သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးကေကော် စစ်ဘေးရှောင်တွေ ဌာနေပြန်ရခက်


စစ်ကောင်စီတပ်နဲ့ ကေအဲန်ယူကြားတိုက်ပွဲတွေက စစ်ဘေးရှောင်တွေအတွက် အခြေခံ ဆေးဝါးလိုအပ်ချက်တွေအတွက် ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်တွင်းမှာ ပြင်ဆင်ထားပုံ။
စစ်ကောင်စီတပ်နဲ့ ကေအဲန်ယူကြားတိုက်ပွဲတွေက စစ်ဘေးရှောင်တွေအတွက် အခြေခံ ဆေးဝါးလိုအပ်ချက်တွေအတွက် ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်တွင်းမှာ ပြင်ဆင်ထားပုံ။

လေးကေကော် စစ်ဘေးရှောင်တွေ ဌာနေပြန်ရခက်

{{Zawgyi/Unicode}}

ကရင်ပြည်နယ် မြဝတီခရိုင် ကေအန်ယူ ထိန်းချုပ်ရာလေ့ကေကော်မြို့သစ် ဒေသတဝိုက်က ထွက်ပြေးရေရတဲ့ စစ်ရှောင် ဒုက္ခသည်တွေက နေရပ်ပြန်ဖို့အခက်အခဲဖြစ်နေတုန်းပဲလို့ဆိုပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ကေအန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်။ ကရင်အမျိုးသားကာကွယ်ရေးတပ် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီဇင်ဘာလ၁၅ရက်နေ့ကစပြီးတိုက်ပွဲတွေကြောင့် ဒုက္ခသည် ၂သောင်းလောက်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

ကရင်ပြည်နယ်မြဝတီခရိုင် လေးကေ့ကော်မြို့သစ် အတွင်းမှာ ခိုလှုံနေတဲ့ လွတ်တော်အမတ် ၂ ဦးနဲ့ အကြမ်းမဖက်အာဏာဖီဆန် CDM လုပ်ထားတဲ့ ဝန်ထမ်း ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၁၄ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ရာကနေ နောက်တရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် အပါအဝင် ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူအပြင် လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်မှု ၄ ရက်ဆက်တိုက်လုပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်ဒုက္ခသည် ၁ သောင်းကျော် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာပြည်တွင်းမှာလည်း စစ်ဘေးရှောင် သောင်းဂဏန်းလောက်ဟာ အိုးအိမ်စွန့်ခွါပြီး တောတောင်တွေထဲမှာပုန်းအောင်းနေထိုင်နေရစဲဖြစ်ပါတယ် ။ ဒုက္ခသည်တွေဟာ ထိုင်းဘက်ကိုပြေးလာလိုက် ပြန်သွားလိုက်နဲ့ နေရပ်ရင်းကိုပြန်ဖို့က အခက်အခဲတွေဖြစ်နေတုံးပဲလို့ဆိုပါတယ်။ မနေ့ညကပဲ မင်းလက်ပံကျေးရွာဘက်လက်နက်ကြီးကျလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေသူတဦးကပြောပြပါတယ်။

" ဒုက္ခသည်တွေကစပြီး စစ်ဖြစ်ကတည်းကပြေးလာကြတယ်။ တိုက်ပွဲက နည်းနည်းအေးချိန်ကျတောရွာကိုပြန်ကြတယ်။ ပြီးတော့ လက်နက်ကြီးကျတော့ ပြန်ပြီးပြေးလာရတယ်။ အဲဒီလိုပြေးနေရတာ အသွားအပြန်သုံးကြော(သုံးကြိမ်) လောက်ဖြစ်နေပြီ။ ဒုက္ခသည်တွေရဲ့ ရင်ထဲကအမှန်ဆန္ဒကသူတို့ရပ်ရွာမှာပဲမိရိုးဖလာလုပ်ငန်းတွေကိုအေးအေးဆေးလုပ်ချင်ကြတယ်လက်နက်ကြီးက ရွာဘက်ကို ကျလိုက် ရွာနားကိုကျလိုက်ဆိုတော့ သူတို့ကပြေးနေရတယ် ။မနေ့ကပဲ မင်းလက်ပံဘက်ကို လက်နက်ကြီး ၁၅လုံးလောက်ကျလာတော့ ထပ်ပြေးလာရတယ်။ ဒုက္ခသည်တွေက ပြန်ချင်ပေမယ့်ပြန်လို့မရသေးတဲ့အခြေအနေဖြစ်နေတယ်။ သူတို့မှာလည်းဒုက္ခရောက်နေတာတွေ့ရတယ် ။ အခုရက်ပိုင်းမှာဆို ဒုက္ခသည်တွေထဲမှာဝမ်းလျောဝမ်းပျက်တွေဖြစ်နေတာရှိတယ်။ပြေးလာတဲ့အထဲမှာ လသားကလေးတွေ ကိုယ်ဝန်ဆောင်တွေပါတယ်။ တချို့ကလေးတွေဆို ရက်သားလေးတွေပဲ။ ကျန်းမာရေးမကောင်းတဲ့ သူတွေလည်းပါတယ် "

ဒုက္ခသည်တွေနေရပ်ပြန်ဖို့ အခက်အခဲတွေဖြစ်နေပေမယ့် စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လေးကေ့ကော်ဘက်မှာ ပုံမှန်အခြေအနေပြန်ရောက်နေပြီလို့ အခုလိုပြောပါတယ် ။

" လေးကေကော်ဘက်ကလုံခြုံရေးအရ ဆောင်ရွက်တာကြောင့်ပုံမှန်အခြေအနေပြန်ဖြစ်နေပါပြီ ။ ၃ရက်နဲ့ ၄ရက်နေ့တွေမှာလေးကေ့ကော်မှာဖြစ်တာမရှိဘူး ။ ၃ရက်နေ့မှာတော့ရှိတယ် လေးကေ့ကော်မှာမဟုတ်ဘူး ။ ဖလူးဘက်မှာတော့ရှိတယ်။ဖလူးရွာရဲ့ဘောလုံးကွင်းတဝိုက်မှာ တွေ့ဆုံတိုက်ပွဲဖြစ်တာတော့ရှိတယ် "

မနေ့ညကပဲ မင်းလက်ပံရွာဘက်ကို လက်နက်ကြီး ကျည်ဆံတွေကျတာကြောင့် တချို့ဒုက္ခသည်တွေက ထိုင်းဘက်ကို ပြေးလာပြီးတချို့ကတော့ သောင်ရင်းမြစ်တလျောက်မှ ာခိုလှုံနေကြပါတယ် ။ စားသောက်ရေးအခက်အခဲရှိတာကြောင် ထိုင်းဘက်က လူမူ့ကူညီအဖွဲ့တွေထံကို အကူညီတောင်းခံနေတယ်လို့လည်းဒုက္ခသည်တွေကိုအကူညီပေးနေသူတွေကပြောပါတယ်။

" မနေ့ကတော့ ည ရနာရီလောက်က လက်နက်ကြီးနဲ့ ၁၅လုံးလောက်ပစ်ပြီးတဲ့နောက် ပြည်သူတွေက မင်းလက်ပံ တဝိုက် သောင်ရင်းမြစ်ကမ်းခြေဘက်ကို ပြေးလာကြတယ်။ ကျနော်တို့သိရတာလူဦးရေ ၁၅၀၀လောက်ရှိတယ်။ အဲဒီမှာဟိုတစု ဒီတစုဖြစ်နေတယ်။ အဲဒီအစုတွေထဲက ရ၀၀လောက်ရှိတဲ့အစုက ဒီညနေကပဲ ကျနော်တို့ဆီ ဆက်သွယ်လာတာကတော့ သူတို့ထမင်းထုတ်တွေ ၃၀၀လောက်ပဲရသေးတယ်။ လူ၄၀၀စာလောက်လိုပါတယ် လို့လှမ်းကူညီဖို့ဆက်သွယ်လာပါတယ် ။ ကျနော်တို့ကတော့ အဲဒီဘက်ကရွာခံတွေနဲဆက်သွယ်ပြီး အကူညီပေးဖို့ချိတ်ဆက်ထားပါတယ် ။ အဆင်ပြေလိမ့်မယ်ထင်ပါတယ်။ မဲဆောက်ဈေးအဖွဲ့ကလည်းအားကိုးရတယ်။ ညနေတိုင်းထမင်းထုတ် ၁၀၀၀ နဲ့ ၁၂၀၀ကြားကိုသူတို့လှူပေးကြပါတယ် ။ ရေဗူးတဒါဇင်ပါတဲ့ ရေကဒ်လည်း နေတိုင်း (တဒါဇင်)ကဒ်၂၀၀လောက်လျုပါတယ်။ ညနေတိုင်းအမာခံဈေးသူဈေးသားတွေက သူတို့လှူပေးကြပါတယ်"

နှစ်ဖက်တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြိုသစ်အပါအဝင် မဲ့ထော်သလေး၊ ရသေဂူ၊ ဖလူးကြီး ၊ ဖလူးလေး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်၊ ပဟိကလော်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။ နှစ်ဘက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူ့တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေကြောင့် စစ်ဘေးရှောင်တချို့သေဆုံး ဒဏ်ရာရတာတွေလည်းရှိနေပါတယ်။

..........................................

တိုက်ရိုက် လင့်ခ်



{{Unicode}}









XS
SM
MD
LG