သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်နဲ့ကြာအင်းဆိပ်ကြီးကြား လမ်းမပိုင်းတချို့ ဖျက်ဆီးခံရ


ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကိုဆက်ထားတဲ့ တောင်ကြာ အင်းကျေးရွာရှိတဲ့လမ်းမကြီးကို မေလ ၁၄ ရက်နေ့မနက် ၁၀ နာရီအချိန်ကစပြီး စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးကားတွေသုံးပြီးဖျက်ဆီးခဲ့ပုံ/ (မေ ၁၄၊ ၂၀၂၃/Crd: CJ)
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကိုဆက်ထားတဲ့ တောင်ကြာ အင်းကျေးရွာရှိတဲ့လမ်းမကြီးကို မေလ ၁၄ ရက်နေ့မနက် ၁၀ နာရီအချိန်ကစပြီး စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးကားတွေသုံးပြီးဖျက်ဆီးခဲ့ပုံ/ (မေ ၁၄၊ ၂၀၂၃/Crd: CJ)

ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကိုဆက်ထားတဲ့ တောင်ကြာ အင်းကျေးရွာရှိတဲ့လမ်းမကြီးကို မေလ ၁၄ ရက်နေ့မနက် ၁၀ နာရီအချိန်ကစပြီး စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးကားတွေနဲ့ဖျက်ဆီးလိုက်ပါတယ်။ ဒါဟာ ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်နဲ့ကြာအင်းဆိပ်ကြီးမြို့နယ်ကိုဆက်ထားတဲ့ တောင်ကြာအင်းကျေးရွာရှိတဲ့လမ်းမကြီးကို မေလ ၁၄ ရက်နေ့မနက် ၁၀ နာရီအချိန်ကစပြီး စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးကားတွေနဲ့ ဖျက်ဆီးလိုက်ကြောင်း နယ်စပ်နေ ပြည်သူတဦးက ပြောပြပါတယ်။

"ကော့ကရိတ်ဘက်မှာတော့ ဘူဒိုဇာတွေနဲ့ လမ်းကြောတွေကိုဖျက်ချနေတယ်။ ဘာလုပ်တာလဲမသိဘူး။ သူတို့က စစ်ကြောင်းတွေတက်လာမှာစိုးလို့ထင်တယ်။ တောဘက်ကလူတွေ ဒီဘက်ကနေ စစ်ကြောင်းတွေတက်လာပြီး သူတို့ကိုချမှာစိုးလို့နဲ့တူတယ်။ ခလရ ၃၄၃ ကလည်း စစ်ကြောင်းထိုးလာတယ်။"

ဒါဟာ ကေအန်ယူနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေကို ပိတ်ဆို့တားဆီးတာဖြစ်နိုင်သလို ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်နယ်မြေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့ ပြင်ဆင်တာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တောင်ကြားအင်းတံတားကိုတော့ ပြီးခဲ့တဲ့မေလ ၆ ရက်နေ့ကစပြီး ဒေသခံလူထုတွေ သွားလာခွင့်မပေးဘဲ ပိတ်ထားရာကနေ အခုအခါမှာတော့ ကော့ကရိတ်လမ်းကြောကိုပါ ကားတွေ သွားလာလို့မရအောင်လမ်းတွေကို ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ တောင်ကြာအင်းတံတားကို ပိတ်လိုက်ချိန်ကစလို့ နေ့စဉ် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့သလို အခု ကော့ကရိတ်လမ်းကြောကို ဖျက်ဆီးတဲ့အချိန်မှာလည်း အနီးနားကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

မေလ ၁၄ ရက်နေ့ညမှာတော့ မြဝတီခရိုင်ထဲမှာ လက်နက်ကြီးနဲ့ပစ်ခတ်သံတွေကြားနေရတယ်လို့လည်း ဒေသခံကပြောပါတယ်။

"ဒီနေ့ညပေါ့။ မြဝတီဘက်မှာ ပစ်ခတ်သံတွေကြားနေရတယ်။ လက်ခတ်တောင်ဘက်မှာ။"

မေလ ၁၃ ရက်နေ့မှာလည်း ကော့ကရိတ်မြို့တောင်ပိုင်းဘက်ခြမ်းမှာရှိတဲ့ မြို့တွင်းဝင်လမ်းတွေဖြစ်တဲ့ ကမိုင်ကုန်းလမ်း၊ မြေနီလမ်း၊ ကျိုက်ဒုံလမ်းတွေက လမ်းကြောင်းတွေကိုလည်း စစ်ကောင်စီက ဘူဒိုဇာတွေနဲ့ဖျက်ဆီးထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

လမ်းတွေဖျက်ဆီးထားတဲ့အတွက် ဒေသခံ ဥယျာဉ်ခြံမြေလုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းတွေလည်းထိခိုက်ပြီး အရောင်းအဝယ်တွေလည်းပျက်ကုန်တာကြောင့် စားဝတ်နေရေးမှာထိခိုက်သလို အခြေခံစားကုန်တွေမရှိတော့မှာစိုးရိမ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းကတော့ ကေအန်ယူနဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်က မြဝတီ-ကော့ကရိတ်လမ်းကို ခရီးသွားတွေမလာဖို့နဲ့ ကားတွေမသွားဖို့အတွက် ပိတ်ပင်ခဲ့တာရှိပါတယ်။ ဒါပေမယ့်အခု စစ်ကောင်စီဘက်ကတော့ လမ်းတွေကိုပါ ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG