သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူ းချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်မည့်အဖွဲ့ ရခိုင်အရေးအကြံပေးမည်


An aerial view of a tea field is seen in Zhangping in China's eastern Fujian province.
An aerial view of a tea field is seen in Zhangping in China's eastern Fujian province.

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကိုအမှန်အတိုင်းလေ့လာပြီးအကြံပေးသွားမယ်လို့ အသစ်ဖွဲ့စည်း လိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကပြောဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကနေပြီး ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အရေးကိစ္စတွေကိုဖြေရှင်းဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်ဆုရှင် ကိုဖီအာနန် ဦးဆောင်တဲ့ ဒီအကြံပေးကော်မရှင်ကိုဖွဲ့စည်းလိုက်တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းကပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ သိမ်မွေ့နက်နဲတဲ့ အခြေအနေတွေ ကိုဖြေရှင်းဖို့ အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနကဒီကနေ့ပဲဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ အကြံပေးကော်မရှင်အနေနဲ့ ဘက်လိုက်မှုမရှိဘဲ ရခိုင်ပြည်နယ် တွင်းကမြေပြင်အခြေအနေတွေကို တင်ပြအကြံပေးသွား မှာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ) ဦးဆောင်သူဦးအေးလွင်ကအခုလိုပြောပါတယ်။

“ကျနော်တို့က အကောင်းဆုံးအဖြေရနိုင်ဖို့အတွက် ကျနော်တို့ အချက်အလက်အမှန်တွေ ကျနော်တို့ အငြင်းမပွားတဲ့ တကယ့်မြေပြင်မှာရှိနေသော ဘက်မလိုက်သော အချက်အလက်အမှန်တွေကို အကောင်အထည်ဖော်မယ့် လူတွေဆီကို ရောက်သွားဖို့အတွက် လုပ်ခြင်းပါ။ ဒါပေမယ့် တခုတော့ ကျနော်အာမခံချင်တာက ကျနော်တို့ သုံးသပ်ဖို့ မကြိုးစားပါဘူး။ မြေပြင်ကလူတွေ မပါဝင်ဘူးဆိုတဲ့ကိစ္စကို ကျနော်တို့ပြောချင်တာ။ မြေပြင်ကလူတွေက တကယ်ထဲထဲဝင်ဝင်အဓိက ပါမှာ။ သူတို့ဆီကနေပြီးတော့ သူတို့ရဲ့အသံတွေကို ကျနော်တို့က တကယ်ကြားသင့်ကြားထိုက်တဲ့လူတွေစီကို မခြွင်းမချန်ဖြတ်တောက်ခြင်းမရှိပဲနဲ့ ကြားအောင်လုပ်ပေးမှာပါ။”

အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပံ့ပိုးရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် မြေပြင်အခြေအနေတွေ ကိုလေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ ကိုဖီအာနန်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက် မှာဖြစ်ပြီးကော်မရှင်ဥက္ကဌအဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်ဆုရှင် ကိုဖီအာနန်က တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ ရခိုင်ဒေသက အခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလာဖို့အတွက် ဘက်လိုက်မှုကင်းပြီးအတွေ့အကြုံရင့်ကျက်သူတစ်ဦးကိုဦးဆောင်စေတာဖြစ်တယ်လို့ ဦးအေးလွင်ကရှင်းပြပါတယ်။

“ကိုဖီအာနန် ဆိုတာလည် အပြည်ပြည်ဆိုင်ရာ အရေးအခင်းမှာ ပြဿနာရပ်များကို ဖြေရှင်းတဲ့ အတွေ့အကြုံတွေရှိတယ်နောက်ပြီး အင်မတန်ရင့်ကျက်တဲ့ သံတမန်ကြီးတဦး ဖြစ်ပါတယ်။ အဲဒါအပြင်ကို သူ့လူမျိုးကော၊ သူ့ဘာသာကရော ဗုဒ္ဓဘာသာလည်းမဟုတ်ဘူး၊ အစ္စလာမ်လည်း မဟုတ်ဘူး နောက်ပြီးတော့ လူမျိုးကလည်း အာဖရိကတိုက်သားဖြစ်တဲ့ အတွက်ကြောင့် Third Party Intervention ခေါ်တာပေါ့လေ၊ ကြားလူ တတိယအုပ်စုက ဖြန်ဖြေရေးဆိုတဲ့နေရာမှာ အများကြီးပဲ ကျနော်တို့ အသုံးဝင်ပါတယ်။ နောက်ပြီးတော့ အရေးကြီးဆုံးအချက်က မြန်မာပြည်ရဲ့ပုံရိပ်ဟာ အထူးသဖြင့် ရခိုင်ဒေသနဲ့ ပတ်သက်လို့ ကမ္ဘာမှာ အမျိုးမျိုးအမြင်မြင်ရှိနေတယ်။ အဲဒီ ပုံရိပ်ဆိုတာကို ကျနော်တို့ ပြင်ချင်လို့ရှိရင် အပြည်ပြည်ဆိုင်ရာက သြဇာညောင်းတဲ့ သမာသမတ်ရှိတဲ့ လူတွေရဲ့အခန်းကဏ္ဍမပါပဲနဲ့ မြန်မာပြည်က လူတွေပြောနေတာကို ဘယ်လိုမှ ယုံကြမှာမဟုတ်ဘူး။ အရင်ကလည်းပြောခဲ့တယ် ဘယ်သူမှ မယုံပါဘူး။ အဲဒီတော့ ယုံကြည်မူရှိလာအောင် သမာသမတ်ရှိတဲ့ ကြားနေ နိုင်ငံခြားက ပုဂ္ဂိုလ်ရဲ့ အခန်းကဏ္ဍ က အင်မတန်အရေးကြီးပါတယ်။ မရှိမနေ လိုအပ်ပါတယ်။”

ကော်မရှင်အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယကဒေါက်တာသာလှရွှေ ၊ မြန်မာနိုင်ငံဆရာဝန်များအသင်း ကဒေါက်တာမြသီတာ၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အသင်း (ရန်ကုန်) ဥက္ကဌဒေါ်စောခင်တင့်၊ တို့နဲ့အတူကုလသမဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးဟောင်း ဂါဆန်ဆလမ်၊ ဗြိတိန်နိုင်ငံ ဆိုင်ရာနယ်သာလန် သံအမတ်ကြီးဟောင်းလက်တီတီရာဗန်ဒန် အာဆမ် တို့အပါ အဝင် မြန်မာနိုင်ငံသား ၆ ဦး၊ နိုင်ငံခြားသား ၃ ဦး တို့နဲ့ ဖွဲ့စည်း လိုက်တာပါ။

ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို စက်တင်ဘာလဆန်းမှာ စတင်သွားဖို့ရှိပြီးမြေပြင် အခြေအနေတွေကိုလေ့လာပြီး ၁၂ လအတွင်းအစီရင်ခံစာတစ်ရပ် ထုတ်ပြန် သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG