သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ခတ်ရပ်စဲရေးညှိနှိုင်းဖို့ စစ်ကောင်စီ ကမ်းလှမ်းချက် အပေါ် KNU တုံ့ပြန်ချက်


KNU တပ်ဖွဲ့ဝင်များ
KNU တပ်ဖွဲ့ဝင်များ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နယ်မြေမှာ လက်နက်ကိုင် ပဋိပက္ခတွေမဖြစ်အောင် တပ်မတော်အနေနဲ့ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ရဲ့ပြောဆိုချက်ကို KNU အထွေထွေအတွင်းရေးမှူး ဖဒိုတာဒိုမှူး က ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။

အပစ်ခတ်ရပ်စဲရေးညှိနှိုင်းဖို့ စစ်ကောင်စီ ကမ်းလှမ်းချက် အပေါ် KNU တုံ့ပြန်ချက်

{{Zawgyi/Unicode}}

ကရင်ပြည်နယ်အတွင်း အပစ်ခတ်မဖြစ်ပွားစေရေး ညှိနိုင်းရေးအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီက KNU ကိုကမ်းလှမ်းလိုက်ပါတယ်။ KNU ဘက်ကတော့ အပစ်အခတ်မဖြစ်ပွားဖို့ဆိုရင် စစ်ကောင်စီတပ် တွေပြန်ဆုတ်သွားဖို့လိုတယ်လို့တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုခင် မောင်စိုးမင်း ကတင်ပြပေးပါမယ်။

ကရင်ပြည်နယ်အတွင်း အပစ်အခတ်မဖြစ်ပွားရေးအတွက် KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ကိုယ်စားလှယ်အမည်စာရင်းပေးပို့ရန် KNU ကို စစ်ကောင်စီကနေ ဒီလ မတ်လ ၂၃ ရက်နေ့က စာတဆောင်ပေးပို့ခဲ့ပါတယ်။

ဒါအပြင် မတ်လ ၂၄ရက် မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ EAO တွေနဲ့ အပစ်အခတ်လျှော့ပါးရေးအတွက် ဆွေးနွေးပွဲခေါ်ယူခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။

အဲဒီအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO နယ်မြေတွေမှာ လက်နက်ကိုင် ပဋိပက္ခမဖြစ်ပွားရေးအတွက် တပ်မတော်က လုပ်ဆောင်နေတယ်လို့လည်း ပြောဆိုပါတယ်။ ဒီအချက်ကို KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုတာဒိုမှူး က အခုလိုငြင်းပယ်လိုက်ပါတယ်။

" ရှင်းရှင်းပြောရရင်တော့ လေယာဉ်ပျံနဲ့တောင် ဗုံးလာကြဲကြတာ။ မနေ့ညကတောင်မှာ မြဝတီရဲ့ မြောက်ဖက်မှာရှိတဲ့ နိုဖိုးထိမှုးထာ ဖက်မှာ သူတို့ ရွာထဲကို လက်နက်ကြီးနဲ့ပစ်တာ၊ ၁၇နှစ်ကျော် ၁၈ နှစ်ရှိတဲ့ သမီးငယ်လေး ခေါင်းကို တည့်တည့်ထိတာ ပွဲချင်းပြီးကို ဆုံးသွားတယ်။ အိမ်က ပျက်စီသွားတယ်။ EAO ကို သွားမတိုက်ဖူးဆိုတာကလည်း သိပ်တော့ အဆင်မပြေဖူးထင်ပါတယ်"

ဒါအပြင် စစ်ကောင်စီအနေနဲ့ အပစ်အခတ်မဖြစ်ပွားအောင် ဦးတည်လုပ်ဆောင်မယ်ဆိုရင် စစ်အင်အားတွေ တိုးမြှင့်လာတာမလုပ်ပဲ ရုတ်သိမ်းသွားဖို့လိုတယ်လို့လည်း ဖဒိုတာဒိုမှူး က ပြောပါတယ်။

" အပစ်အခတ်မဖြစ်ပွားရေးအတွက် ဦးတည်တယ်ဆိုရင် ကျနော်က အကြံပြုလိုတာက စစ်တပ်တွေ ပြန်ဆုတ်သွားဖို့လိုပါတယ်။ ဒီဟာနဲ့ အပစ်အခတ်ရပ်စဲသွားရေးနဲ့ နိုင်ငံရေးပြသာနာပြေလည်ရေးကတော့ အချိတ်အဆက်ရှိတာပေါ့နော်။ လက်ရှိဖြစ်နေတာက တပ်အင်အားတွေတိုးချဲ့တာနဲ့ ဒရုန်းတွေနဲ့ ထောက်လှမ်းတာတို့၊ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတို့၊ အခု သူတို့ ဟောင်ဝစ်ဇာအမြောက်ကြီးတွေ ဆွဲယူလာကြတယ်။ ဒါတွေက အပစ်အခတ်လျော့ပါးအောင်လုပ်တာထက် သဘောထားမှန်ကန်အောင်လုပ်မယ်ဆိုတဲ့ သဘောထားလည်းပါဖို့တော့လိုတာပေါ့နော်"

ဆက်လက်ပြီး အခုအပစ်အခတ်လျှော့ပါးရေးဟာ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ State Holder အသစ်တွေ၊ PDF ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အကြားမှာ ကွဲပြားသွားအောင်လည်းလုပ်တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါအပြင် ဆွေးနွေးပွဲတွေကို နိုင်ငံရေးအရ အသုံံးချတာမျိုးမဟုတ်ပဲ နိုင်ငံရေးမှာ စစ်တပ်ကမပါပဲ စစ်တန်းလျှားကိုပြန်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ဘယ်လိုတည်ထောင်မလဲဆိုတာကိုလည်း ဖော်ပြသင့်တယ်လို့ KNU အထွေထွေအတွင်းရေးမှူး ဖဒိုတာဒိုမှူးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

................................................


{{Unicode}}
.....





XS
SM
MD
LG