္၊ မဲ့သူ႔အုပ္စု၊ ယာယီထာ့႐ြာအတြင္းက ေဒသခံ ေဒၚႏြယ္နီနဲ႔ သား၂ ဦး၊ ေခြၽးမ ၁ ဦး၊ အလုပ္သမား ၂ ဦး စုစုေပါင္း အရပ္သား ၆ ဦးေသဆံုးခဲ့တယ္လို KNU တပ္မဟာ (၅) နယ္ေျမ မူေၾတာ္သတင္းမွာ ထုတ္ျပန္ထားခဲ့ပါတယ္၊

တုိက္ေလယာဥ္ ၇ စီးနဲ့ ဗံုးအလုံး ၂၀ ေလာက္ႀကဲခ်ရာမွာ အရပ္သားေတြေနထုိင္ရာကို ပစ္မွတ္ထားခဲ့တာလို႔ ေျပာပါတယ္။

အဲဒီနယ္ေျမကို စစ္ေကာင္စီဘက္က ေခတ္အဆက္ဆက္ အမဲေရာင္နယ္ေျမသတ္မွတ္ထားျပီး အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနတာျဖစ္တယ္လို႔လည္း KNU ကရင္အမ်ိဳးသားအစည္းအရံုးက သတင္းနဲ႔ျပန္ၾကားေရးတာဝန္ခံ ဖဒုိကလဲေစးက အခုလိုေျပာျပပါတယ္။

“ဟုတ္ကဲ့ အဲဒါကေတာ့ အရပ္သားကုိ ပစ္မွတ္ထားတယ္လို ့က်ေနာ္တို႔က လံုးဝ လက္ခံထားတယ္။ ဖာပြန္ေျမာက္ပိုင္းမွာ သူတို႔ ဘက္က အဲဒီမွာ အရပ္သားေတြလံုးဝမရွိဘူးဆိုတဲ့ ဟုိးလြန္ခဲ့တဲ ခင္ညြန္႔လက္ထက္ကတည္းက အမိန္႔အာဏာကို မရုပ္သိမ္းခဲ့ဘူး။ NCA ကာလမွာလည္း အဲဒီလိုပဲ သတ္မွတ္ထားတယ္။ ဒီနယ္ေျမကို အမဲေရာင္နယ္ေျမလို ့သူတို႔သတ္မွတ္ထားတာေလ။ အရပ္သားရယ္လို႔၊ KNU ရယ္လို႔၊ လက္နက္ကိုင္နယ္ေျမရယ္လို ့သတ္မွတ္ထားျပီး အားလံုးက သူပုန္ရယ္လို့႔ သူတို႔ကသတ္မွတ္ထားတာပါ။ က်ေနာ္တို႔ကေတာ့ အဲဒီလိုေတာ့ နားလည္တယ္။ အရပ္သားနယ္ေျမကို KNU ရဲ ့တပ္နယ္ေျမဆိုျပီး သူတို႔က မခဲြျခားေတာ့ဘူးေလ။ က်ေနာ္တို႔သိရွိတာကေတာ့ အရပ္သားကေတာ့ အမ်ားစုရွိတယ္။ က်ေနာ္တို႔ KNU ကေတာ့ အနည္းငယ္ရွိပါတယ္။ သူတို႔ ေပၚလစီအရေတာ့ အရပ္သားေတြဆိုျပီး မခဲြျခားေတာ့ဘူး၊ ေျပာခ်င္တာပါ။ KNU အဖဲြ႔ဝင္ေတြေတာ့ ရွိပါတယ္။ ဒါက အရပ္သားေတြေနတဲ့ နယ္ေျမေတြပါ။”

တပ္မဟာ (၆) နယ္ေျမမွာေတာ့ တိုက္ပဲြေတြက ေန႔စဥ္ျဖစ္ေနျပီး ၾကာအင္းဆိပ္ႀကီးတို႔၊ ေကာ့ကရိတ္တို႔ဘက္မွာ ေန႔စဥ္ရက္ဆက္ ေလေၾကာင္းက တိုက္ခိုက္ေနတယ္လို႔လည္း ဖဒိုကလယ္ေစးကေျပာပါတယ္။

“ဟုတ္ကဲ့။ ဆက္တုိက္ျဖစ္ေနပါတယ္။ ေကာ့ကရိတ္ထဲမွာ ေန႔စဥ္ျဖစ္ေနတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တုိ႔နားလည္တာကေတာ့ သူတို့ ေကာင္းကင္ေပၚတက္တာနဲ႔ တုိက္ပဲြျဖစ္ေနတဲ့ေနရာကို ေန႔တိုင္းပဲ ေလယာဥ္နဲ႔ဗံုးႀကဲတာေတြလုပ္မယ္လို ့က်ေနာ္တို့႔က နားလည္ထားတယ္။”

အရပ္သားေတြထိခိုက္ေသဆံုးတာနဲ႔ပတ္သက္လို႔ေတာ့စစ္ေကာင္စီဘက္က ဘာမွ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။

စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ အုပ္ခ်ဳပ္ေရးအဖဲြ႔ေတြကို ဇန္နဝါရီလ ၁၀ ရက္ေန႔ေနာက္ဆံုးထားျပိီး ႏုတ္ထြက္ဖုိ႔ကိုလည္း KNU တပ္မဟာ (၅) က သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။ စာထုတ္ခဲ့တဲ့ေန႔ကစျပီး စစ္ေကာင္စီဘက္က ဖာပြန္ခရိုင္ထဲကို ေလေၾကာင္းကေန ဆက္တိုက္ ဗံုးႀကဲတုိက္ခိုက္ေနတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

================
[Unicode]]

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးကြောင်း KNU သတင်းထုတ်ပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU အခြေစိုက်လှုပ်ရှားနေတဲ့ ဖာပွန်ခရိုင်မှာ မကြာသေးခင်က စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့လည်း စွပ်စွဲထားတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

KNU ထိန်းချုပ်ရာ မူတြော်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က လေယာဉ် ၇ စီးနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားတွေနေထိုင်အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒွဲ့လိုးမြို့နယ်၊ မဲ့သူ့အုပ်စု၊ ယာယီထာ့ရွာအတွင်းက ဒေသခံ ဒေါ်နွယ်နီနဲ့ သား၂ ဦး၊ ချွေးမ ၁ ဦး၊ အလုပ်သမား ၂ ဦး စုစုပေါင်း အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို KNU တပ်မဟာ (၅) နယ်မြေ မူတြော်သတင်းမှာ ထုတ်ပြန်ထားခဲ့ပါတယ်၊

တိုက်လေယာဉ် ၇ စီးနဲ့ ဗုံးအလုံး ၂၀ လောက်ကြဲချရာမှာ အရပ်သားတွေနေထိုင်ရာကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။

အဲဒီနယ်မြေကို စစ်ကောင်စီဘက်က ခေတ်အဆက်ဆက် အမဲရောင်နယ်မြေသတ်မှတ်ထားပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း KNU ကရင်အမျိုးသားအစည်းအရုံးက သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဖဒိုကလဲစေးက အခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့ အဲဒါကတော့ အရပ်သားကို ပစ်မှတ်ထားတယ်လို့ကျနော်တို့က လုံးဝ လက်ခံထားတယ်။ ဖာပွန်မြောက်ပိုင်းမှာ သူတို့ ဘက်က အဲဒီမှာ အရပ်သားတွေလုံးဝမရှိဘူးဆိုတဲ့ ဟိုးလွန်ခဲ့တဲ ခင်ညွန့်လက်ထက်ကတည်းက အမိန့်အာဏာကို မရုပ်သိမ်းခဲ့ဘူး။ NCA ကာလမှာလည်း အဲဒီလိုပဲ သတ်မှတ်ထားတယ်။ ဒီနယ်မြေကို အမဲရောင်နယ်မြေလို့သူတို့သတ်မှတ်ထားတာလေ။ အရပ်သားရယ်လို့၊ KNU ရယ်လို့၊ လက်နက်ကိုင်နယ်မြေရယ်လို့သတ်မှတ်ထားပြီး အားလုံးက သူပုန်ရယ်လို့ သူတို့ကသတ်မှတ်ထားတာပါ။ ကျနော်တို့ကတော့ အဲဒီလိုတော့ နားလည်တယ်။ အရပ်သားနယ်မြေကို KNU ရဲ့တပ်နယ်မြေဆိုပြီး သူတို့က မခွဲခြားတော့ဘူးလေ။ ကျနော်တို့သိရှိတာကတော့ အရပ်သားကတော့ အများစုရှိတယ်။ ကျနော်တို့ KNU ကတော့ အနည်းငယ်ရှိပါတယ်။ သူတို့ ပေါ်လစီအရတော့ အရပ်သားတွေဆိုပြီး မခွဲခြားတော့ဘူး၊ ပြောချင်တာပါ။ KNU အဖွဲ့ဝင်တွေတော့ ရှိပါတယ်။ ဒါက အရပ်သားတွေနေတဲ့ နယ်မြေတွေပါ။”

တပ်မဟာ (၆) နယ်မြေမှာတော့ တိုက်ပွဲတွေက နေ့စဉ်ဖြစ်နေပြီး ကြာအင်းဆိပ်ကြီးတို့၊ ကော့ကရိတ်တို့ဘက်မှာ နေ့စဉ်ရက်ဆက် လေကြောင်းက တိုက်ခိုက်နေတယ်လို့လည်း ဖဒိုကလယ်စေးကပြောပါတယ်။

“ဟုတ်ကဲ့။ ဆက်တိုက်ဖြစ်နေပါတယ်။ ကော့ကရိတ်ထဲမှာ နေ့စဉ်ဖြစ်နေတာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နားလည်တာကတော့ သူတို့ ကောင်းကင်ပေါ်တက်တာနဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာကို နေ့တိုင်းပဲ လေယာဉ်နဲ့ဗုံးကြဲတာတွေလုပ်မယ်လို့ကျနော်တို့က နားလည်ထားတယ်။”

အရပ်သားတွေထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့တော့စစ်ကောင်စီဘက်က ဘာမှ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ဇန်နဝါရီလ ၁၀ ရက်နေ့နောက်ဆုံးထားပြီး နုတ်ထွက်ဖို့ကိုလည်း KNU တပ်မဟာ (၅) က သတိပေးချက်ထုတ်ပြန်ထားပါတယ်။ စာထုတ်ခဲ့တဲ့နေ့ကစပြီး စစ်ကောင်စီဘက်က ဖာပွန်ခရိုင်ထဲကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

XS
SM
MD
LG