သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ် အရပ်သား ၂၀ ခန့် မီးရှို့သတ်ခဲ့ကြောင်း KNU သတင်းထုတ်ပြန်


ကရင်ဒေသ စစ်ဘေးဒုက္ခသည်များ
ကရင်ဒေသ စစ်ဘေးဒုက္ခသည်များ

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ညောင်ပင်သာ ကျေးရွာက ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး သတ်ဖြတ်မီးရှို့ခဲ့ရာမှာ လူ ၂၀ သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ပြီလို့ KNU က မနေ့က သတင်းထုတ်ပြန်ပါတယ်။ တချို့ရွာသားတွေလည်း အလားတူ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိမ်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲမှာ မေလ ဒုတိယ အပတ်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ စစ်ကောင်စီတပ်တွေဖြစ်တဲ့ ခမရ ၅၉၉၊ ခလ၇ (၇၃)၊ အမှတ်(၆) စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ ခလရ (၈၄)၊ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ခမရ (၁၅) တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် ၅ဦးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဒေသထဲက ညောင်ပင်သာကျေးရွာက လူထုတွေကို စစ်တပ်ရဲ့ပူးပေါင်းတပ်ဖွဲ့က လူသားဒိုင်းလုပ်ပြီး ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။ ဒီနောက်မှာတော့ ညောင်ပင်သာကျေးရွာမှာ လူတွေကို သတ်ဖြတ်ပြီး မီးရှို့သွားခဲ့ကြောင်း၊ အခုဆိုရင် လူ ၂၀ သေဆုံးတာကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးက အခုလို ပြောပါတယ်။

“ညောင်ပင်သာဘက်မှာဖြစ်တဲ့ သတင်းက အခု ကျနော်တို့ရရှိချက်က လူ ၂၀ ထိရှိပြီ။ နောက်ဆက်တွဲသတင်းက မရသေးဘူး။ ဖမ်းဆီးမူတွေကတော့ တခြားနေရာတွေပါ ပါလာပြီ။ ညောင်ပင်သာ ကျေးရွာအပြင် တခြားသော မြို့နယ်တွေက ကျေးရွာတွေ ပါလာပြီ။ ဖမ်းဆီးမှုတွေကတော့ များလာတဲ့သဘောဖြစ်တယ်။”

အဲဒီ မုန်းမြိုနယ်ထဲမှာတော့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ဗျူဟာမူး ဗိုလ်မူးကြီး အောင်စိုးမင်းက စီမံချက်ကို တိုက်ရိုက်ကွပ်ကဲပြီး ကျောက်ကြီးဗျူဟာက ဗျူဟာမှူး ဗိုလ်မူးကြီး နေထက်အောင်က ဦးဆောင်တာလို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်အတွင်း ညောင်ပင်သာကျေးရွာမှာ အသက် ၅နှစ်၊ ၆ နှစ်၊ ၇နှစ် စီရှိကြတဲ့ ကလေးငယ် ၃ဦးအပါ အဝင် ကလေး ၄ဦး၊ စုစုပေါင်း ၂၀ဦး သတ်ဖြတ်ခံခဲ့ရတာပါ။ အခုဆိုရင် ညောင်ပင်သာရွာအပြင် တခြားကျေးရွာတွေက လူထုတွေကိုလည်း စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတာတွေ များလာတယ်လို့လည်း KNU က ဆိုပါတယ်။

အဲဒီ တပ်ရင်းတပ်ဖွဲ့တွေကပဲ တခြား ရေအိုးစင်ရွာက ရွာသား ၃ဦး၊ နောက်ထပ် တခြားရွာက ၄ဦးတို့ကိုလည်း ဆက်လက် ဖမ်းဆီးထားပြီး ဘယ်နေရာကို ရောက်နေလဲဆိုတာ မသိရဘူးလို့ မိသားစုတွေက ပြောပါတယ်။

အခုဆိုရင် စစ်ကောင်စီဘက်က တပ်မ (၉၉) လက်အောက်ခံတပ်ရင်း (ခမရ−၁၅)၊ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှူးဌာနချုပ် လက်အောက်ခံ တပ်ရင်း (ခလရ−၈၄)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တောင်ငူ) လက်အောက်ခံတပ်ရင်း (ခလရ−၇၃) ဇရပ်ကြီး၊ (ခမရ−၅၉၉) မုန်း၊ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းတွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ပူးပေါင်းတပ်တို့ ရေအိုးစဉ်ကျေးရွာနဲ့ မီးတိုင်တော ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရပါတယ်။


လက်ရှိဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့်ကော၊ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတဲ့အတွက်ကြောင့်ပါ ဒီရက်ပိုင်းမှာပဲ ဒေသခံ ၈,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသတွင်း အကူအညီပေးနေသူတွေက ပြောပြကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG